အန်အယ်ဒီအပါအ၀င် နိုင်ငံပါတီများအား နအဖဖျက်သိမ်း


(၁၄ စက်တင်ဘာ ၂၀၁၀)

၁၉၉၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲအပျက်အသက်နဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ထူထောင်ခွင့် မလျှောက်ထားခဲ့တဲ့ နိုင်ငံရေးပါတီ ၅ ပါတီကို နိုင်ငံရေးပါတီအဖြစ်ကနေ ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဒီကနေ့ရက်စွဲနဲ့ ဖျက်သိမ်းလိုက် တဲ့အကြောင်းလို့ အစိုးရပိုင် ရုပ်မြင်သံကြားလိုင်းတွေက တဆင့် ဒီကနေညနေပိုင်းမှာ ကြေညာသွားပါတယ်။ ဒီပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊ ပြည်ထောင်စု ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီနဲ့ “၀” အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ တို့ကို ဖျက်သိမ်းလိုက်တာလဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ လက်ကျန် နိုင်ငံရေးပါတီ စုစုပေါင်း ၁၀ ခုရှိပြီး ကျန်တဲ့ ပါတီ ၅ ခုကတော့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည် ထောင်ခွင့် လျှောက်ထား ထားပါတယ်။

ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာပဲ နိုင်ငံရေးပါတီ အဖြစ် ထူထောင်ခွင့် လျှောက်ထားထားတဲ့ နိုင်ငံရေးပါတီ (၃) ပါတီကိုလည်း နိုင်ငံရေးပါတီ ထူထောင်ခွင့် မပေး ပဲ ပယ်ဖျက်လိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။ ဒီထူထောင်ခွင့်မရရှိတဲ့ နိုင်ငံရေးပါတီ (၃) ခုကတော့ ဒေါက်တာ တူးဂျာ ဦးဆောင်တဲ့ “ကချင်ပြည်နယ် တိုးတက်ရေးပါတီ” (KSPP) နဲ့ “ညီညွတ်သော ဒီမိုကရေစီပါတီ ကချင်ပြည်နယ်” (UDP) နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ပဲ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီသစ်အဖြစ် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ (၄၂) ပါတီထဲက နိုင်ငံေ၇းပါတီ ၅ ပါတီကို လည်း  သတ်မှတ်ထားတဲ့ နိုင်ငံရေးပါတီများဥပဒေတွေနဲ့အညီ ဆောင်ရွက်နိုင်ခြင်း မရှိတာကြောင့် ဖျက်သိမ်း လိုက်တယ်လို့လည်း ဆိုပါတယ်။ ဒီပါတီတွေကတော့  ပြည်ထောင်စူကရင်အမျိုးသားများအဖွဲချူပ်၊ မြန်မာလူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ၊ မြို တိုင်ရင်းသားပါတီ၊ ဒေသဖွံ ဖြိုးတိုးတက်ရေးပါတီတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေး ပါတီသစ် (၃၇) ပဲ ကျန်ရှိပါတော့တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: