(၁၄ စက်တင်ဘာ ၂၀၁၀)
ဒီလ (၁၄) ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ကြေညာတဲ့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရဲ့ ၉၇/၂၀၁၀ ကြေညာချက်အရ အစိုးရပိုင် ရုပ်မြင်သံကြားလိုင်းတွေနဲ့ ရေဒီယိုလိုင်းတွေကနေ ဟောပြောတင်ပြခွင့်တွေကို ရရှိမယ်လို့လည်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာာ အစီအစဉ် (၁၅) မိနစ်စာ ဟောပြောဖော်ပြခွင့်ကို ၃၁ ရက် ၁၀ လ ၂၀၁၀ အထိ အလှည့်ကျ ရရှိကြမှာဖြစ်ပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ ဟောပြတင်ပြလိုတဲ့ အကြောင်းအရာများကို အနည်းဆုံး ၇ ရက်ကြိုတင်ပြီး ပါတီခေါင်းဆောင် ဖြစ်သူက ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွေကို လျှောက်ထား တင်ပြကြရမှာဖြစ်ပါတယ်။ ဒီလိုလျှောက်ထားတဲ့နေရာမှာ နိုင်ငံေ၇းပါတီတွေအနေနဲ့ A 4 စာရွက် (ရ) ရွက်စာ တင်ပြကြမှာဖြစ်ပြီး စာမူကို ကော်မရှင်က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး စိစစ်ပြီးမှ ခွင့်ပြုချက်ပေးတာ၊ ပျယ်ဖျက်တာတွေကို ပြုလုပ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဟောပြောမယ့် အကြောင်းအရာတွေထဲမှာတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံညီညွတ်မှု မပြို့ကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတွေကို ထိခိုက်မယ့်အကြောင်းအရာတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေကို လေးစားမှုမရှိတဲ့အကြောင်းအရာတွေ၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေရန် ဂုဏ်သိက္ခကျဆင်းစေမယ့် အကြောင်းအရာတွေနဲ့အတူ တပ်မတော် ပြိုကွဲရေးနဲ့ တပ်မတော်ရဲ့ဂုဏ်သိက္ခကို ထိပါးပုတ်ခက် သွေးခွဲမယ့်အကြောင်းအရာတွေကို အဓိက ကန့်သက်ထားပါတယ်။
Leave a Reply