Lincoln’s Dilemma (2022) (S1-E1)(မြန်မာစာတမ်းထိုး)


● ဒီကနေ့မှာတော့ နိုင်ငံရေးခေါင်းစဉ်အမျိုးမျိုး၊ နည်းလမ်တွေအဖုံဖုံနဲ့ “တော်လှန်ရေး” ဆိုတာကြီးကို မတူကွဲပြားတဲ့ ရပ်တည်မှု ရှု့ဒေါင့်အသီးသီးကနေ ရင်ဆိုင်-ကြုံတွေ့-ဖြတ်သန်း-ဆင်နွှဲနေကြတဲ့ သူတွေအားလုံးရဲ့ လောကအမြင်အလို့ငှာ – အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ ကြိမ်မြောက် သမ္မတကြီး အာဗရာဟမ်လင်ကွန်း (Abraham Lincoln) ရဲ့ နိုင်ငံရေး ရုန်းကန်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ Lincoln’s Dilemma (2022) လို့ခေါ်တဲ့ ဇာတ်လမ်းတွဲ မှတ်တမ်းရုပ်ရှင် (Documentary Series)  ကို မျှဝေ တင်ဆက်ပေးလိုက်ရပါတယ်။

● “လင်ကွန်းရဲ့ အကြပ်အတည်း” လို့ မြန်မာအဓိပ္ပါယ်ရတဲ့ Lincoln’s Dilemma (2022) ဇာတ်လမ်းတွဲ မှတ်တမ်းရုပ်ရှင် (Documentary Series) ကို သီးခြားခေါင်းစဉ်ခွဲတွေ ပေးထားတဲ့ အပိုင်း (၄) ပိုင်း ပါဝင်တဲ့ မီနီစီးရီး (Miniseries) အဖြစ် Apple TV +  ကနေ ရိုက်ကူးထုတ်လုပ်ထားပြီး ပြီးခဲ့တဲ့ သတင်းပတ် (ဖေဖော်ဝါရီလ (၁၆) ရက်) ကမှ ကမ္ဘာနဲ့အဝှမ်းမှာ စတင်ထုတ်လွှင့်ပြသ ဖြန့်ချိနေတာဖြစ်ပြီး အလွန်ကို လူကြိုက်များ ရေပန်းစားနေတာပါ။

တစ်ရက်ကို (၁) ပိုင်းနှုူန်းနဲ့ နေတိုင်း တင်ပေးမယ်

Apple TV +  ရဲ့ Lincoln’s Dilemma (2022)

● ဆိုတော့ အခုတင်ဆက်ပေးမယ့် Apple TV +  ရဲ့ Lincoln’s Dilemma (2022) မထွက်ခင် လပိုင်းအလို၂၀၂၁ နှစ်ကုန်ပိုင်းတုန်းကလည်း  CNN ရုပ်/သံလိုင်းကြီးကနေ ရိုက်ကူးထုတ်လုပ် ဖြန်ချိခဲ့တဲ့ Lincoln – Divided We Stand (2021) ဇာတ်လမ်းတွဲ မှတ်တမ်းရုပ်ရှင် (Documentary Series)  တစ်ခုလည်းရှိနေတာပါ။

● CNN က ထုတ်တဲ့ Lincoln – Divided We Stand (2021) မှာတော့ သမ္မတကြီး အေဗရာဟမ်လင်ကွန်း (Abraham Lincoln) ရဲ့ ထူးခြားတဲ့ ဘဝဖြတ်သန်းမှုတွေ၊ အဲ့ဒီထဲက သူရဲ့ အထင်ကရ ဘဝရုန်းကန်မှုတွေနဲ့အတူ လုပ်ကြံ သတ်ဖြတ်တာ ခံခဲ့ရတဲ့အထိ သူရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေအကြောင်းတွေကို အပိုင်း (၆) ပိုင်းနဲ့ ဖန်တီးပုံဖော် ရိုက်ထူးတာပါ။

CNN က ထုတ်တဲ့ Lincoln – Divided We Stand (2021)

● နှစ်ခုစလုံးကတော့ “သတင်းစာပညာရဲ့ အနုပညာ” (The Art of Journalism) လို့ ဆိုရမယ့် ရုပ်/သံသတင်းပညာ (Broadcast Journalism) နဲ့ အထူးဖန်တီး ထုတ်လုပ်ထားတဲ့ ဒီမှတ်တမ်းရုပ်ရှင် (Documentary Series)  ထဲက သီးခြားအကြောင်းအရာတွေအလိုက် ခေါင်းစဉ်တွေပေးထားတဲ့ ဇာတ်ကား အပိုင်း (၄) ပိုင်းကို တစ်ရက် တစ်ပိုင်းနှုန်းနဲ့ ရုပ်ရှင်အညွှန်းတွေအပြင် မြန်မာစာတမ်းထိုးထားတဲ့ ရုပ်ရှင်ဖိုင်တွေရဲ့ Download Link တွေကိုပါ တင်ပေးသွားမှာလည်း ဖြစ်ပါတယ်။

—————————————

“လောကအမြင်” နဲ့သာ လူ့အဖွဲ့အစည်းကို ပြုစုပျိုးထောင်နိုင်မှာ

—————————————

● ဆိုတော့ ဒီနေရာမှာ တစ်ခု အလေးအနက်ထား ပြောလိုတာလေး ရှိနေပါတယ်။ ဒါကတော့ အခုလို ရုပ်ရှင်တွေကို တင်တဲ့အခါမှာ အင်မတန်တင်းကြပ် ပြင်းထန်လှတဲ့ နိုင်ငံတကာရဲ့ မူပိုင်ခွင့် (Copyright) ဆိုင်ရာ စည်းမျဉ်း စည်းကမ်း ဥပဒေတွေ ရှိလှပါတယ်။

● ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း တင်းကြပ်စွာ စောင့်ထိန်းလိုက်နာတဲ့ မူပိုင်ခွင့် (Copyright) ဆိုင်ရာ ကျင့်ဝတ်တွေရှိပေမယ့်လည်း “သတင်းစာပညာရဲ့ အနုပညာ” (The Art of Journalism)  နဲ့ ဖန်တီးထားတဲ့ အနုပညာပစ္စည်းတွေက ပေးတဲ့ “လောကအမြင်” တွေနဲ့သာ လူအဖွဲ့အစည်းကို ပြုစုပျိုးထောင်မှု ပြုနိုင်မှာဖြစ်တာကြောင့် အခြားရွေးချယ်စရာ မရှိတဲ့ အခြေအနေမျိုး ဖြစ်နေလို့သာ ဒီလိုတွေ ပြန်လည်ဝေမျှ ပေးနေရတာပါဆိုတာကို အလေးအနက် သိစေလိုတာဖြစ်ပါတယ်။

—————————————

အဖိုးအခမပေးရတဲ့ အခမဲ့တွေကို တန်ဘိုးထားတတ်ဖို့

—————————————

● အဲ့ဒီလိုတွေ ပြောနေရတာဟာ သက်သက်မဲ့အဖိုးတန်ပြနေတာမျိုးတွေမဟုတ်ပါဘူး။ လက်တွေ့မှာဆိုရင်တော့ ဒီလိုဇာတ်မျိုးတွေကို ထွက်ထွက်ချင်း ကြည့်ချင်ကြတယ်ဆိုရင်တော့ Apple TV +  တို့ HBO တို့ Netflix လို အခပေး ရုပ်/သံ ပလပ်ဖောင်းတွေမှာ လပေးအနေနဲ့ အဖိုးအခပေးပြီးတော့မှ ကြည့်ရှုလို့ ရကြမှာပါ။ ဒါတောင် မြန်မာစာတမ်း ထိုးပြီးသားကို ကြည့်ရဖို့က မလွယ်လှသေးပါဘူး။

● အကြိမ်ကြိမ် ပြန်ကြည့်နိုင်ကြဖို့ဆိုတာကလည်း တချို့ ပလပ်ဖောင်းတွေမှာဆိုရင် အကြိမ်အရည်အတွက်နဲ့ ငွေတွက် ယူတာမျိုးတွေ ရှိတဲ့အပြင် နောက်ဆုံး ကုန်ကုန်ပြောရရင် ဒေတာအင်တာနက်ဖိုးတောင် အခု တတ်သွားတဲ့ Mobile Internet Date ဈေးနှုန်းမျိုးနဲ့က လွယ်မှာ မဟုတ်တာမျိုးတွေပါ။ အခုလို ကျွန်တော်တို့ အနေနဲ့ ဉာဏနဲ့ ဝါယမစိုက်ထုတ် အချိန်ကုန်ခံပြီး အခမဲ့မျှဝေပေးနေပေမယ့်လည်း ကျွန်တော်တို့မှာ ဘာအကျိုးအမြတ်မှ မရှိ၊ မရပဲ ကြားက အင်တာနက်နဲ့ ဖုန်းကုမ္ပဏီနဲ့ Facebook လို ပလပ်ဖောင်းမျိုးတွေကသာ အကျိုးအမြတ် ရနေကြတာမျိုးဆိုတာကိုလည်း အင်မတန်သိစေချင်တာပါ။

● ဆိုတော့ Apple Store တို့ Play Store တို့မှာ ငွေရှိဖို့၊ Account ထဲမှာ ရှိတဲ့ငွေနဲ့သာ Mobile Legends ဂိမ်းလိုမျိုးတွေကို ဆော့ဖို့နဲ့ အွန်လိုင်းလောင်းကစားမျိုးစုံ၊ ကုန်ကုန်ပြောရရင် ဖုန်းဘေလ် ၃၀၀၀ လွှဲပေးပြီး Sex Chat ကိုသာ လုပ်ရင် လုပ်နေကြမှာ ဖြစ်ပေပါမယ် ဒီလို ရုပ်ရှင်တွေကို အခငွေပေးပြီး တခုပ်တရကြည့်ကြဖို့နဲ့ ဒီမိုကရေစီရဲ့ အသက်သွေးကြောဖြစ်တဲ့ လွတ်လပ်တဲ့ပုဂ္ဂလိက သတင်းမီဒီယာတွေကို သတင်းစာဝယ်ဖတ်သလို အနည်းငယ်လောက်သာ တန်ကြေးရှိတဲ့ လစဉ်ကြေးမျိုးပေးပြီး ကြည့်ကြဖို့ဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမျိုးမှာ စိတ်ကူးနဲ့တောင် ယဉ်ကြည့်လို့ မရနိုင်သေးတဲ့ အခြေအနေမျိုးပါ။

● ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ကတော့ အမျိုးသားပညာဝန် ဆရာကြီး ဦးဖိုးကျားရေးခဲ့တဲ့ “အခမဲ့ ကူလီ ထမ်းချင်းရဲ့ အကျိုး” ထဲကလိုမျိုးပဲ ကျွန်တော်တို့ ဘယ်လိုလူ့အဖွဲ့အစည်းမှာ ဘယ်လို ဘဝကို ဖြတ်သန်း ရှင်သန် ခဲ့ရတယ်ဆိုတာလေးတွေကိုပဲ မှတ်တမ်းမှတ်ရာ အထောက်အထား ခြေရာလက်ရာလေးတွေဖြစ် ကျန်ရစ်ခဲ့ဖို့ဆိုတဲ့ သာမညရည်မှန်းချက်လေးတွေ ရှိနေမိတာဖြစ်ပါတယ်။

—————————————

ပထမဆုံး တင်ဆက်ပေးလိုက်ရတဲ့ အတွဲ (၁) အပိုင်း (၁)

—————————————

● ဆိုတော့ ကျွန်တော် လေကြော ရှည်နေတာတွေကို လျှော့ပြီး ဒီကနေ့ ပထမဆုံး မျှဝေတင်ဆက်ပေးလိုက်တဲ့ Lincoln’s Dilemma (2022)  အတွဲ (၁) အပိုင်း (၁) အကြောင်းကို စတင်လိုက်ရတော့မယ်ဆိုရင်တော့  လင်ကွန်းကြုံတွေ့ ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေထဲက ကျွန်ဆန့်စနစ်ကျင်ရေး ကိုယ်စားလှယ် လောင်းဘဝမှာ တွေ့ကြုံရင်ဆိုင်ခဲ့ပြီး အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့တဲ့ အကြောင်းအရာတွေကို အဓိက တွေ့မြင်ကြရ မှာပါ။

“ကျွန်ဆန့်စနစ်ဆန့်ကျင်ရေး ကိုယ်စားလှယ် လောင်း” (The Anti-Slavery Candidate) လို့ အမည်ပေးထားတဲ့ အတွဲ (၁) အပိုင်း (၁) ရဲ့ အဖွင့်ဇာတ်ဝင်ခန်းကိုတော့ ၂၀၂၀ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဂျိုးဘိုင်ဒင်ရဲ့မဲတွေကို လွှတ်တော်မှာ အတည်ပြုဖို့ ဆောင်ရွက်နေစဥ် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှာ သမ္မတထရမ့်ကို ထောက်ခံသူတွေက ဝါရှင်တန်ဒီစီရှိ ကွန်ဂရက်လွှတ်တော်ကို အကြမ်းဖက်ဝင်ရောက်စီးနင်း ခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်နဲ့ စတင်ထားတာပါ။

● ဒီဖြစ်အပျက်ကို အခြေပြုပြီး လူများစု (သို့) လူစုလူဝေးကြီးတွေရဲ့ ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှု၊  တန်းတူညီမျှရေးအပေါ် ခြိမ်းခြောက်မှု၊ နောက်ဆုံး နိုင်ငံရေးအရ မတူကွဲပြားမှုတွေအပေါ်ကိုပါ ကျူးလွန်တဲ့ ခြိမ်းခြောက်မှုတွေအဖြစ် ပညာရှင်သီးသီးရဲ့ ကောက်ချက်ချမှုတွေနဲ့ စတင်ဖွင့်လှစ်ထားတာပါ။

—————————————

အမေရိကန် သမိုင်းထဲက “ဒီမိုကရေစီ ခြိမ်းခြောက်ခံရမှု” တွေ

—————————————

● ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးရဲ့သမိုင်းမှာ အဲ့ဒီလို “ဒီမိုကရေစီ ခြိမ်းခြောက်ခံရမှု” မျိုးတွေကို ဘယ်လိုဘယ်ပုံတွေ ဖြစ်ပေါ်ရင်ဆိုင် ကြုံတွေ့ခဲ့ရတယ်၊ ကြုံတွေ့ခဲ့ကြရတဲ့ “ဒီမိုကရေစီ ခြိမ်းခြောက်ခံရမှု” တွေကို ဘယ်လိုတွေ ရင်ဆိုင် ကိုင်တွယ် ဖြေရှင်းခဲ့ကြရတယ် စတာတွေကို ဒီရုပ်ရှင်ကနေ လောကအမြင်တွေအဖြစ် သင်ယူရရှိနိုင်ကြမှာလည်း ဖြစ်ပါတယ်။

● ဆိုတော့ ၁၇၈၈ ခုနှစ်မှာ စတင်အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပေါ်ပေါက်လာတဲ့ ကွန်ဂရက်လွှတ်တော်တွေရဲ့ သမိုင်းတွေနဲ့အတူ ၁၇၈၉ ခုနှစ်မှာစတင်ခဲ့တဲ့ ပထမဆုံး သမ္မတ ဂျော့ချ် ဝါရှင်တန်ကနေ မျက်မှောက်ခေတ် ၄၆ ယောက်မြောက် လက်ရှိသမ္မတ  ဂျိုးဘိုင်ဒင် (Joe Biden) အထိ နှစ်ပေါင်း ၂၃၄ နှစ်ကြာ ကာလအတွင်း သမ္မတ (၄) ဦး လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ကြရတဲ့အထိ ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တာပါ။

—————————————

ခြိမ်းခြောက် ခံရယုံတင်မက လုပ်ကြံသတ်ဖြတ်တာပါ ခံကြရ

—————————————

● ဆိုတော့ နှစ်ပေါင်း ၂၃၄ နှစ်ကြာကာလ ၄၆ ယောက်သော သမ္မတကြီးတွေထဲက အာဗြဟံလင်ကွန်း( Abraham Lincoln) (၁၈၀၉-၁၈၆၅)  အသက် (၅၆) နှစ်၊ ဂျိမ်း အေ ဂါဖီး (James A. Garfield) (၁၈၃၁-၁၈၈၁)  အသက် (၄၉) နှစ်၊ ဝီလျံ မက်ကင်လေ (William McKinley) (၁၈၄၃-၁၈၉၇)  အသက် (၅၈) နှစ်၊ ဂျွန် အက်ဖ် ကန်နေဒီ (John F. Kennedy) (၁၉၁၇-၁၉၆၃) အသက် (၄၆) နှစ် စတဲ့ သမ္မတကြီး (၄) ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ကြရတာဖြစ်ပါတယ်။

● အဲ့ဒီထဲက ပထမဆုံး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ သမ္မတကြီး အာဗြဟံလင်ကွန်း( Abraham Lincoln) (၁၈၀၉-၁၈၆၅)  အသက် (၅၆) နှစ်ဟာဆိုရင် ကျွန်ဆန့်စနစ်ဆန့်ကျင်ရေး ကိုယ်စားလှယ်လောင်း (The Anti-Slavery Candidate)အနေနဲ့ သမ္မတလောင်းအဖြစ် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာကနေ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ မဲဆန္ဒနယ်ကနေ ကွန်ဂရက်လွတ်တော်တွေဆီ လာတဲ့ ခရီးလမ်းတလျှောက်လုံးမှာ လုပ်ကြံသတ်ဖြတ်ဖို့ ခြိမ်းခြောက်မှုတွေကို အကြိမ်ကြိမ်ခံခဲ့ရသူ တစ်ဦးပါ။

—————————————

ထိုးထွင်းဆင်ချင်သိမြင်မှု (Intellectual) နဲ့သာ ကျော်လွှားနိုင်မှာ

—————————————

●  ဒီလို “ဒီမိုကရေစီ ခြိမ်းခြောက်ခံရမှု” အကြပ်အတည်းတွေကို  ကြုံတွေ့ရင်ဆိုင်ကြရတဲ့အခါမျိုးတွေမှာ ဘယ်လို ထိုးထွင်းဆင်ချင်သိမြင်မှု (Intellectual) တွေနဲ့ ရင်ဆိုင်ကျော်လွှားကြရတယ်ဆိုတာတွေကို သမ္မတကြီး လင်ကွန်း (Lincoln) ကိုယ်တိုင်အပြင် သူ့ရဲ့မိတ်ဆွေ အမေရိကန်နိုင်ငံရေးသမိုင်းထဲက အထင်ကပုဂ္ဂိုလ် အာဖရိက-အမေရိကန် လူမှုရေး ပြုပြင်ပြောင်းလဲရေးသမား၊ စာရေးဆရာနဲ့ နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်တဲ့ ဖရက်ဒရစ် ဒေါက်ဂလပ်စ် (Frederick Douglass) ရဲ့မှတ်ချက်တွေကိုလည်း လောကအမြင်တွေအဖြစ် တွေ့မြင် သင်ယူနိုင်ကြမှာဖြစ်ပါတယ်။

●  ဒါအပြင် အမေရိကန်နိုင်ငံရေးသမိုင်းကို အထူးကျွမ်းကျင်ကြတဲ့ အထင်ကရ မျက်မှောက်ခေတ် စာနယ်ဇင်းသမားတွေ၊ လင်ကွန်းဗေဒကို အထူးပြုလေ့လာနေတဲ့ ပညာရှင်တွေနဲ့အတူ အခြားဘာသာရပ် နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ “ဒီမိုကရေစီ ခြိမ်းခြောက်ခံရမှု” တွေပေါ် တွေ့မြင်သုံးသပ်ချက်ပေါင်း များစွာကိုလည်း တွေ့မြင်သင်ယူနိုင်ကြမှာဖြစ်လို့ ချက်ချင်းသာ Lincoln’s Dilemma (2022) (Documentary Series)  (Season 1 Episode 1) (မြန်မာစာတမ်းထိုး ရုပ်ရှင်) ကို Download ယူပြီး ကြည့်လိုက်ကြပါတော့လို့ ပြောရင်း အဆုံးသတ်လိုက်ရပါတယ်။

—————————————

ABM 23FEB2022 234000 PM

—————————————

Lincoln’s Dilemma (2022) (Documentary Series)  (Season 1 Episode 1) (မြန်မာစာတမ်းထိုးရုပ်ရှင်)

—————————————

Original title –  Lincoln’s Dilemma 2022 (TV Series)

—————————————

Cast

● Documentary, ● Jeffrey Wright, ● Leslie Odom Jr., ● Bill Camp

—————————————

Director

● Barak Goodman ●  Jacqueline Olive

—————————————

Screenwriter / Book:

● David S. Reynolds

—————————————

Music

● Osei Essed, ● Saul Simon ● MacWilliams

—————————————

Cinematography

● Bill Winters

Producer

● Eden Productions, ● Kunhardt Films. ● Distributor: Apple TV+

—————————————

Genre

● Documentary. ● TV Series | ● Historical Documentaries. ● Historical. Slavery

—————————————

Movie Groups

● U.S. Presidents (Biopics)

—————————————

Lincoln’s Dilemma (2022) (S1-E1)

● Megaup Download Link

Download Lincolns.Dilemma.S01E01.720p.ATVP.WEBRip.x264-GalaxyTV.mp4 from MegaUp

—————————————

● Blog URL Link –

Leave a comment