တော်လှန်ရေးနှင့် ပုန်ကန်အုံကြွမှု (Revolution & Rebellion)


နိုင်ငံရေးသိပ္ပံတွင် တော်လှန်ရေး (လက်တင်: Revolutio - "ပြန်လည်လှည့်ပတ်မှု") ဟု အဓိပ္ပါယ် ဖွင့်ဆိုသည်။ အစိုးရကို ဆန့်ကျင်ပုန်ကန်သည့်အခါ ဖြစ်ပေါ်လာသည့် နိုင်ငံရေးအာဏာနှင့် နိုင်ငံရေးအဖွဲ့အစည်း တွင် အခြေခံကျပြီး အတော်အတန် ရုတ်တရက် အပြောင်းအလဲ တစ်ခုဖြစ်သည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖိနှိပ်ချုပ်ချယ်မှုများ (သို့မဟုတ်) နိုင်ငံရေး အရည်အချင်း မပြည့်မီမှုများ ကြောင့် ဖြစ်လေ့ရှိသည်။ https://youtu.be/Dtmwb9PBQl4 REVOLUTION နိုင်ငံတစ်နိုင်ငံတွင် အစိုးရအား ဖယ်ရှားရေးနှင့် အစားထိုးနိုင်ရန် ကြီးမား များပြားသည့် ဘဝတန်ဘိုးပေါင်းများစွာ ရင်းနှီးပေးအပ်ကာ ကြီးမားသော ပြောင်းလဲမှုအတွက် ရုန်းကန်မှုများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခြေအနေ။ အာဏာ လက်ကိုင် (သို့) လက်ခံ အစိုးရတစ်ရပ်အား အစားထိုး ပြောင်းလဲ နိုင်ရန် လူ့အဖွဲ့အစည်း၏... Continue Reading →

ဒီမိုကရေစီနိုင်ငံတော်


ဇော်ဇော်အောင် (ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် ၄၅ မတ်လ ၂၀၁၂) ဒီဝေါဟာရတွေဟာ ပေါ့ပေါ့တန်တန် ပြောလို့မရတဲ့ ဝေါဟာရမျိုးတွေဖြစ်တယ်။ နိုင်ငံတော်ဆိုတာ စကြည့်ကြပါစို့။ နိုင်ငံတော်ဆိုတာ ပထ၀ီဝင်အနေအထားအရ တိတိကျကျသတ်မှတ်ထားတဲ့ နယ်နိမိတ်အတွင်းက နေရာဒေသတစ်ခု၊ အရပ်ဒေသ တစ်ခုကို ခေါ်တယ်။ အဲ့ဒီနေရာဒေသ၊ အရပ်ဒေသရဲ့ နယ်နိမိတ်အတွင်းမှာ နှစ်ရှည်လများ အတူတကွနေထိုင်လာကြတဲ့ လူတွေရှိတယ်။ အဲ့ဒီလူတွေဟာ ဓလေ့ထုံးစံယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်မှု စတာတွေ တူကြတာလည်းရှိတယ်။ မတူကြတာလည်းရှိတယ်။ နိုင်ငံလို့ ယေဘုယျခေါ်တယ်။ နိုင်ငံတော်လို့ ၀ိသေသပြုလည်း ခေါ်တယ်။ နိုင်ငံတော်လို့ ခေါ်လိုက်တဲ့အခါ အဲ့ဒီနိုင်ငံရဲ့ နိုင်ငံရေးအရ ဖွဲ့စည်းထားတဲ့ အစိုးရဆိုတာ ပါဝင်လာပြီ။ အဲ့ဒီအစိုးရအဖြစ် ပါဝင်ဖွဲ့စည်းထားတဲ့ လူတစ်စုရဲ့ လုပ်ပိုင်ခွင့်တွေ၊ အာဏာတွေ၊ အစွမ်းသတ္တိတွေကို စုပေါင်းပြီး နိုင်ငံတော်လို့ ခေါ်လိုက်တာလည်း... Continue Reading →

အစိုးရနိုင်ငံတော်နှင့် ဒီမိုကရေစီအကြောင်း


ထွန်းဇော်ဌေး (ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် ၄၅ မတ်လ ၂၀၁၂) (ငါဟာနိုင်ငံတော်ဖြစ်တယ်။ (I am the State ) လို့ ဟစ်ကြွေးခဲ့တဲ့ သက်ဦးဆံပိုင်တွေကြောင့် ပြည်သူတွေဟာ နိုင်ငံတော်နဲ့ အစိုးကို အတူတူလို့ မြင်လာကြတယ်။ စစ်အာဏာရှင်ပဲဖြစ်ဖြစ် ပစ္စည်းမဲအာဏာရှင်ပဲဆိုဆို တစ်ပါတီအာဏာရှင် လို့ပဲပြောပြော၊ အာဏာရှင်စနစ်အောက်မှာ နှစ်ရှည်ကြာကြာ အိပ်မက်ဆိုးမက်ခဲ့ကြတဲ့ ပြည်သူတွေဟာလည်း နိုင်ငံတော်နဲ့ အစိုးရကို ကွဲကွဲပြားပြားမမြင်ခဲ့ကြဘူး။ ခွဲခွဲခြားခြား မသိနိုင်ခဲ့ကြဘူး။ ဒါ့အပြင် နိုင်ငံတော်တစ်ခုကို ကာလရှည်ကြာကြာ အုပ်စိုးခဲ့တဲ့သူတွေကိုယ်တိုင်ကလည်း သူတို့ကိုယ်သူတို့ (နိုင်ငံတော်နဲ့ တစ်သားတည်းပဲ) လို့ မြင်နေကြတယ်။ အဲ့ဒီအတွက် ကျွန်တော် ဒီစာကို ရေးပါတယ်။ နိုင်ငံတော်ကို State လို့ အင်္ဂလိပ်လို ပြန်ဆိုကြပါတယ်။ တိုင်းပြည်နဲ့ နိုင်ငံကို Country... Continue Reading →

ပုဂံရှေးဟောင်းသုတေသန ပြတိုက်


သူရ (ရှေးသု) မြန်မာနိုင်ငံတွင် ကမ္ပည်းကျောက်စာဌာန ဖွင့်လှစ်ပြီးနောက် ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ၁၉၀၂ ခုနှစ်တွင် ကျောက်စာဝန် မစ္စတာတော်စိန်ခိုက ပုဂံဒေသပတ်ဝန်းကျင်ရှိ ရှေးဟောင်းစေတီ၊ ဂူ၊ ကျောင်းများမှ ရရှိသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ၀တ္ထုပစ္စည်းများနှင့် ကျောက်စာများကိုပြသရန် အာနန္ဒာဘုရား မြောက်ဘက်တွင် ပြတိုက်တည်ဆောက်ပြီး ၁၉၀၄ ခုနှစ်တွင် ပြတိုက်ဖွင့်လှစ်ခဲ့သည်။ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ပြတိုက်၌ ရှေးဟောင်းပစ္စည်းများ တဖြည်းဖြည်း ထပ်မံစုဆောင်းရရှိလာရာ လက်ရှိပြတိုက်တွင် ရှေးဟောင်းကမ္ပည်းကျောက်စာများနှင့် ရှေးဟောင်းပစ္စည်းများကို ပြသရန်နေရာ မလုံလောက်တော့ပေ။ ထို့ကြောင့် ပုဂံမြို့ဟောင်းအတွင်း ကန်တော့ပလ္လင်ဘုရား၏ တောင်ဘက်  (၈.၁၆) ဧက (၃.၃-ဟက်တာ) ကျယ်ဝန်းသော မြေနေရာတွင် ရှစ်မြှောင့်သဏ္ဌာန် ပြတိုက်တစ်ခုနှင့် ထုထည်ကြီးမားသော ရှေးဟောင်းကျောက်စာများ၊ ကျောက်ဆစ်လက်ရာများ ၊ ကျောက်ဖြစ် ရုပ်ကြွင်းများကို ပြသရန်နှင့် ပုဂံမြို့ဟောင်းနှင့်... Continue Reading →

ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေး


ဒေၝက်တာသန်းထွန်း B.A. (Hons), M.A., B.L., Ph.D., D.Lit(london) (အဖွဲ့ဝင်၊ မြန်မာသမိုင်းကော်မရှင်) ရှေးဟောင်းပစ္စည်းကို ရှာတယ်ဆိုတာက အရင်က အဖြစ်အပဵက်တွေကို ဖော်ထုတ်ခဵင်လို့ ဖြစ်ပၝတယ်။ ရှေးပစ္စည်းတွေက ကုန်ခဲ့တဲ့ခေတ်က လူတွေ ဘယ်လိုအစားအစာတွေကို နှစ်သက်မြတ်နိုး စားသောက်ကြ တယ်။ ဘယ်လိုအဝတ်တန်ဆာကို ဝတ်ဆင်ကြတယ်။ ဘယ်လိုနေကြတယ်။ ဘာကို ယံုၾကည္တယ္ဆိုတဲ့ အခဵက္သံုးခဵက္ကို ဖော်ထုတ်ခဵင်လို့ ဖြစ်ပၝတယ်။ အဲဒီလို ရှာဖွေလိုႚတွေ့တဲ့ ပစ္စည်းတွေကို တယုတယထုပ်ပိုးပြီး သိမ်းထားလိုက်တာကတော့ အလွယ်ဆုံးပေၝ့။ ဒၝပေမယ့် ပြတိုက်၊ စာကြည့်တိုက်နဲ့ ပညာရှင်တွေကတော့ ရှေးပစ္စည်းတခုရလာရင် လုပ်ရမယ့်အလုပ်က လေးမျိုးပေၞလာတယ်။ (၁) Identification ဘာပစ္စည်းလဲလိုႚ ဖော်ထုတ်ရမယ်။ (၂) Dating ဘယ်တုံးက ဘယ်သူက၊ ဘာအတွက် လုပ်သွားသလဲလိုႚ ရှာရမယ်။ (၃)... Continue Reading →

Blog at WordPress.com.

Up ↑

%d bloggers like this: