ရှေးဟောင်းပစ္စည်းတွေကို ချစ်တဲ့ ကျွန်တော်


ကျွန်တော် ရှေးဟောင်းပစ္စည်းတွေကို ချစ်ပါတယ်။ ကိုယ့်တိုင်းပြည်ကိုယ်လူမျိုးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဖြစ်နေတာနဲ့ ဒါတွေကို တန်ဘိုးထားရမယ်ဆိုတဲ့ အသိကြောင့်မို့လို့လားတော့ ကျွန်တော်မပြောတက်ပါဘူး။ ဒါပေမယ့် အခုတင်ထားတဲ့ပုံထဲက ပစ္စည်းတွေကတော့ ရှေးဟောင်းပစ္စည်းအစစ်အမှန်တွေ မဟုတ်ပါဘူး။ စူဠာမဏီဘုရားရဲ့ အ၀င်ဝမှာ ရောင်းချနေတဲ့ နယူးအန်းတစ်လို့ခေါ်တဲ့ ရှေးဟောင်းပစ္စည်းပုံစံ အသစ်ပြုလုပ်ထားတဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်။ ဒီပစ္စည်းတွေက ရှေးဟောင်းပစ္စည်းအစစ်အမှန်တွေလောက် တန်ဘိုး မရှိဘူးဆိုတာမှန်ပေမယ့်လည်း ကျွန်တော်တို့လူမျိုးရဲ့ ယဉ်ကျေးမှုအငွေအသက်တွေအများကြီးပါဝင်နေတာကြောင့် ကျွန်တော့် ဘလော့ခ်လေးမှာ တင်ပြပေးထားလိုက်ရပါတယ်။ ဒီပစ္စည်းတွေထဲက တော်တော်များများဟာ ရှေးဟောင်းပစ္စည်းအစစ်အမှန်တွေကို မှိုကူးပြီး ပြန်လည်ထုဆစ်ထားတဲ့ ရုပ်လုံး၊ ရုပ်ကြွတွေဖြစ်တာကြောင့် မြန်မာပြည်ကို လွမ်းနေကြတဲ့ မြန်မာများအတွက် စိတ်အစာကို ပြေစေနိုင်မယ်လို့ ကျွန်တော်ယူဆမိပါတယ်။

အံ့ဘုန်းမြတ်

apm_bagan_08

apm_bagan_01

bagan_02

apm_bagan_03

apm_bagan_04

apm_bagan_05

apm_bagan_06

apm_bagan_07

ကျွန်တော်ကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများဖြစ်တဲ့အတွက် လွတ်လပ်စွာဖြင့် ကူးယူဖော်ပြနိုင်ကြပါတယ်။

Leave a comment