ကျွန်တော်တို့ရဲ့ ကမ္ဘာကျော် ပေါ့ပ်ဘုရင်မတစ်ဦးဖြစ်တဲ့ J.Lo လို့ ချစ်စနိုးခေါ်ကြတဲ့ ဂျနီဖာ လိုပက်ဇ် (Jennifer Lopez) အဓိကသရုပ်ဆောင်ထားတဲ့ Marry Me (2022) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ၂၀၂၂ ခုနှစ် ချစ်သူများနေ့မတိုင် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာပဲ ထွက်ရှိလာခဲ့ပါတယ်။

မထွက်ခင်နေ့တွေကပဲ Jimmy Fallon တင်ဆက်တဲ့ NBC ရဲ့ The Tonight Show မှာ Marry Me (2022) ဇာတ်ကားအကြောင်းနဲ့ ဇာတ်ဝင်ခန်းတွေအကြောင်းကို J.Lo နဲ့ အင်တာဗျူးတွေ ဖျော်ဖြေတင်ဆက်မှုတွေကို တွေ့လိုက်ရလို့ ဇာတ်ကားထွက်မယ့်နေ့နဲ့ HD 1080 အပြည့်ရမယ့်နေ့ကို တမျှော်မျှော်နဲ့ စောင့်နေခဲ့ရတာဆိုပါတော့..
ဇာတ်ကားတက်တက်လာချင်းပဲ ချက်ချင်းဆွဲချပြီး Channel Myanmar တို့ဘာတို့က မြန်မာစာတမ်း ထိုးပြီး တင်တာကို မစောင့်နိုင်တော့ပဲ Google နဲ့ Bing Translator တွေနဲ့ကို ချက်ချင်းပြန်ပြီး ပြသချိန် 112 မိနစ်ရှိတဲ့ ရုပ်ရှင်ကို တစ်ညတည်းမှာ နှစ်ခါပြန်ပြီးတော့ကို ကြည့်ဖြစ်ခဲ့တယ်ဆိုပါတော့..
ဒီနေရာမှာ ရုပ်ရှင်အကြောင်းကို မပြောခင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဖြစ်ပျက်သွားတဲ့ အခြေအနေ အရပ်ရပ်တွေကြောင့် ပုံနှိပ်အပါအဝင် ရုပ်သံနဲ့ အွန်လိုင်း သတင်းမီဒီယာတွေအားလုံး ပြိုလဲကျနေချိန်တွေ ဖြစ်တဲ့အပြင် ဒီလို “ခေတ်မီမီကမ္ဘာကြီးကြည့်မြင်” ဆိုတဲ့စကား ရှိပေမယ့် ကျွန်တော်တို့ လူမျိုးတွေ မြန်မာလိုထုတ်လွှင့်တဲ့ နိုင်ငံတကာက သတင်းမီဒီယာတွေက တက်တဲ့ သတင်းတွေနဲ့ Facebook ပေါ် တက်လာတဲ့ အကြောင်းအရာတွေကိုပဲ တွေ့မြင်နေကြရတာများလာတဲ့အခါ လူ့ဖွဲ့အစည်းရဲ့ လောကအမြင်ပေါ်ရှုမြင်မှုတွေ အပေါ်ကိုပါ သက်ရောက်မှု ရှိလာတာတွေကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့နေရချိန်တွေလိုလည်း ဆိုရမှာပါ။
နောက်ပြီးတော့ မြန်မာစာတမ်းထိုးပြီး ရုပ်ရှင်တွေကို အခမဲ့လွှင့်တင်ပေးနေတဲ့ အွန်လိုင်းပလပ်ဖောင်း အချို့ ရှိပေမယ့်လည်း ဒီလိုဇာတ်ကားတွေကိုတော့ မြန်မြန်ဆန်ဆန် မတင်ပေးနိုင်ကြတာရှိတာကြောင့် Copy Right ကိစ္စတွေ ရှိပေမယ့်လည်း မျက်စိမှိတ်ပြီးတော့ပဲ ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်လေးတွေကို တခြားသူတွေလည်း လွယ်လွယ်ကူကူ ကြည့်ရှုနိုင်ကြပြီး လောကမြင်တွေမြင့်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ဖို့ တတ်စွမ်း သလောက် လေးနဲ့ မျှဝေပေးလိုက်ရတာဖြစ်ပါတယ်။

ဆိုတော့ ဇာတ်လမ်းအကျဉ်းကတော့ အသက် (၅၂) နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ မတ်မတ်ဂျီ J.Lo ဂျနီဖာ လင်း လိုပက်ဇ် (Jennifer Lynn Lopez) က ဒီဇာတ်ကားထဲမှာ ကတ် ဗဲလ်ဒက်ဇ် (Kat Valdez) လို့ခေါ်တဲ့ ကမ္ဘာပေါ်ကျော် ပေါ့ပ်ဘုရင်မအဖြစ် သူ့ရဲ့ အပြင်က ဘဝပုံစံမျိုးအတိုင်း တွေ့ကြရမှာပါ။
မာလူမာ (Maluma) ကဆိုရင်လည်း သူ့ရဲ့ အပြင်ကလိုပဲ ဂီတအမျိုးစားအသစ်တစ်ခုဖြစ်တဲ့ စူပါနိုဗာ အမိုက်စားဂီတသမား ဘာစတီယန် (Bastian) အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
နောက်ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး အိုဝင် ဝီလ်ဆင် (Owen Wilson) ကတော့ သမီးတစ်ယောက်ရှိတဲ့ အိမ်ထောင်ဖက်နဲ့ ကွာရှင်းပြတ်စဲထားတဲ့ လွတ်လပ်တဲ့ စင်ဂယ်ဖားသား အထက်တန်း ကျောင်းက သင်္ချာဆရာ ချာလီ ဂီလ်ဘာ့တ် (Charlie Gilbert) အဖြစ် မြင်တွေ့ကြရမှာပါ။
ဇာတ်လမ်းအစမှာတော့ ကတ် (Kat) နဲ့ ဘာစတီယန် (Bastian) တို့ နှစ်ဦးဟာ ကမ္ဘာပေါ်မှာ အကျော်ကြား ဆုံးနဲ့ အဆွဲဆောင်နိုင်ဆုံး စုံတွဲတွေထဲက တစ်တွဲဖြစ်ပြီး သူတို့နှစ်ဦးရဲ့ အကြောင်း သီဆိုထားတဲ့ “Marry Me” ဆိုတဲ့ သီချင်းဟာ ပရိသတ်အားပေးမှု ဇယားတွေရဲ့ ထိပ်ဆုံးကို ရောက်ရှိနေချိန်မှာပဲ သူတို့နှစ်ယောက်ဟာ ဂီတဖျော်ဖြေပွဲ တင်ဆက်ရင်း ပရိသတ်တွေရှေ့မှာ မင်္ဂလာအခမ်းအနားကို ကျင်းပကြဖို့ စီစဉ်ထားတာလဲ ဖြစ်ပါတယ်။
“Marry Me” သီချင်းကို နားထောင်နေရင်းနဲ့ ၁၉၉၉ ခုနှစ်လောက်ကထွက်ခဲ့တဲ့ သူနဲ့ သူ့ရဲ့ ex-husband မာ့ခ် အန်တိုနီ (Marc Anthony) တို့အတူဆိုခဲ့ကြတဲ့ No Me Ames သီချင်းနဲ့ သူတို့ရဲ့ လွမ်းမောဖွယ်ရာ ချစ်ဇာတ်လမ်းကိုလည်း သွားပြီး သတိရလိုက်မိလို့.. အောက်ဖဲတွေ လှန်သလိုဖြစ်မှာစိုးလို့ အဲ့ဒီလောက်နဲ့ပဲ ရပ်ပြီး ဇာတ်ကို ဆက်ရရင်..
ပရိသတ်ပေါင်းများစွာရှေ့ ဖျော်ဖြေပွဲနဲ့အတူ မင်္ဂလာပွဲဆင်နွှဲမယ့် တိုက်ရိုက်ထုတ်လွှင့်မယ့် အခမ်းအနားကို စင်ဂယ်ဖားသား သင်္ချာဆရာ ချာလီ ဂီလ်ဘာ့တ် (Charlie Gilbert) ဟာ သမီးဖြစ်သူနဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ပါကာ ဒီဘစ် (Parker Debbs) ရဲ့ ဇွတ်စီစဉ်ဆွဲခေါ်မှုကြောင့် လိုက်ပါခဲ့ရတာပါ။
မင်္ဂလာပွဲ အခမ်းအနားမစမီ စက္ကန့်ပိုင်းအလိုမှာပဲ ဘာစတီယန် (Bastian) ရဲ့ လိမ်လည်လှည့်ဖြားမှုတွေ အကြောင်းကို ပေါ့ပ်ဘုရင်မ ကတ် (Kat) သိလိုက်ရတဲ့အခါ.. စတိတ်စင်မြင့်ထက်မှာ ကမ္ဘာကြီးပျက်စီးလုမတတ် ခံစားသွားရတဲ့ ပေါ့ပ်ဘုရင်မ ကတ် (Kat) အချစ်၊ အမှန်တရားနဲ့ သစ္စာစောင့်သိမှုတွေကို မေးခွန်းထုတ်ရင်း အခိုက်အတန့်ဆိုတဲ့ အချိန်လေး အတွင်းမှာပဲ အရှက်သိက္ခာတွေအတွက် ဆုံးဖြတ်ချက် တစ်ခုကို ချက်ချင်းဆိုသလိုပဲ ချမှတ်လိုက်ပါတော့တယ်။

ဒါကတော့ ပရိသတ်တွေထဲ တစ်ယောက်ဖြစ်တဲ့ သင်္ချာဆရာ ချာလီ ဂီလ်ဘာ့တ် (Charlie Gilbert) ကို လက်ထပ်ဖို့ ရွေးချယ်လိုက်တာပါပဲ။
လိမ်ညာခံရတဲ့အတွက် ခံပြင်းဒေါသနဲ့ တုံ့ပြန်လိုမှု.. အရှက်သိက္ခာ စတဲ့ စိတ်ဖိအားပေါင်းများစွာကြား ရူးသွပ်တဲ့ အခိုက်အတန့်လေးကနေ အစပြုခဲ့ရာက မမျှော်လင့်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ခုအဖြစ်ကို ဘယ်လိုတွေ ပြောင်းလဲသွားပါလဲ။
သင်္ချာဆရာ ချာလီရဲ့ စာနာနားလည်မှု၊ လူသားဆန်မှုနဲ့ အကာအကွယ်ပေး ဖေးမမှုတွေကနေ တဆင့် နှလုံးသားခံစားချက် အချစ်တွေအဖြစ် ပေါ့ပ်ဘုရင်မ တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲသွားမယ်ဆိုတာကိုတော့ Marry Me (2022) မှာသာ အပြည့်အဝ ခံစားကြည့်လိုက်ကြဖို့ ပြောရင်းနဲ့ အဆုံးသတ်လိုက်ရပါတယ်။
Marry Me (2022)
Cast
ဂျနီဖာ လိုပက်ဇ် (Jennifer Lopez) … Kat
အိုဝင် ဝီလ်ဆင် (Owen Wilson) … Charlie
မာလူမာ (Maluma) … Bastian
ဂျွန် ဘရက်ဒလေ (John Bradley) … Colin
စာရာ ဆေးဗားမန်း (Sarah Silverman) … Parker
Directed by
ကတ် ကိုရီရို (Kat Coiro)
Megaup Download Link
Marry Me (2022) (မြန်မာစာတမ်းထိုး)
Download Marry.Me.2022.1080p.Burmese.mp4 from MegaUp
Leave a Reply