စာနယ်ဇင်း, သတင်း

သမ္မတ အိုဘားမား လက်မှတ်ထိုးသည့်အပေါ် မြန်မာ့သတင်းသမားများအမြင်


သမ္မတ အိုဘားမား လက်မှတ်ထိုးသည့်အပေါ် မြန်မာ့သတင်းသမားများအမြင်

အံ့ဘုန်းမြတ်၁၈ မေ ၂၀၁၀

ကမ္ဘာတ၀န်း သတင်းလွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို အရေးယူနိုင်မယ့် ဥပဒေတရပ်ကို အမေရိကန်သမ္မတ အိုဘားမားက အတည်ပြုလက်မှတ်ရေး ထိုးလိုက်တဲ့ အခြေအနေမှာပဲ မြန်မာပြည်ကတော့ ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ချိုးဖောက်ခံရတဲ့ နိုင်ငံတွေစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒီဥပဒေမျိုးတွေဟာ ဒီမိုကရေစီမရှိသေးတဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ကျရောက်နေတဲ့ နိုင်ငံတွေက သတင်းသမားတွေအတွက်တော့ အကျိုးမရှိစေနိုင်ဘူးလို့ သတင်းသမား အများစုက ပြောကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်တွင်းက သတင်းဂျာနယ် အယ်ဒီတာတဦး စပြောရာမှာတော့

“ဒီဥစ္စာက နိုင်ငံတခုရဲ့ လွှမ်းနေတဲ့ Plitical (နိုင်ငံရေး)နဲ့ပဲ အဓိကဆိုင်တယ်။ ဆိုင်တဲ့အခါကျတော့ ဒီမှာ ဘယ်လောက်အထိ သူတို့က ဒီအပေါ်မှာ လွတ်လပ်ခွင့် ပေးမပေးဆိုတာ သူတို့ရဲ Plitical နဲ့လည်း ဆိုင်တယ်။ နောက်ပြီးတော့ သူတို့ Plitical ကို ထိလာမယ်။ အဓိကကတော့ ထိခိုက်လာမယ်ဆိုရင် သူတို့က ဒီဟာကို ဒီလိုပဲ ဆက်လုပ်ထားမှာပဲ။ ဟိုမှာလုပ်တာကတော့ မှန်တာပေါ့နော်။ ဒါပေမဲ့ သူတို့လုပ်တယ်ဆိုပေမယ့် သိတဲ့အတိုင်းပဲ။ သူတို့ လုပ်လို့ရသလောက်ကလည်း အခြားပွိုင့်တွေတောင် မှ အများကြီး သူတို့လုပ်လို့ရတာမှ မဟုတ်တာပဲ။ အဲဒါကလည်း သိပ်ပြီးတော့ ကြီးကြီးမားမားတော့ မျှော်လင့်စရာမရှိဘူး ထင်တာပဲ။”

ဒါ့အပြင် ရန်ကုန်စာနယ်ဇင်းအသိုင်းက အယ်ဒီတာတဦးကလည်း နိုင်ငံတ ကာဥပဒေတွေနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။

“ဥပဒေတခု ထုတ်တယ်ဆိုတာက ဥပဒေက ကိုယ့်နိုင်ငံအလိုက်ပေါ့။ အမေရိကန်လည်း အမေရိကန်၊ ဥရောပလည်း ဥရောပ၊ အိန္ဒိယ၊ တရုတ်၊ ဗမာလည်း ထုတ်လို့ရတယ်။ ဒါပေမဲ့ ဥပေဒေ တခုတည်းကနေ နိုင်ငံအားလုံးကို လွှမ်းဖို့ အဲဒါကတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ မဖြစ်နိုင်ဘူးထင်တယ် ဆိုတာက သူ့နိုင်ငံနဲ့ ဆက်နွှယ်တဲ့ ကိစ္စတွေမှာတော့ သူအဲဒါကို အသုံးပြုလို့ ရတာပေါ့။ အဲဒီ ဥပဒေရဲ့ အကာအကွယ်ယူလို့ရတာပေါ့နော်။ ဥပမာ တရုတ်ပြည်က ဥပဒေအကာအကွယ်နဲ့ ဗမာပြည်မှာ ယူလို့မရဘူးပေါ့။ အမေရိကန် ဥပဒေအကာ အကွယ်နဲ့ ဗမာပြည်မှာ ယူလို့မရဘူး။ ဒီက ဥပဒေနဲ့လည်း တရုတ်ပြည်မှာ သွားပြီး အကာအကွယ်ယူလို့မရဘူး။ အဒီလို ရှိတာပေါ့။ အဲဒီတော့ ကျနော်တို့အတွက်က သိပ်ပြီးတော့ မထူးဘူးလို့ ထင်ပါတယ်။”

ပြည်တွင်းက သတင်းဂျာနယ် အယ်ဒီတာတဦးကလည်း လက်ရှိ မြန်မာသတင်းထောက်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကိုလည်း ပြောပြပါတယ်။

“ကမ့်ဘဲလ်လာတုန်းက ဒီပြန်ကြားရေးအဖွဲ့နဲ့ တွေ့တာကိုပဲ သေချာလေးကြည့်လိုက်လို့ရှိရင် ပြန်ဖြေထားတဲ့ဟာတွေက သိတဲ့အတိုင်းပဲ။ ဘာမှ သိပ်မထူးဘူး။ ဗြောင်ပဲ၊ လိမ်စရာရှိရင်လည်း ဗြောင်လိမ်တယ်။ ပြီးရင် လုပ်ချင်တာလုပ်တယ်။ အဲဒီ ပုံစံဖြစ်နေတယ်။ အခုလည်း သိတဲ့အတိုင်းပဲ သတင်းထောက်တွေ ဘာမှ လုပ်လို့မှ မရတာ။ ဘယ်နေရာသွားသွား ဥပမာ တကယ်တခုခု ဖြစ်တဲ့ Serious (တကယ်)ဖြစ်တဲ့  Field (နယ်ပယ်) ထဲသွားလို့ရှိရင် ဓာတ်ပုံရိုက်တာကအစ အရင်တုန်းကလိုပဲ ဆွဲမှာပဲ။ ဘာမှ ထူးခြားတိုးတက်လာတာ ရှိမှမရှိတာ။ သိတဲ့အတိုင်းပဲ ပိုပိုပြီးတော့ ပိုဆိုးလာတာပဲ တွေ့ရမှာ။”

ဒီဥပဒေမျိုးဟာ မြန်မာစာနယ်ဇင်းသမားတွေကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့လည်း မြန်မာ့သတင်းသမဂ္ဂ ဒု-ဥက္ကဌ ဦးဇင်လင်းက အခုလို သူ့အမြင်ကို ပြောပြသွားပါတယ်။

“နိုင်ငံတကာကတော့ သူတို့ တက်နိုင်သလောက် လှမ်းပြီးတော့ သတိပေးနေတာ လုပ်နိုင်တယ်။ ရှုတ်ချတာ လုပ်နိုင်တယ်။ အထဲက လူတွေကို ဘာပဲပြောပြော စိတ်ဓာတ်မကျအောင် Encourage လုပ်ပေးတဲ့ သဘောနဲ့တော့ ဆုတွေဘာတွေနဲ့ ချီးမြှင့်တာမျိုးတွေနဲ့ လုပ်ပေးနိုင်တာတွေတော့ ရှိတာပေါ့။ သို့သော်လည်းပဲ တကယ်ကတော့ ဒီစစ်အာဏာယန္တရားကို ပြောင်းမပစ် နိုင်သမျှကာလပတ်လုံး ဒီစာပေးစိစစ်ရေးရုံးကြီးကို ဖယ်ရှားမပစ်နိုင်သမျှ ကာလပတ်လုံး မြန်မာသတင်းစာ လွတ်လပ်ခွင့်ကိစ္စ ဝေးနေအုံးမယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်ထဲမှာ သတင်းယူတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ မတရား ဖမ်းဆီးထောင်ချခံနေရတဲ့ ဖြစ်ရပ်တွေက ဖြစ်နေပြီပဲ။ နောက်လည်းပဲ အလားတူပဲ သတင်းထောက်တွေ သူတို့ အုပ်ချုပ်ရေးယန္တရားဆိုင်ရာ ဒါတွေနဲ့ပတ်သက်လို့ သတင်းယူတာတွေ။ ခွင့်မပြုချင်တဲ့ဟာတွေ သတင်းလုပ်မိရင်တော့ ဒီဥစ္စာက အပြစ် ဖြစ်နေဦးမှာပဲ။”

မြန်မာနိုင်ငံဟာ နအဖစစ်အစိုးရ လက်ထက်မှာ ကမ္ဘာစာနယ်ဇင်း လွတ်လပ်ခွင့်အဆုံးရွားဆုံး ၅ နိုင်ငံအတွင်း မြောက်ကိုရီးယား၊ ကျူးဘား၊ လစ်ဗျားတို့နဲ့ အတူ ထိပ်ဆုံးက ပါဝင်နေပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: