တော်လှန်ရေးနှင့် ပုန်ကန်အုံကြွမှု (Revolution & Rebellion)


နိုင်ငံရေးသိပ္ပံတွင် တော်လှန်ရေး (လက်တင်: Revolutio – “ပြန်လည်လှည့်ပတ်မှု”) ဟု အဓိပ္ပါယ် ဖွင့်ဆိုသည်။


အစိုးရကို ဆန့်ကျင်ပုန်ကန်သည့်အခါ ဖြစ်ပေါ်လာသည့် နိုင်ငံရေးအာဏာနှင့် နိုင်ငံရေးအဖွဲ့အစည်း တွင် အခြေခံကျပြီး အတော်အတန် ရုတ်တရက် အပြောင်းအလဲ တစ်ခုဖြစ်သည်။

နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖိနှိပ်ချုပ်ချယ်မှုများ (သို့မဟုတ်) နိုင်ငံရေး အရည်အချင်း မပြည့်မီမှုများ ကြောင့် ဖြစ်လေ့ရှိသည်။

REVOLUTION


နိုင်ငံတစ်နိုင်ငံတွင် အစိုးရအား ဖယ်ရှားရေးနှင့် အစားထိုးနိုင်ရန် ကြီးမား များပြားသည့် ဘဝတန်ဘိုးပေါင်းများစွာ ရင်းနှီးပေးအပ်ကာ ကြီးမားသော ပြောင်းလဲမှုအတွက် ရုန်းကန်မှုများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခြေအနေ။


အာဏာ လက်ကိုင် (သို့) လက်ခံ အစိုးရတစ်ရပ်အား အစားထိုး ပြောင်းလဲ နိုင်ရန် လူ့အဖွဲ့အစည်း၏ ရုန်းကန်မှု ပြုသည့် အခြေအနေတစ်ခု၊ ၎င်းအခြေအနေမှ ကြီးမားသော ပြောင်းလဲမှု (သို့) စဉ်းစားတွေးခေါ်မှုများ အကြီး အကျယ် ပြောင်းလဲရန် ဆုံးမပဲ့ပြင်မှုများအား ရိုင်းပင်းသည့် စိတ်အခြေခံဖြင့် ပြုခြင်း။


ရှေးဟောင်း ဂရိအတွေးအခေါ် ပညာရှင် အရစ္စတိုတယ် (၃၈၄-၃၂၂ ဘီစီ) က သူရဲ့ “နိုင်ငံရေးစာအုပ်” တွင် နိုင်ငံရေး တော်လှန်ရေး (၂) မျိုးအား ဖော်ပြ ထားသည်။

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုမှ နောက်တစ်ခုသို့ အပြည့်အဝပြောင်းလဲမှု


၂။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲခြင်း။


တော်လှန်ရေးတွေဟာ လူ့သမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့ပြီး နည်းလမ်းတွေ၊ ကြာရှည်မှုနဲ့ လှုံ့ဆော်ပေးတဲ့ အတွေးအခေါ်တွေမှာအမျိုးမျိုးကွဲပြားနေပါတယ် ။

သူတို့၏ ရလဒ်များတွင် ယဉ်ကျေးမှု ၊ စီးပွားရေးနှင့် လူမှုရေး – နိုင်ငံရေး အဖွဲ့ အစည်းများတွင် အဓိက ပြောင်းလဲမှုများပါဝင်သည်။

REBELLION


အစိုးရ (သို့) အုပ်စိုးရှင်များ၏ အခွင့်အာဏာ ထိန်းချုပ်မှုအား ဖီဆန်/ ငြင်းဆန် ပုန်ကန်ကာ အခြားအစိုးရ ပုံစံတစ်ခုဖြင့် အစားထိုး ရန် မြေပြင် အခြေအနေအား ဥပဒေနှင့် စနစ်တကျ ထူထောင် ချုပ်ကိုင် အုပ်ချုပ်နေသော အစိုးရ (သို့) အုပ်စိုးရှင်အား လက်နက် ကိုင်တော်လှန်ခြင်း။


ပုန်ကန်မှု၊ ဖီဆန်မှု၊ ဆန့်ကျင်မှု၊ မနာခံမှု၊ ငြင်းဆန်မှုများ ပါဝင် သည်။


ယင်းသည် အာဏာကိုင် အုပ်စိုးရှင်များ၏ အမိန့်များကို ဆန့်ကျင်သည့် ပွင့်လင်းသော ခုခံမှုကို ရည်ညွှန်းသည်။

ပုန်ကန်မှု ရဲ့ရည်ရွယ်ချက်က တော်လှန်ရေးကို ရှာဖွေနေချိန်မှာ ခုခံဖို့ဖြစ် တယ်။

တော်လှန်ရေး အခွင့်အရေ…


နိုင်ငံရေးအတွေးအခေါ်တွင် တော်လှန်ရေး အခွင့်အရေး (သို့) ပုန်ကန်ပိုင်ခွင့်သည် ပြည်သူ လူထု၏ အကျိုးစီးပွားကိုဆန့်ကျင်သည့် အစိုးရကို ဖြုတ်ချရန်နှင့် လူထု၏ လုံခြုံမှုကို အကြောင်းမဲ့ ခြိမ်းခြောက်သည့် အစိုးရကို ဖြုတ်ချပိုင်ခွင့် (သို့) တာဝန်ဖြစ်သည်။


ထင်ရှားတဲ့ အနောက်တိုင်း အတွေးအခေါ်ပညာရှင် “ဂျွန်လော့ခ်” ပြုစုသည့် “လူမှုရေးစာချုပ်သီအိုရီ” တွင် “တော်လှန်ရေး အခွင့်အရေး” အား အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် လူမှုဆက်ဆံရေးအခြေခံကို သတ်မှတ်ပေးခဲ့သည်။


လော့ခ်က “သဘာဝဥပဒေအရ လူတိုင်းမှာ အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်၊ မြေယာပိုင်ဆိုင်ခွင့် ရှိကြောင်း။

လူမှုရေးပဋိဉာဏ်အရ ပြည်သူလူထုဟာ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုတိုက် ခိုက်တဲ့ အစိုးရကို ဆန့်ကျင်တဲ့ တော်လှန်ရေးကို လှုံ့ဆော်ပေးနိုင်တယ်။” ဟု ဆိုသည်။


ထို့အပြင် “အစိုးရကို နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မယ့်သူ အခြား တစ်ဦးနဲ့ အစားထိုးနိုင်သလို၊ ဒီလိုလုပ်ဖို့က ပြည်သူတစ်ဦးရဲ့ တာဝန်ဖြစ်တယ်။” ဟု ရှုမြင်ခဲ့သည်။

ဝေါဟာရသမိုင်းကြောင်း

(တော်လှန်ရေး) ဟူသော ဝေါဟာရ၏ သမိုင်းကြောင်းအား (Revocion) ဟူသည့် ၁၃ ရာစုမှ ပြင်သစ်ဘာသာစကားဖြင့် သိရှိရပြီး ၁၄ ရာစု နှောင်းပိုင်းတွင် အင်္ဂလိပ်ဘာသာဖြင့် (Revolution) ဟူသော စကားလုံးအဖြစ် သိရှိရသည်။

လူမှုရေးစည်းမျဉ်း တစ်ခုတွင် ရုတ်တရက် ပြောင်းလဲမှုကို ကိုယ်စားပြုသည့် သဘော ဖြင့် ” တော်လှန်ရေး ” ကို အနည်းဆုံး ၁၄၅၀ ဖြင့် အတည်ပြုခဲ့သည်။

နိုင်ငံရေးမှာ အသုံးပြုပုံကို ၁၆၈၈ ခုနှစ် ဗြိတိန်မှာ ဘုရင် ဝီလျံ ၂ ကို ဂျိမ်း ၃ နဲ့ အစားထိုးထားတဲ့ “ဘုန်းကျက်သလို သွေးမြေ မကျသည့် တော်လှန်ရေး” မှာ သတ်မှတ်နိုင်ခဲ့သည်။

သမိုင်းတစ်လျှောက်တွင် ပုံစံတစ်မျိုး (သို့မဟုတ်) တစ်မျိုးနှင့် ဖော်ပြထားသည်မှာ အထက် ဖော်ပြပါ တော်လှန် ရေးအခွင့်အရေးအပေါ် ယုံကြည်မှုဖြင့် အမေရိကန်တော်လှန်ရေး၊ ပြင်သစ်တော် လှန်ရေး၊ ရုရှားတော်လှန်ရေးနှင့် အီရန်တော်လှန်ရေးအပါအဝင် တော်လှန်ရေးအမျိုးမျိုးတို့သည် တရားမျှတစေရန် အသုံးပြုခဲ့သည်။

မှတ်သားဖွယ် တော်လှန်ရေးများ

အမေရိကန် တော်လှန်ရေး (၁၇၇၅-၁၇၈၃) American Revolutionary (1775–1783)

ပြင်သစ်တော်လှန်ရေး (၁၇၈၉-၁၇၉၉) French Revolution (1789–1799)

ဥရောပ တော်လှန်ရေး (၁၈၄၈) European Revolutions (1848)

ရုရှား တော်လှန်ရေး (၁၉၁၇) Russian Revolution (1917)

တရုတ်တော်လှန်ရေး (၁၉၄၀) Chinese Revolution (1940)

ကျူးဘားတော်လှန်ရေး (၁၉၅၉) Cuban Revolution (1959)

အီရန် တော်လှန်ရေး (၁၉၇၉) Iranian Revolution (1979)

ဥရောပ တော်လှန်ရေး (၁၉၈၉) European Revolutions (1989)

တော်လှန်ရေးလေ့လာမှုပညာ


တော်လှန်ရေးတွေဟာ လူ့သမိုင်းတစ်လျှောက် ဖြစ်ပွားခဲ့ပြီး နည်းလမ်းတွေ၊ ကြာရှည် မှုနဲ့ လှုံ့ဆော်ပေးတဲ့ အတွေးအခေါ် တွေမှာ အမျိုးမျိုးကွဲပြားနေပါတယ်။

သူတို့၏ ရလဒ်များတွင် ယဉ်ကျေးမှု၊ စီးပွားရေးနှင့် လူမှုရေး- နိုင်ငံရေး အဖွဲ့အစည်းများ တွင် အဓိက ပြောင်းလဲမှုများ ပါဝင်သည်။
သို့သော် တော်လှန်ရေးများသည် ဗဟိုချက်တစ်ခုဖြင့် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ပညာရှင်များအကြား ယနေ့အချိန်အထိ ဆွေးနွေးငြင်းခုံကြသည်။
အစောပိုင်း တော်လှန်ရေး လေ့လာမှုများက ဥရောပသမိုင်းမှာ ဖြစ်ရပ်တွေကို စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ အဓိက လေ့လာခဲ့ကြပါတယ်။

သို့သော် ခေတ်သစ်လေ့လာမှုများတွင် ကမ္ဘာလုံးဆိုင်ရာ အဖြစ်အပျက်များ ပါဝင်ပြီး လူမှုရေးသိပ္ပံပညာနှင့် နိုင်ငံရေးသိပ္ပံပညာအပါအဝင် လူမှုရေးသိပ္ပံ၏ အခြားပညာရပ်ဆိုင်ရာ ရှုထောင့်များမှ လေ့လာမှုများပါ ပါဝင်လာသည်။


တော်လှန်ရေးများနှင့် ပတ်သက်ပြီး ပညာရှင်များ၏ လေ့လာမှုများသည် လူသားမျိုးဆက် များအကြား ယှဉ်ပြိုင်နေတဲ့ သီအိုရီများစွာကို ဖြစ်ပေါ်စေခဲ့သည်။


၎င်းရှုပ်ထွေးလွန်းသည့် တော်လှန်ရေးဆိုင်ရာ ဖြစ်ရပ်များနှင့် သီအိုရီ (ပုံသေနည်းများ) အား လေ့လာမှုများဖြင့်ပင် မျက်မောက် ခေတ် လူသားများ၏ တော်လှန်ရေးများအပေါ် နားလည်မှု ပိုမိုမြင့်မားစေခဲ့သည်။


ထို့အပြင် ဆက်လက်ဖြစ်ပေါ်နေအုန်းမည့် ရှုပ်ထွေးသည့် တော်လှန်မှုဆိုင်ရာ အဖြစ်အပျက်များ ကိုလည်း လူသားမျိုးဆက် တစ်ဆက်ပြီးတစ်ဆက် စဉ်ဆက်မပျက် လေ့လာမှုများ ပြုနေကြရအုန်းမည်သာ ဖြစ်သည်။

တော်လှန်ခြင်း၊ ပုန်ကန်ခြင်းနှင့် ငြင်းဆန်မှုပြုကာ အတိုက်အခံပြုရသည့် လှုပ်ရှားမှုများနှင့် ဆက်စပ် နေသည့် လုပ်ငန်းစဉ် အခေါ်အဝေါ် အသုံးအနှုန်း ဝေါဟာရများမှာ ရှုပ်ထွေးစွာဖြင့် အများအပြား ရှိသည်။


၎င်းတို့တွင် ရိုးရှင်းပြီး အကြမ်းမဖတ်သည့် ရည်ညွှန်းချက်များနှင့်အတူ ဆန်ကျင်သည့် အခြားတစ် ဖက်သို့ ရည်ညွှန်းချက်များ အထိ ရှုပ်ထွေးစွာ ဖြစ်တည်နေသည်။ နမူနာအားဖြင့် ထုတ်နှုတ် ပြသရမည် ဆိုပါက –

  • သပိတ်မှောက် (Boycott)
  • အရပ်ဘက်ခုခံမှု (Civil Resistance)
  • လူထုမနာခံမှု (Civil Disobedience)
  • အကြမ်းမဖက်သော ခုခံမှု (NVR)
  • Nonviolent Resistance
  • အာဏာသိမ်းမှု (Coup D’état)
  • တပ်တွင်းပုန်ကန်မှု (Mutiny)
  • လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှု
  • (Armed Resistance Movement)
  • တွန်းလှန်ပုန်ကန်မှု (Revolt) (ဒေသတွင်း)
  • တော်လှန်ရေး (Revolution)
  • အဓိကရုဏ်း (Riot)
  • ဖြိုဖျက်‌ရေး (Subversion)
  • အကြမ်းဖက်အရေးယူမှု (Terrorism)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Blog at WordPress.com.

Up ↑

%d bloggers like this: