● ဒီကနေ့မှတော့ Lincoln’s Dilemma (2022) ဇာတ်လမ်းတွဲ မှတ်တမ်းရုပ်ရှင် (Documentary Series) ရဲ့ “ရွေ့ပြောင်းနေတဲ့ လူတွေကို တွေ့မြင်ရာက..” လို့ မြန်မာလို စီလျှော်တဲ့အဓိပ္ပါယ်ရတဲ့ (So You See, The Man Moves) လို့ အမည်ပေးထားတဲ့ (အတွဲ-၁ ၊ အပိုင်း-၂) (Season -1 , Episode-2) ရဲ့ မြန်မာစာတမ်းထိုး ဇာတ်ကားကို မျှဝေ တင်ဆက်ပေးလိုက်ရပါတယ်။

● ဒီအပိုင်းမှာတော့ ထောင်ပေါင်းများစွာသော လူမည်းကျွန်တွေဟာ နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေကနေ မြောက်ပိုင်း ဒေသတွေဆီကို ထွက်ပြေးရွေ့ပြောင်းနေကြရတဲ့ – | မြောက်ပိုင်းဖယ်ဒရယ်ယူနီယံ (ပြည်ထောင်စု) တပ်တွေနဲ့ တောင်ပိုင်း ခွဲထွက် (ကွန်ဖက်ဒရေစီ) တပ်တွေ အကြား (၄) နှစ်ကြာဖြစ်ပွားခဲ့တဲ့ အမေရိကန်ပြည်ထောင်စု သမိုင်းမှာ လူပေါင်း ခြောက်သိန်း နှစ်သောင်းလောက်ရဲ့ အသက်-ဘဝ-ခန္ဓာတွေ အများဆုံး ပေးဆပ်ခဲ့ကြရတဲ့ | – အမေရိကန်ပြည်တွင်းစစ်ကြီး ပြီးဆုံးခါနီး အချိန်တွေကို အဓိက ပုံဖော်ထားတာပါ။
● ဒီလိုပုံဖော်ရာမှာတော့ အဲ့ဒီကာလတွေက သမ္မတကြီး အေဘရာဟမ် လင်ကွန်း ( Abraham Lincoln) ကိုယ်တိုင် အသည်းအသန် ရုန်းကန်ခဲ့ရတဲ့ ပြည်တွင်းစစ်ကြီး အဆုံးသတ်နိုင်ရေးနဲ့အတူ ဘယ်လို နိုင်ငံရေး ပြဿနာတွေ၊ အကြပ်အတည်းတွေကို တပြိုင်နက်တည်း အပြိုင်ရင်ဆိုင်နေရလဲဆိုတာတွေကိုပါ ဒီအပိုင်းမှာ အဓိက တွေ့မြင်ကြရမှာဖြစ်ပါတယ်။
● ပြည်တွင်းစစ်ကြီး အဆုံးသတ်နိုင်ရေးနဲ့အတူ အပြိုင် ပြင်းထန်တဲ နိုင်ငံရေးရုန်းကန်မှုတွေကတော့ ပြည်ထောင်စု ပြန်လည် ပေါင်းစည်းရေးနဲ့ ပြန်လည်ထူထောင်ရေးအပြင် ကျွန်စနစ်ဖျက်သိမ်းရေးနဲ့ လူမည်း နိုင်ငံသားတွေရဲ့ အမျိုးသားတန်းတူညီမျှရေး ဆိုတာတွေ အဓိကပါဝင်နေတာပါ။

● သမ္မတအဖြစ် စတင်ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ၁၈၆၁ ခုနှစ်က စလို့ “တပ်ပျက်မှာ ဗိုလ် ခန့် ခံရသလို” အမွေဆက်ခံခဲ့ရတဲ့ အဲ့ဒီအရာတွေကို နိုင်ငံရေးပန်းတိုင် အသီးသီးဆီ ဟန်ချက်ညီညီနဲ့ တပြိုင်နက်တည်း ရောက်ရှိ အောင် သမ္မတကြီး လင်ကွန်း ရပ်ခံပြီး ဆောင်ရွက်ခဲ့တာတွေကို သင်ခန်းစာယူဖွယ်ရာ တင်ဆက်ထားပါတယ်။
● ဆိုတော့ ရုပ်ရှင်ဇာတ်ကားရဲ့ မူရင်းအမည်ဖြစ်တဲ့ “လင်ကွန်းရဲ့ အကြပ်အတည်း” Lincoln’s Dilemma (2022) ဆိုတဲ့အတိုင်း အကြပ်အတည်းတွေကတော့ ● သူကိုယ်တိုင်က ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ နိုင်ငံရေးလမ်းကြောင်းကို မဟာဗျူဟာ ချမှတ်ထားပေမယ့် ● လက်တွေ့မှာတော့ စစ်ပွဲကို ဘက်စုံကနေ အပြတ်တိုက်ဖို့ စီမံဆုံးဖြတ်ပြီး တိုက်စစ်အရှိန်ကို အစွမ်းကုန်ထက်ကို ပိုမိုကျော်လွန်အောင် မြှင့်တင်ခဲ့လိုက် ရတာမျိုးပါ။
● တိုက်စစ်အရှိန်ကို အစွမ်းကုန်ထက်ကို ပိုမိုကျော်လွန်အောင် မြှင့်တင်လိုက်တဲ့ စစ်ရေးနည်းဗျူဟာကတော့ ကျွန်စနစ်ဖျက်သိမ်းရေးနဲ့ အမျိုးသားတန်းတူညီမျှရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ချိတ်ဆက်ပြီး အကြပ်အ တည်းပေါင်းများစွာကြားကနေ – အစပိုင်းမှာပြောခဲ့တဲ့ တောင်ပိုင်းဒေသတွေကနေ မြောက်ပိုင်း ဒေသတွေဆီကို ထွက်ပြေးရွေ့ပြောင်း လာနေကြရတဲ့ ထောင်ပေါင်းများစွာသော လူမည်းကျွန်တွေကို စစ်မှုထမ်းခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။
● အဲ့ဒီလို အကြပ်အတည်းပေါင်းစုံကြားက စွန့်စွန့်စားစား ချမှတ်ခဲ့ရတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ကြောင့်ပဲ လူမည်းကျွန်ပေါင်းများစွာ ဖယ်ဒရယ်ထပ်ထဲကို ဝင်ရောက်လာကြပြီး မြောက်ပိုင်းဖယ်ဒရယ်ယူနီယံ (ပြည်ထောင်စု) တပ်မတော်ရဲ့ စစ်အင်အားကို မြှင့်တင်လိုက်နိုင်ခဲ့ပြီး အဲ့ဒီပါဝါချိန်ခွင်လျှာ ဇောက်ထိုးနဲ့ အသာစီးရအောင် ဆောင်ရွက်လိုက်နိုင်မှုကပဲ တောင်ပိုင်းခွဲထွက် (ကွန်ဖက်ဒရေစီ) တပ်တွေ အနှိမ့်ရေးနိမ့်ကာ အညံ့ခံလာစေခဲ့တဲ့ အဓိက အကြောင်းအရင်းဖြစ်ခဲ့တာပါ။
● သမ္မတကြီး လင်ကွန်းရဲ့ နောက်ထပ် အကြပ်အတည်းတွေကတော့ စစ်ကြီးပြီးဆုံးချိန် ပြည်ထောင်စု ပြန်လည် ပေါင်းစည်း ထူထောင်ရေးတွေအတွက် အပြန်အလှန် အငြိုးအတေး ထားမှုတွေကို လုံးဝ လက်မခံ ခွင့်မပြုပဲ ရန်ငြိုးမပြေနိုင် ဖြစ်နေကြရမယ့် အခြေအနေတွေကို လောကပါလတရား ထွန်းကားရေးလို အကြောင်းအရာတွေကို မိန့်ခွန်းတွေထဲမှာ ထည့်သွင်းပြောကြားပြီး တားဆီးခဲ့သူပါ။

● ဒါ့အပြင် ကျွန်စနစ်ကိုလည်း အပြီးတိုင် ဖျက်သိမ်းနိုင်ခဲ့တဲ့ “အမေရိကန်ပြည်ထောင်စု၌ ငွေဝယ်ကျွန်စနစ် မရှိစေရ” ဆိုတဲ့ ၁၃ ခုမြောက် အခြေခံဥပဒေ ပြင်ဆင်ချက်ကိုလည်း ဥပဒေတစ်ရပ်အနေနဲ့ ပြဋ္ဌာန်းနိုင်ခဲ့ တာတွေကိုလည်း ဒီအပိုင်းမှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။
● အဲ့ဒီလို ဥပဒေပြဌာန်းပြီး ကျွန်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့ပေမယ့် အဲ့ဒီဥပဒေကြောင့် လွတ်လပ်သူတွေ ဖြစ်လာကြတဲ့ လူမည်းနိုင်ငံသားတွေအတွက် အမျိုးသားတန်းတူညီမျှရေး ရရှိစေဖို့ နိုင်ငံသားအခွင့်အရေးကို ပြဋ္ဌာန်းနိုင်ရေးတွေကို အသက် (၅၆) နှစ်အရွယ် ၁၈၆၅ ခုနှစ် သမ္မတကြီး လင်ကွန်း (Lincoln) လုပ်ကြံသတ်ဖြတ်တာ မခံရခင်အချိန်အထိ ဆောင်ရွက်ခဲ့တာတွေကိုလည်း ဒီအပိုင်းမှာ အဓိက ဖော်ပြထားတာပါ။

● အမေရိကန်နိုင်ငံရေးသမိုင်းထဲက အထင်ကပုဂ္ဂိုလ် အာဖရိက-အမေရိကန် လူမှုရေး ပြုပြင်ပြောင်းလဲရေးသမား၊ စာရေးဆရာနဲ့ နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်တဲ့ ဖရက်ဒရစ် ဒေါက်ဂလပ်စ် (Frederick Douglass) နဲ့ ပြုလုပ်ခဲ့တဲ့ လင်ကွန်း-ဒေါက်ဂလပ်စ် ဆွေးနွေးငြင်းခုံမှုတွေလို့ လူသိများတဲ့ (Lincoln-Douglas Debates) တွေနဲ့ ကော်ပါ တက္ကသိုလ် မိန့်ခွန်းအဖြစ် လူသိများတဲ့ ကော်ပါယူနီယံ မိန့်ခွန်း (Cooper Union Speech) တွေထဲက အကြောင်းအရာတွေကို လောကအမြင်တွေအဖြစ် တွေ့မြင်မှတ်သား သင်ယူနိုင်ကြမှာ ဖြစ်လို့ Lincoln’s Dilemma (2022) (Documentary Series) (Season 1 Episode 2) So You See, The Man Moves (မြန်မာ စာတမ်းထိုး ရုပ်ရှင်) ကို အခုပဲ Download ရယူပြီး ရှုစားလိုက်ကြဖို့ ပြောရင်း အဆုံးသတ်လိုက်ရပါတယ်။
—————————————
ABM 24FEB2022 093000 AM
—————————————
Lincoln’s Dilemma (2022) (S1-E2) (So You See, The Man Moves) (မြန်မာစာတမ်းထိုးရုပ်ရှင်)
—————————————
Original title – Lincoln’s Dilemma 2022 (TV Series)
—————————————
Cast
● Documentary, ● Jeffrey Wright, ● Leslie Odom Jr., ● Bill Camp
—————————————
Director
● Barak Goodman ● Jacqueline Olive
—————————————
Screenwriter / Book:
● David S. Reynolds
—————————————
Music
● Osei Essed, ● Saul Simon ● MacWilliams
—————————————
Cinematography
● Bill Winters
—————————————
Producer
● Eden Productions, ● Kunhardt Films. ● Distributor: Apple TV+
—————————————
Genre
● Documentary. ● TV Series | ● Historical Documentaries. ● Historical. Slavery
—————————————
Movie Groups
● U.S. Presidents (Biopics)
—————————————
Lincoln’s Dilemma (2022) (S1-E1)
● Megaup Download Link –
Download Lincolns.Dilemma.S01E02.720p.ATVP.WEBRip.x264-GalaxyTV.mp4 from MegaUp—————————————
● Blog URL Link –
Leave a Reply