◉ ဒီကနေ့တော့ ဖက်ဒရယ်ပြည်ထောင်စုတို့.. အမျိုးသားတန်းတူ ညီမျှရေးတို့.. စတဲ့ ခက်ခဲနက်နဲ လှတဲ့ နိုင်ငံရေးအယူအဆတွေ.. သီအိုရီတွေ… သဘောတရားတွေ… စတာကို အလွယ်တကူ နားလည် သဘောပေါက်နိုင်ကြစေမယ့် အမေရိကန် မိသားစု ဟာသ ရုပ်ရှင်ဇာတ်ကားလေး တစ်ကားကို မျှဝေ တင်ဆက်ပေးလို ပါတယ်။

◉ “ဒါဇင်လိုက် အများဈေးနဲ့က စျေးပိုသက်သာတယ်” လို့ မြန်မာလိုဆီလျှော်အောင် ဘာသာပြန်ဆို ရမယ့် Cheaper by the Dozen (2022) ရုပ်ရှင်ကို ကမ္ဘာ့ ပြဇာတ်နဲ့ ရုပ်ရှင် သမိုင်းကြောင်းမှာ အစဉ်အလာကြီးမားလှတဲ့ ဘရော့ဒ်ဝေး (Broadway) ပြဇာတ်ရုံအုပ်စုနဲ့ ဒစ္စနေး (Disney) ရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းတည်ထောင်ထားတဲ့ ဒစ္စနေးပလပ်စ် (Disney +) နဲ့အတူ တခြား အိမ်တာယာရောက် ဖျော်ဖြေရေးဝန်ဆောင်မှုကွန်ရက်တွေ ဖြစ်ကြတဲ့ HBO, APPLE TV + , Netflix တွေမှာပါ မတ်လ (၁၈) ရက်နေ့က စတင်ပြီး ပြသနေတာပါ။
အမေရိကန်တွေကို အကြီးအကျယ် ပြောင်းလဲစေခဲ့တဲ့ ဝတ္တုကို ပုံဖော်

◉ Cheaper by the Dozen (2022) ရုပ်ရှင်ဟာ ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေအပြင် အမေရိကန်တွေရဲ့ ဘဝနေထိုင်မှု ဟန်ပန်တွေကိုပါ အပြောင်းအလဲပေါင်းများစွာ ဖြစ်ပေါ်စေခဲ့တဲ့အပြင် အမေရိကန်-အာဖရိကန် လူမည်နိုင်ငံသားတွေရဲ့ ပြည်သူ့အခွင့်အရေးတန်းတူညီမျှရေးတွေကိုပါ ရရှိစေခဲ့တဲ့အထိ နိုင်ငံရေး သက်ရောက်မှုကြီးတွေ အထိ ဖြစ်ပေါ်စေခဲ့တဲ့ Cheaper by the Dozen ဝတ္တုကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ထားတာပါ။
◉ ၁၉၅၀ ခုနှစ် ဝန်းကျင်ကာလတွေက အမေရိကန်ပြည်ထောင်စုမှာ အထူးရေပန်းစား လူကြိုက်များ ခဲ့တဲ့ Cheaper by the Dozen ဝတ္ထုကို အမေရိကန်သတင်းစာဆရာနှင့် စာရေးဆရာတစ်ဦးဖြစ်တဲ့ ဖရန့် ဘန်ကာ ဂေးလ်ဘရက် ဂျူနီယာ (Frank Bunker Gilbreth Jr.) နဲ့ သူရဲ့ အစ်မဖြစ်သူ အာနက်စတင်း ဂီလ်ဘရက် ကာရေး (Ernestine Gilbreth Carey) တို့က သူတို့ရဲ့ ဘဝအဖြစ်အပျက်တွေထဲက တဝက်လောက်ကို အတ္ထုပ္ပတ္တိမှတ်တမ်းအဖြစ် ၁၉၄၈ ခုနှစ်မှာ ဝတ္တုစာအုပ်အဖြစ် ရေးသားခဲ့ကြတာပါ။
◉ Cheaper by the Dozen ဝတ္ထုကို ၁၉၅၀ ခုနှစ်က တစ်ကြိမ်နဲ့ ၂၀၀၃ ခုနှစ်တွေကလည်း တစ်ကြိမ် ရုပ်ရှင်တွေအဖြစ် ပြန်လည်ပုံရိုက်ကူးခဲ့ပြီး ကမ္ဘာနဲ့တဝှမ်းမှာ အထူးအောင်မြင်ခဲ့ဖူးသလို အခု ၂၀၂၂ ခုနှစ်မှာတော့ ကမ္ဘာကြီးပေါ်မှာ ပြောင်းလဲလာတဲ့ လူမှုရေးစံနှုန်းတွေ၊ အယူအဆတွေနဲ့အညီ မတူကွဲပြားတဲ့ တင်ပြပုံတွေနဲ့ တင်ပြထားတာလဲ ဖြစ်ပါတယ်။
အမေရိကန်တွေရဲ့ မိသားစုနှင့် လူမှုရေး စံနှုန်းသစ်တွေ

◉ Cheaper by the Dozen ဝတ္ထုနဲ့ ရုပ်ရှင်တွေဟာ စတင်ထွက်ရှိချိန် အသီးသီးဖြစ်တဲ့ ၁၉၄၈ ခုနှစ် စာအုပ် စတင်ထွက်ရှိချိိန်၊ ၁၉၅၀ ခုနှစ် ပထမဆုံးအကြိမ် ရုပ်ရှင် ရုံတင်ပြသချိန်၊ ၂၀၀၃ ခုနှစ် ဒုတိယအကြိမ် ရုပ်ရှင်ပြသချိန်ကာလတွေမှာ သူ့ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့ ပြစ်တင်ဝေဖန်မှုတွေကို အများအပြားခံခဲ့ရပါတယ်။
◉ ဒါကတော့ အိမ်ထောင်ကွာရှင်းထားကြတဲ့ သားသမီးတွေ အသီးသီးရှိကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ ထပ်မံလက်ထပ်ပြီး နှစ်ဖက်က ပါလာတဲ့ သားသမီးတွေ၊ အသစ်ထပ်မံမွေးဖွားတဲ့ ရင်သွေးတွေနဲ့အတူ ဘဝသစ်ကို ပျော်ရွှင်စွာ တည်ထောင်ကြတဲ့ အဓိက ဇာတ်လမ်းကြောရိုး ကြောင့်သာ အဲ့ဒီလို ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့ ပြစ်တင်ဝေဖန်မှုတွေကို အများအပြားခံခဲ့ရတာ ဖြစ်ပါတယ်။
◉ ဆိုတော့ ကျွန်တော်တို့ တိုင်းပြည် အင်္ဂလိပ်ဆီက လွတ်လပ်ရေးရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဒီဝတ္တုကို သူ့ခေတ်ပြိုင်လူ့အဖွဲ့အစည်း အသီးသီးတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ဘယ်လောက်ပင် ခံခဲ့ကြရစေကာမူ နှစ်ပေါင်း ၇၄ နှစ်ကျော် ကာလတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
◉ မျက်မှောက်ခေတ်လို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးကို ရင်ဆိုင်ဖြတ်သန်းနေကြရတဲ့ အခုလိုချိန် င်မျိုးမှာဆိုရင်လည်း လူမှုနဲ့ မိသားစုစံနှုန်းသစ်တွေနဲ့ ရုန်းကန်နေကြရတဲ့ ခေတ်ပြို လူ့အဖွဲ့ အစည်းတွေအတွက် ခွန်အားအသစ်တွေကို ပေးစွမ်းနိုင်နေတဲ့အပြင် ကျွန်တော်တို့ တိုင်းပြည်လို ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက် နေကြရတဲ့ အချိန်ကာလမျိုးတွေမှာပါ ပြည်ထောင်စု အတွက် ဘာတွေက အခြေခံအကျဆုံးဖြစ်မလဲဆိုတာတွေ အထိကိုပါ လောကအမြင်တွေအဖြစ် ပေးစွမ်းခဲ့တဲ့ အနုပညာပစ္စည်းတစ်ခုအဖြစ် တန်ဘိုး တက်ခဲ့ရတယ်လို့လည်း ဆိုနိုင်မှာပါ။

ဆိုတော့ ဇာတ်လမ်းအကျဉ်းနဲ့ ရုပ်ရှင်အကြောင်း
◉ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် အိမ်ထောင်ဘက် အသီးသီးနဲ့ ကွာရှင်းပျက်ဆဲထားကြတဲ့ ကလေး ၃ ဦးစီ အသီးသီးရှိကြတဲ့ တစ်ခုလပ် လင်မယားတွေအဖြစ် ပေါလ် ဘေကာ (Paul Baker) အဖြစ် ဇက်ခ်ျ ဘရက်ဖ် (Zach Braff) နဲ့ ဇိုအီ ဘေကာ (Zoey Baker) အဖြစ် ဂါဘရီရယ် ယူနီယံ (Gabrielle Union) တို့က အဓိက သရုပ်ဆောင်ထားကြတာပါ။
◉ သူတို့နှစ်ဦးမှာ တဖက်ဆီက ပါလာတဲ့ ကလေး (၃) ဦးစီဖြစ်တဲ့အတွက် ကလေး (၆) ယောက်အပြင် သူတို့နှစ်ဦးမှ ကလေးအမွှာ (၂) ကြိမ် ထပ်မံမွေးဖွားခဲ့တာကြောင့် စုစုပေါင်း ကလေး (၁၀) ဦးနဲ့အတူ နေထိုင်ကြတာပါ။
◉ ဒါအပြင် နှစ်ဖက်က ကလေးတွေရဲ့ မိခင်၊ ဖခင်တွေကလည်း အိမ်မှာဝင်ထွက်သွားလာနေကြတဲ့ အပြင် ပေါလ် ဘေကာ (Paul Baker) ရဲ့ ညီမဖြစ်သူက မွေးတဲ့ ကလေးတစ်ယောက်ကိုပါ ပြုစုစောင့်ရှောက် ပေးနေရတာဖြစ်ပါတယ်။
◉ ဆိုတော့ နိစဓူဝလူမှုဘဝတွေမှာ တွေ့ကြုံရင်ဆိုင်ရတဲ့ လူမှုရေးကိစ္စအဝဝကို တစ်ခုလပ် ဘေကာ (Baker) လူဖြူလူမည်း ဇနီးမောင်နှံနှစ်ဦး ဘယ်လိုတွေ ဖြေရှင်းကြမယ်၊ ရင်သွေးငယ်တွေကို ပြုစုပျိုးထောင်ရာမှာဆိုရင်ရော ဘယ်လိုတွေ ဟန်ချက်ညီ ပြုစုပျိုးထောင်ကြမယ်ဆိုတာတွေကတော့ ဒီရုပ်ရှင်ရဲ့ အဓိက အသက်ဖြစ်တာကြောင့် ရုပ်ရှင်ကိုသာ ဒေါင်းလုတ်ယူပြီး ရှုစားတော်မူကြဖို့ ပြောရင်းအဆုံးသတ်လိုက်ရပါတယ်။

Directed by
Gail Lerner
Written by
Kenya Barris
Jenifer Rice-Genzuk Henry
Based on
Cheaper by the Dozen
by Frank B. Gilbreth Jr. and Ernestine Gilbreth Carey
Cast
Gabrielle Union as Zoey BakerZach Braff as Paul BakerErika Christensen as KateTimon Kyle Durrett as Dom ClaytonJournee Brown as Deja BakerKylie Rogers as Ella BakerAndre Robinson as DJ BakerCaylee Blosenski as Harley BakerAryan Simhadri as Haresh BakerLeo A. Perry as Luca BakerMykal-Michelle Harris as Luna Baker | Christian Cote as Bailey BakerSebastian Cote as Bronx BakerLuke Prael as Seth BakerBrittany Daniel as MelanieCynthia Daniel as MicheleSimeon Daise as ChrisRon Funches as Seth’s NeighborLola Raie as ThaliaAbby Elliott as TriciaJune Diane Raphael as Anne |
ဒေါင်းလုတ်လင့် Download Link
https://megaup.net/2p4eD/Cheaper.by.the.Dozen.2022.720p.MyanmarSubtitle.mp4
Leave a Reply