Cheaper by the Dozen (2022)  (မြန်မာစာတမ်းထိုးရုပ်ရှင်)


◉  ဒီကနေ့တော့ ဖက်ဒရယ်ပြည်ထောင်စုတို့.. အမျိုးသားတန်းတူ ညီမျှရေးတို့.. စတဲ့ ခက်ခဲနက်နဲ လှတဲ့ နိုင်ငံရေးအယူအဆတွေ.. သီအိုရီတွေ… သဘောတရားတွေ… စတာကို အလွယ်တကူ နားလည် သဘောပေါက်နိုင်ကြစေမယ့် အမေရိကန် မိသားစု ဟာသ ရုပ်ရှင်ဇာတ်ကားလေး တစ်ကားကို မျှဝေ တင်ဆက်ပေးလို ပါတယ်။ ◉  "ဒါဇင်လိုက် အများဈေးနဲ့က စျေးပိုသက်သာတယ်" လို့ မြန်မာလိုဆီလျှော်အောင် ဘာသာပြန်ဆို ရမယ့် Cheaper by the Dozen (2022) ရုပ်ရှင်ကို ကမ္ဘာ့ ပြဇာတ်နဲ့ ရုပ်ရှင် သမိုင်းကြောင်းမှာ အစဉ်အလာကြီးမားလှတဲ့ ဘရော့ဒ်ဝေး (Broadway) ပြဇာတ်ရုံအုပ်စုနဲ့ ဒစ္စနေး (Disney) ရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းတည်ထောင်ထားတဲ့ ဒစ္စနေးပလပ်စ် (Disney +)  နဲ့အတူ တခြား အိမ်တာယာရောက်... Continue Reading →

Lincoln’s Dilemma (2022) (S1-E2) (So You See, The Man Moves) (မြန်မာစာတမ်းထိုးရုပ်ရှင်)


● ဒီကနေ့မှတော့ Lincoln's Dilemma (2022) ဇာတ်လမ်းတွဲ မှတ်တမ်းရုပ်ရှင် (Documentary Series)  ရဲ့ “ရွေ့ပြောင်းနေတဲ့ လူတွေကို တွေ့မြင်ရာက..” လို့ မြန်မာလို စီလျှော်တဲ့အဓိပ္ပါယ်ရတဲ့ (So You See, The Man Moves) လို့ အမည်ပေးထားတဲ့ (အတွဲ-၁ ၊  အပိုင်း-၂) (Season -1 , Episode-2) ရဲ့ မြန်မာစာတမ်းထိုး ဇာတ်ကားကို မျှဝေ တင်ဆက်ပေးလိုက်ရပါတယ်။ ● ဒီအပိုင်းမှာတော့ ထောင်ပေါင်းများစွာသော လူမည်းကျွန်တွေဟာ နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေကနေ မြောက်ပိုင်း ဒေသတွေဆီကို ထွက်ပြေးရွေ့ပြောင်းနေကြရတဲ့ - | မြောက်ပိုင်းဖယ်ဒရယ်ယူနီယံ (ပြည်ထောင်စု) တပ်တွေနဲ့ တောင်ပိုင်း ခွဲထွက် (ကွန်ဖက်ဒရေစီ) တပ်တွေ အကြား... Continue Reading →

Lincoln’s Dilemma (2022) (S1-E1)(မြန်မာစာတမ်းထိုး)


● ဒီကနေ့မှာတော့ နိုင်ငံရေးခေါင်းစဉ်အမျိုးမျိုး၊ နည်းလမ်တွေအဖုံဖုံနဲ့ “တော်လှန်ရေး” ဆိုတာကြီးကို မတူကွဲပြားတဲ့ ရပ်တည်မှု ရှု့ဒေါင့်အသီးသီးကနေ ရင်ဆိုင်-ကြုံတွေ့-ဖြတ်သန်း-ဆင်နွှဲနေကြတဲ့ သူတွေအားလုံးရဲ့ လောကအမြင်အလို့ငှာ - အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ ကြိမ်မြောက် သမ္မတကြီး အာဗရာဟမ်လင်ကွန်း (Abraham Lincoln) ရဲ့ နိုင်ငံရေး ရုန်းကန်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ Lincoln's Dilemma (2022) လို့ခေါ်တဲ့ ဇာတ်လမ်းတွဲ မှတ်တမ်းရုပ်ရှင် (Documentary Series)  ကို မျှဝေ တင်ဆက်ပေးလိုက်ရပါတယ်။ ● "လင်ကွန်းရဲ့ အကြပ်အတည်း" လို့ မြန်မာအဓိပ္ပါယ်ရတဲ့ Lincoln's Dilemma (2022) ဇာတ်လမ်းတွဲ မှတ်တမ်းရုပ်ရှင် (Documentary Series) ကို သီးခြားခေါင်းစဉ်ခွဲတွေ ပေးထားတဲ့ အပိုင်း (၄) ပိုင်း ပါဝင်တဲ့ မီနီစီးရီး... Continue Reading →

Edge of the World (2021) (မြန်မာစာတမ်းထိုးရုပ်ရှင်)


● ဒီကနေ့မှာတော့ ၁၈၂၄ ခုနှစ်ကနေ ၁၈၂၆ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ “ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ” (The First Anglo-Burmese War) အပြီးနောက်ပိုင်း  အာဆီယံဒေသတွင်း (အထူးသဖြင့်) အင်ဒိုချိုင်းနား ကျွန်းစွယ်တလျှောက်က ခေတ်ပြိုင်အခြေအနေတွေကို တွေ့မြင်ကြရမယ့် Edge of the World (2021) ရုပ်ရှင် အကြောင်းကို တင်ဆက်ပေးလိုက်ရပါတယ်။ ● “ကမ္ဘာရဲ့ အစွန်အဖျား" လို့ အဓိပ္ပါယ်ရတဲ့ ဒီရုပ်ရှင်ဟာ ၁၈၂၆ ခုနှစ်မှာ ရန္တပိုစာချုပ်နဲ့ စစ်ပြေငြိမ်းခဲ့တဲ့ “ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ” (The First Anglo-Burmese War) ရဲ့ ၁၈၂၅  ခုနှစ်၊ အာသံ စစ်မျက်နှာပြင်မှာ စစ်သူကြီး မဟာဗန္ဓုလရဲ့ တပ်တွေနဲ့ ရင်ဆိုင်ခဲ့ရာက ဒဏ်ရာ ပြင်းထန်ရရှိခဲ့တဲ့... Continue Reading →

The Children of Huang Shi (2008) (မြန်မာစာတမ်းထိုးရုပ်ရှင်)


● ဒီကနေ့တော့ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်လိုကြတဲ့ သူတွေအတွက် ဖက်ဆစ်စစ်တပ်တို့ရဲ့ ဖခင်ကြီး ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကာလက ဖက်ဆစ်ဂျပန်တွေနဲ့ သူတို့ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေ အကြောင်း သမိုင်းဖြစ်ရပ်မှန်တွေကို ဖော်ထုတ် ရိုက်ကူးထားတဲ့ The Children of Huang Shi (2008) မြန်မာစာတမ်းထိုး ဇာတ်ကားနဲ့အတူ ရုပ်ရှင်နဲ့ ဆက်စပ်နေတဲ့ သမိုင်းကြောင်း နောက်ခံအကြောင်းအရာတွေကို  မျှဝေပေးလိုက်ရပါတယ်။ ● ဒုတိယ-တရုတ်-ဂျပန်စစ်ပွဲ  (1937–1945) ကာလတွေက ဗြိတိန်လူစွန့်စား လူငယ် သတင်းထောက် ဂျော့ခ် ဟော့ဂ်ျ  (George Hogg) ကိုယ်တိုင် ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့  အဖြစ်အပျက်တွေကို ကနေဒါရုပ်ရှင်ဒါရိုက်တာ ရော်ဂျာ စပေါ့တာစ်ဝုတ်ဒ် (Roger Spottiswoode) က ရိုက်ကူးပုံဖော် ဖန်တီးထားတဲ့ ၁၂၅ မိနစ်ကြာ  ကမ္ဘာစစ်သမိုင်းနောက်ခံ... Continue Reading →

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: