Edge of the World (2021) (မြန်မာစာတမ်းထိုးရုပ်ရှင်)


● ဒီကနေ့မှာတော့ ၁၈၂၄ ခုနှစ်ကနေ ၁၈၂၆ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ “ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ” (The First Anglo-Burmese War) အပြီးနောက်ပိုင်း  အာဆီယံဒေသတွင်း (အထူးသဖြင့်) အင်ဒိုချိုင်းနား ကျွန်းစွယ်တလျှောက်က ခေတ်ပြိုင်အခြေအနေတွေကို တွေ့မြင်ကြရမယ့် Edge of the World (2021) ရုပ်ရှင် အကြောင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

● “ကမ္ဘာရဲ့ အစွန်အဖျား” လို့ အဓိပ္ပါယ်ရတဲ့ ဒီရုပ်ရှင်ဟာ ၁၈၂၆ ခုနှစ်မှာ ရန္တပိုစာချုပ်နဲ့ စစ်ပြေငြိမ်းခဲ့တဲ့ “ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ” (The First Anglo-Burmese War) ရဲ့ ၁၈၂၅  ခုနှစ်၊ အာသံ စစ်မျက်နှာပြင်မှာ စစ်သူကြီး မဟာဗန္ဓုလရဲ့ တပ်တွေနဲ့ ရင်ဆိုင်ခဲ့ရာက ဒဏ်ရာ ပြင်းထန်ရရှိခဲ့တဲ့ ဗြိတိသျှ စစ်သား လူစွန့်စား ဆာ ဂျိမ်း ဘရွတ်ခ် (Sir James Brooke) အကြောင်း ရိုက်ကူးထားတဲ့ သမိုင်း ဖြစ်ရပ်မှန် နောက်ခံ အတ္ထုပ္ပတ္တိ စွန့်စားခန်း အက်ရှင် ဒရမ်မာ အမျိုးအစား ရုပ်ရှင်တစ်ကားပါ။

● ဇာတ်လမ်းအကျဉ်းကို မပြောခင် ရုပ်ရှင်တွေကနေ ပေးနေတဲ့ လောကအမြင်တွေကို လွယ်လင့်တကူ သိမြင်နားလည် လက်ခံရရှိနိုင်ကြဖို့အတွက် လိုအပ်တဲ့ နောက်ခံအချက်အလက်တွေကို အရင်ဆုံး မျှဝေပေးထားလိုပါတယ်။ (လျှာရှည်တယ်လို့တော့ မထင်ကြစေချင်ပါဘူး။)

နိုင်ငံသစ်တည်ဖို့ ဗစ်တိုးရီးယား ဘုရင်မရဲ့ အာဏာစက်ကို ငြင်းဆန်ခဲ့သူ

● ဇာတ်လမ်း အနှစ်ချုပ်ကတော့ လူစွန့်စား ဗြိတိသျှစစ်သား ဆာ ဂျိမ်း ဘရွတ်ခ် (Sir James Brooke) ရဲ့  ဘဝဖြတ်သန်းမှု တွေထဲက ဘရူနိုင်းနိုင်ငံရဲ့  (၂၃) ဆက်မြောက် စူလတန်ဘုရင်  အိုမာ အလီ စီဖုဒင် (၂) (Omar Ali Saifuddin II) ရင်ဆိုင်ခဲ့ရတဲ့ ပင်လယ်ဓားပြတွေနဲ့ ဒေသတွင်း ပုန်ကန်မှုတွေကို ကူညီနှိမ်နင်း ပေးခဲ့တဲ့ အကြောင်းတွေကို အဓိက ပုံဖော် ရိုက်ကူးထားတာပါ။

● ဒါ့အပြင် ဒေသခံဌာနေ တိုင်းရင်းသားတွေအကြား  လူဦးခေါင်းကို ဖြတ်ပြီး ယဇ်ပူဇော်တဲ့ လွဲမှားတဲ့ ထုံးတမ်း စဉ်လာတွေနဲ့ အချင်းချင်း ကျွန်ပြုမှုတွေကိုပါ အဆုံးသတ်စေခဲ့တဲ့သူ့ကို  ဘရူနိုင်း စူလတန်ဘုရင်က အဖြူရောင်ရာဂျာ (White Rajah) ဘွဲ့အပ်နှင်းပြီး သူပိုင်တဲ့ ဘော်နီယိုကျွန်း (Borneo) ပေါ်ရှိ ဆာရာဝါခ် (Sarawak) ဒေသကို မြို့ပြနိုင်ငံတစ်ခုအဖြစ် အုပ်ချုပ်ဖို့ လွှဲပြောင်းပေးအပ် ခဲ့တာဖြစ်ပါတယ်။

● အဲ့ဒီလို ဘရူနိုင်း စူလတန်ဘုရင် ဆုတော်လာဘ်တော်အဖြစ် ချီးမြှင့်တဲ့ အဖြူရောင် ရာဂျာ (White Rajah) ဘွဲ့နဲ့အတူ ဆာရာဝါခ် (Sarawak) ဒေသကို တိုင်း နိုင်ငံသစ်တည်ဆောက်နိုင်ဖို့ ၁၈၄၁ ခုနှစ်က စပြီး ဆာ ဂျိမ်း ဘရွတ်ခ် (Sir James Brooke) ဟာ သူ့ရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ဗြိတိသျှအင်ပါယာနဲ့ ဗစ်တိုးရီးယား ဘုရင်မတို့ရဲ့ အာဏာစက်ကို ငြင်းဆန်ပြီး ဆောင်ရွက်ခဲ့တာပါ။

—————————————

ဘော်နီယိုကျွန်း (Borneo) ဆိုတာ

—————————————

● ဆိုတော့ ဒီနေရာမှာ   ဘော်နီယိုကျွန်း (Borneo) ဆာရာဝါခ် (Sarawak) ဒေသအကြောင်းတွေကိုလည်း မဖြစ်မနေ သိရှိထားကြဖို့ အထူးလိုအပ်တာကြောင့် မိတ်ဆက်ပေးရမယ်ဆိုရင်တော့ ဘော်နီယိုကျွန်း (Borneo) ဟာ အင်ဒိုနီးရှားကျွန်းဆွယ်ရဲ့ ဂျာဗား-ဆူမားတြား ကျွန်းစုတွေနဲ့အတူ ဆက်စပ်နေတဲ့ ကျွန်းကြီးတစ်ခုပါ။

● ဂွတ်ဟုပ်အငူ (The Cape of Good Hope) ကို ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့ နောက်ပိုင်း ၁၆ ရာစု အစပိုင်းကနေ မျက်မှောက်ခေတ်တိုင် ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှာ  အရှေ့တောင်အာရှရဲ့ ပထဝီဝင်အနေ အထားအရ ဗဟိုချက်နေရာမှာ တည်ရှိနေတဲ့ ကမ္ဘာ့ တတိယအကြီးဆုံးနဲ့ အာရှတိုက်ရဲ့ အကြီးဆုံးကျွန်း လည်း ဖြစ်ပါတယ်။

● မျက်မှောက်ခေတ် ဘော်နီယို (Borneo)  ကျွန်းကို ဒုတိယကမ္ဘာစစ်အပြီး ထူးခြားတဲ့ နိုင်ငံနယ်နယ် နိမိတ် ပိုင်းခြားသတ်မှတ်မှုတွေအရ မလေးရှား၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှား စတဲ့ (၃) နိုင်ငံက  အသီးသီး ပိုင်ဆိုင်ကြတာပါ။

● အဲ့ဒီထဲက ကျွန်းရဲ့ စုစုပေါင်းဧရိယာ (၇၃ %) ကို အင်ဒိုနီးရှားနိုင်ငံက အများဆုံး ပိုင်ဆိုင်ထားတာပါ။ မလေးရှားနိုင်ငံရဲ့ ဖက်ဒရယ်ယူနစ် ပြည်နယ် နှစ်ခုဖြစ်တဲ့ ဆာဘ (Sabah) နဲ့ ဆာရာဝါ့ခ် (Sarawak) တို့က ၂၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ကျန်တဲ့ ၁ ရာခိုင်နှုန်းကိုတော့ ဘရူနိုင်းနိုင်ငံက ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

—————————————

ဆာရာဝါခ် (Sarawak) ဒေသဆိုတာ

—————————————

● Edge of the World (2021) ရုပ်ရှင် အခြေတည်ရာ ဆာရာဝါခ် (Sarawak) ဒေသဟာ ဘော်နီယို (Borneo)  ကျွန်း အနောက်မြောက်ဘက်တွင် တည်ရှိပြီး မျက်မှောက်ခေတ်မှာတော့ မလေးရှားနိုင်ငံရဲ့ ပြည်နယ် ၁၃ ခုထဲ အကြီးဆုံး ဖက်ဒရယ်ယူနစ်ပြည်နယ်တစ်ခုဖြစ်ပြီး မြို့တော်ကတော့ ကူချင်း (Kuching) ဖြစ်ကာ စုစုပေါင်းလူဦးရေ ၃ သန်းနီးပါးရှိတာပါ။

● ဆာရာဝပ် (Sarawak) ပြည်နယ်ကို ၁၈၄၁ ခုနှစ်ကစလို့ ၁၉၄၆ ခုနှစ်အထိ ဆာ ဂျိမ်း ဘရွတ်ခ် (Sir James Brooke)  ရဲ့ သားစဉ်မြေးဆက်က ဆာရာဝပ် ရာဇာတွေအနေနဲ့ အုပ်ချုပ်ခဲ့ပေမယ့် ၁၈၈၈ ခုနှစ်မှာတော့  ဗြိတိသျှ အစိုးရအစောင့်အရှောက်ခံ (ဝါ) ဩဇာခံနယ် တစ်ခုဖြစ်ခဲ့ရတာပါ။

● အဲ့ဒီနောက် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်မှာတော့ ဂျပန်တွေရဲ့ လက်အောက် ၃ နှစ်ကျရောက်ခဲ့ကာ အဲ့ဒီနောက် ဆာရာဝပ်ရာဇာတွေဟာ နှစ်အနည်းငယ်  အခြေခံဥပဒေ တစ်ရပ် ပြဌာန်း အုပ်ချုပ်ခဲ့ပေမယ့် ၁၉၄၆ ခုနှစ်ကနေ ၁၉၆၃ ခုနှစ်အထိ ထပ်မံပြီး ဗြိတိသျှ အစိုးရအစောင့်အရှောက်ခံ (ဝါ) ဩဇာခံနယ် ပြန်ဖြစ်ခဲ့တာပါ။ ဒီအချိန်မှာတော့ ဗြိတိသျှအစိုးရက ခန့်အပ်တဲ့ ဘုရင်ခံက ဥပဒေပြု လွှတ်တော်နဲ့ လူမျိုးစု ကိုယ်စားလှယ် အကြံပေး ကောင်စီတွေနဲ့ တွဲဖက် အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

● ဗြိတိသျှတို့ဆီက ၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှာ ဆာရာဝပ် (Sarawak) ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့ပြီး မလေးရှားနိုင်ငံရဲ့ “နိုင်ငံတွဲဖက်တည်ထောင်သူ” “ဖက်ဒရယ်အဖွဲ့ချုပ်ဝင်” “ဖက်ဒရယ်ယူနစ်ပြည်နယ်” တစ်ခုအဖြစ် ၁၉၆၃ ခုနှစ်၊  စက်တင်ဘာ  (၁၆) ရက်နေ့မှာ ပူးပေါင်း ပါဝင် ခဲ့တာပါ။

—————————————

မလေးရှားက ပေးတဲ့ ဖက်ဒရယ် သမိုင်းသင်ခန်းစာ

—————————————

● ဒီနေရာမှာ မလေးရှားနိုင်ငံကနေ ရရှိတဲ့ အမျိုးသားတန်းတူ ညီမျှရေးနဲ့ ဖက်ဒရယ်သမိုင်း သင်ခန်းစာကတော့ မြန်မာနိုင်ငံနဲ့ ပြောင်းပြန်လို့ ဆိုရမှာဖြစ်ကာ ဗြိတိသျှဆီကနေ ပြည်နယ်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (သို့) လွတ်လပ်ရေးကို သီးခြားစီ အရင်ဆုံး ရယူခဲ့ကြတာဖြစ်ပါတယ်။

● အဲ့ဒီလို ရရှိပြီးတဲ့ နောက်ပိုင်းမှသာ “နိုင်ငံတွဲဖက်တည်ထောင်သူ” “ဖက်ဒရယ်အဖွဲ့ချုပ်ဝင်” “ဖက်ဒရယ်ယူနစ် ပြည်နယ်” တွေအဖြစ် ရှေ့မှာလွတ်လပ်ရေးကို သီးခြားအနေနဲ့ ၁၉၅၇ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ ရရှိပြီးဖြစ်တဲ့ မလေးရှားနိုင်ငံနဲ့ သီးခြားစီ ပေါင်းစည်းခဲ့ကြတာပါ။

—————————————

ဇာတ်လမ်းအကျဉ်

—————————————

● အာသံ စစ်မြေပြင်မှာ ဒဏ်ရာ အပြင်းအထန်ရခဲ့လို့ အင်္ဂလန်ကို ပြန်ပို့ခံခဲ့ရတဲ့ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီစစ်တပ်မှာ အမှုထမ်းခဲ့တဲ့ ဗြိတိသျှစစ်သား ဆာ ဂျိမ်း ဘရွတ်ခ် (Sir James Brooke) ဟာ ၁၉၃၀ လွန်နှစ်တွေမှာတော့ ကုန်သွယ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်သူ တစ်ဦးအနေနဲ့ နောက်တစ်ကြိမ် အာရှဒေသကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

● ၁၉၃၈ ခုနှစ်မှာတော့ သူဦးဆောင်တဲ့အဖွဲ့ဟာ အင်ဒိုချိုင်းနားကျွန်းစွယ်ရှိ မလေးကျွန်းစုတွေထဲက  ဘော်နီယိုကျွန်း (Borneo) ကို စတင် ရောက်ရှိခဲ့ကြပြီး ဒေသခံ ဌာနေ လူရိုင်းလို မျိုးနွယ်စုဝင်တွေရဲ့ ဖမ်းဆီးခေါ်ဆောင်မှုကို ခံကြရတာနဲ့ ဇာတ်လမ်းကို စဖွင့်ထားတာပါ။

●  ဇာတ်လမ်းထဲမှာတော့ ဗြိတိသျှစစ်သားဟောင်း လူစွန့်စား ဆာ ဂျိမ်း ဘရွတ်ခ် (Sir James Brooke) အဖြစ် ဂျော်နသန် ရိုင်း မိုင်ယာစ် (Jonathan Rhys Meyers) က အဓိက သရုပ်ဆောင်ထားပါတယ်။

●  သူနဲ့အပြိုင် အမျိုးသမီး ဇာတ်ရုပ်ဖြစ်တဲ့ (၂၁) ဆက်မြောက် ဘရူနိုင်း စူလတန်ဘုရင်ရဲ့ မြေးတော်ဖြစ်သူ ပန်ဂျီရန် အနနတ်ပီတရီ ဖာတီမာ (Princess Fatima) အဖြစ်  အာတီကာ ဟာစီဟောလန် (Atiqah Hasiholan) ကို တွေ့မြင်ကြရမှာပါ။

●  ဒါ့အပြင် ဗိုလ်မှူးကြီး အာသာ ခရွတ်ရှန့် (Colonel Arthur Crookshank) အဖြစ် ဒိုမီနစ် မိုနာဂန် (Dominic Monaghan) ၊ မာဒါမီးလန်း (Madame Lim) အဖြစ် ဂျိုစီဟို (Josie Ho) တို့အပြင် အခြား အရှေ့တောင်အာရှာဒေသတွင်း နိုင်ငံတွေက သရုပ်ဆောင်ပေါင်းများစွာလည်းတွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

●   ဂျိမ်း ဘရွတ်ခ် (James Brooke) ရဲ့  ဆာရာဝါကရွာရဲ့ ရာဂျာ  (Rajah of Sarawak) ဖြစ်ရပ်မှန်ကို အခြေခံ ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်ရိုက်ကူးသူဖြစ်တဲ့ ရော့ဘ် အယ်လရင် (Rob Allyn) က ဇာတ်ညွှန်းခွဲထားပြီး ဒါရိုက်တာကြီး မိုက်ကယ် ဟော့စ်မန် (Michael Haussman) က ဖန်တီးပုံဖော်ထားတာပါ။  

●  အင်္ဂလိပ်နဲ့ မလေးရှားစကားပြော Edge of the World (2021) ဇာတ်ကားကို မလေးရှား၊ တရုတ်၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေအကြား ပူးပေါင်းထုတ်လုပ် ရိုက်ကူးထားတာဖြစ်ပါတယ်။

● ပြသချိန် (၁၀၄) မိနစ်ရှိတဲ့ တိုတောင်းတဲ့ ပြသချိန်ထဲမှာ ဂျိမ်း ဘရွတ်ခ် (James Brooke) ရဲ့  အတ္ထုပ္ပတ္တိ ရုပ်ပုံကားချပ်တစ်ခုလုံးကို ကျစ်လစ်စွာ ပုံဖော်ထားရာမှာ ဗစ်တိုးရီးယားခေတ် ကိုလိုနီနယ်ချဲ့ဝါဒကိုပါ တပါတည်း အမြင်အာရုံနဲ့ သိမြင်နိုင်အောင် တင်ပြထားတာကြောင့် ရုပ်ရှင်ဖိုင်ကိုပဲ တခါတည်း ဒေါင်းလုတ်ဆွဲချပြီး ရှုစားလိုက်ကြဖို့ကိုသာ ပြောရင်း အဆုံးသတ်လိုက်ရပါတယ်။

ABM 22FEB2022 182200PM

—————————————

Edge of the World (2021) (မြန်မာစာတမ်းထိုးရုပ်ရှင်)

—————————————

Starring

●  ဆာ ဂျိမ်း ဘရွတ်ခ် (Sir James Brooke)      – ဂျော်နသန် ရိုင်း မိုင်ယာစ် (Jonathan Rhys Meyers)

●  မင်းသမီး ဖာတီမာ (Princess Fatima)         – အာတီကာ ဟာစီဟောလန် (Atiqah Hasiholan)       

● ဗိုလ်မှူးကြီး အာသာ ခရွတ်ရှန့် (Colonel Arthur Crookshank)         – ဒိုမီနစ် မိုနာဂန် (Dominic Monaghan)

● မာဒါမီးလန်း (Madame Lim)                        – ဂျိုစီဟို (Josie Ho)

—————————————

Directed

● မိုက်ကယ် ဟော့စ်မန် (Michael Haussman)

—————————————

Written by

● ရော့ဘ် အယ်လရင် (Rob Allyn)

—————————————

Edge of the World (2021) (မြန်မာစာတမ်းထိုးရုပ်ရှင်)

—————————————

● Megaup  Download Link

Download Edge.of.the.World.2021.720p.Burmese.Google.mp4 from MegaUp

—————————————

●Blog URL Link –

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Blog at WordPress.com.

Up ↑

%d bloggers like this: