House of Gucci (2021) (မြန်မာစာတမ်းထိုးရုပ်ရှင်)


● ဒီကနေညတော့ ကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်တွေထဲက ကျွန်တော်တို့ရဲ့ ချစ်သည်းကျော် ဂါဂါမလို့ ချစ်စနိုးခေါ်ကြတဲ့ စွယ်စုံရအနုပညာရှင်မလေး လေဒီ ဂါဂါ (Lady Gaga) အဓိက သရုပ်ဆောင်ထားတဲ့ “ဂူချီအိမ်တော်” မြန်မာလို ဘာသာပြန်ရမယ့် House of Gucci (2021) ရုပ်ရှင်လေးအကြောင်းကို မျှဝေပေးလိုက်ရပါတယ်။ ● အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့ (Florence) အခြေစိုက် ကမ္ဘာကျော် အဆင့်မြင့်ဇိမ်ခံ ဖက်ရှင်ကုန်အမှတ်တံဆိပ် (High-End Luxury Fashion Brand) တစ်ခုဖြစ်တဲ့ Gucci ဖက်ရှင်အိမ်တော်မှာ ၁၉၉၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် ကမ္ဘာကျော်လူသတ်မှုကို အခြေခံပြီး ဒါရိုက်တာ ရစ်ဒလေ စကော့တ် (Ridley Scott) က ဖန်တီးပုံဖော်ထားတဲ့ အမေရိကန် အတ္ထုပ္ပတ္တိဒရာမာဇာတ်ကား တစ်ကားဖြစ်ပါတယ်။... Continue Reading →

Marry Me (2022)


ကျွန်တော်တို့ရဲ့ ကမ္ဘာကျော် ပေါ့ပ်ဘုရင်မတစ်ဦးဖြစ်တဲ့ J.Lo လို့ ချစ်စနိုးခေါ်ကြတဲ့ ဂျနီဖာ လိုပက်ဇ် (Jennifer Lopez) အဓိကသရုပ်ဆောင်ထားတဲ့ Marry Me (2022) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ၂၀၂၂ ခုနှစ် ချစ်သူများနေ့မတိုင် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာပဲ ထွက်ရှိလာခဲ့ပါတယ်။ မထွက်ခင်နေ့တွေကပဲ Jimmy Fallon တင်ဆက်တဲ့ NBC ရဲ့ The Tonight Show မှာ  Marry Me (2022) ဇာတ်ကားအကြောင်းနဲ့ ဇာတ်ဝင်ခန်းတွေအကြောင်းကို  J.Lo နဲ့ အင်တာဗျူးတွေ ဖျော်ဖြေတင်ဆက်မှုတွေကို တွေ့လိုက်ရလို့ ဇာတ်ကားထွက်မယ့်နေ့နဲ့ HD 1080 အပြည့်ရမယ့်နေ့ကို တမျှော်မျှော်နဲ့ စောင့်နေခဲ့ရတာဆိုပါတော့.. ဇာတ်ကားတက်တက်လာချင်းပဲ ချက်ချင်းဆွဲချပြီး Channel Myanmar တို့ဘာတို့က မြန်မာစာတမ်း... Continue Reading →

တော်လှန်ရေးနှင့် ပုန်ကန်အုံကြွမှု (Revolution & Rebellion)


နိုင်ငံရေးသိပ္ပံတွင် တော်လှန်ရေး (လက်တင်: Revolutio - "ပြန်လည်လှည့်ပတ်မှု") ဟု အဓိပ္ပါယ် ဖွင့်ဆိုသည်။ အစိုးရကို ဆန့်ကျင်ပုန်ကန်သည့်အခါ ဖြစ်ပေါ်လာသည့် နိုင်ငံရေးအာဏာနှင့် နိုင်ငံရေးအဖွဲ့အစည်း တွင် အခြေခံကျပြီး အတော်အတန် ရုတ်တရက် အပြောင်းအလဲ တစ်ခုဖြစ်သည်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဖိနှိပ်ချုပ်ချယ်မှုများ (သို့မဟုတ်) နိုင်ငံရေး အရည်အချင်း မပြည့်မီမှုများ ကြောင့် ဖြစ်လေ့ရှိသည်။ https://youtu.be/Dtmwb9PBQl4 REVOLUTION နိုင်ငံတစ်နိုင်ငံတွင် အစိုးရအား ဖယ်ရှားရေးနှင့် အစားထိုးနိုင်ရန် ကြီးမား များပြားသည့် ဘဝတန်ဘိုးပေါင်းများစွာ ရင်းနှီးပေးအပ်ကာ ကြီးမားသော ပြောင်းလဲမှုအတွက် ရုန်းကန်မှုများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခြေအနေ။ အာဏာ လက်ကိုင် (သို့) လက်ခံ အစိုးရတစ်ရပ်အား အစားထိုး ပြောင်းလဲ နိုင်ရန် လူ့အဖွဲ့အစည်း၏... Continue Reading →

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: