တခုတည်းသော ငွေလဲလှယ်နှုန်း သတ်မှတ်ရေး အလျင်စလို မဆုံးဖြတ်ဟုဆို


အံ့ဘုန်းမြတ် (၁ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

တခုတည်းသော နိုင်ငံခြားငွေလဲလှယ်နှုန်း သတ်မှတ်ဖို့  ပြည်သူ့လွှတ်တော်က အတည် ပြုထားပေမယ့် အလျင်စလို မသတ်မှတ်ဘူးလို့ ဘဏ္ဍာရေးဝန်ကြီးက  ပြောလိုက်ပါတယ်။

ဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ် ငွေလဲနှုန်း ကျဆင်းမှုကြောင့် အခက်ကြုံနေတဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးဖို့ တွံတေး မဲဆန္ဒနယ်က ဦးစိုးသာက အဆိုတင်ပြတာကို ၀န်ကြီးက အဲဒီလို တုံ့ပြန်ဖြေကြားတာပါ။ငွေလဲနှုန်းကို အလျင်စလို ပြောင်းလဲ သတ်မှတ်ရင် ဆိုးကျိုးတွေ သက်ရောက်လာ နိုင်တာကို သတိပြုဖို့လိုတယ်လို့ ဘဏ္ဍာရေး ၀န်ကြီးက ထောက်ပြပြီး ရှင်းလင်ပြောကြား သွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောပြပါတယ်။

“လက်ရှိအခြေအနေအရ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို သတ်မှတ်ဖို့ လိုလာပြီဆိုတာ သူပြောတယ်။ ဘယ်လောက်ငွေကြေး သတ်မှတ်မယ်ဆိုတာ သူမပြောဘူး။ ဒါပေမယ့် အလျင်စလိုမလုပ်ဘဲနဲ့  အခြေအနေ အရပ်ရပ်ကို တွက်ချက်ပြီးတော့မှ ဆုံးဖြတ်ရမယ် ဆိုတာကို ပြောသွားတာပဲ။”

အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁,၀၀၀ ၀န်းကျင် ငွေလဲနှုန်း သတ်မှတ်ဖို့ ကိုယ်စားလှယ်တချို့က အကြံပြုထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသတ်မှတ်တဲ့ နိုင်ငံခြားငွေနှုန်းနဲ့ အက်ဖ်အီးစီ-နိုင်ငံခြားငွေ လက်မှတ်အပြင် ဈေးကွက်ပေါက်ဈေး၊ ဟွန်ဒီငွေလွှဲနှုန်း၊   earning (ပို့ကုန်ကရတဲ့နိုင် ငံခြားငွေကို ပြန်ရောင်းတဲ့ဈေး)၊ account transfer ငွေလွှဲနှုန်း စသဖြင့် အမျိုးမျိုး ဖြစ် နေတာကို ဘဏ္ဍာရေးဝန်ကြီးက ပြောသွားပါတယ်။

လက်ရှိ အစိုးရနှုန်းဟာ အမေရိကန်တဒေါ်လာကို ၅ ကျပ်ခွဲကျော်လို့ ကမ္ဘာ့ဘဏ် ဖော်ပြချက်အရ သိရပြီး ဈေးကွက်မှာတော့ ၇၅၀ ကျပ်ဝန်းကျင်ကို ရောက်နေပါတယ်။

မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ် ဖြစ်လာဖို့ နိုင်ငံခြားငွေလဲနှုန်းကို အမြန်ဆုံး ပြင်ဆင်သတ်မှတ်ဖို့ လိုနေတယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Blog at WordPress.com.

Up ↑

%d bloggers like this: