နိုင်ငံရေး

This category contains 290 posts

ဒီမိုကရေစီနိုင်ငံတော်


ဇော်ဇော်အောင် (ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် ၄၅ မတ်လ ၂၀၁၂)

ဒီဝေါဟာရတွေဟာ ပေါ့ပေါ့တန်တန် ပြောလို့မရတဲ့ ဝေါဟာရမျိုးတွေဖြစ်တယ်။ နိုင်ငံတော်ဆိုတာ စကြည့်ကြပါစို့။

နိုင်ငံတော်ဆိုတာ

ပထ၀ီဝင်အနေအထားအရ တိတိကျကျသတ်မှတ်ထားတဲ့ နယ်နိမိတ်အတွင်းက နေရာဒေသတစ်ခု၊ အရပ်ဒေသ တစ်ခုကို ခေါ်တယ်။ အဲ့ဒီနေရာဒေသ၊ အရပ်ဒေသရဲ့ နယ်နိမိတ်အတွင်းမှာ နှစ်ရှည်လများ အတူတကွနေထိုင်လာကြတဲ့ လူတွေရှိတယ်။ အဲ့ဒီလူတွေဟာ ဓလေ့ထုံးစံယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်မှု စတာတွေ တူကြတာလည်းရှိတယ်။ မတူကြတာလည်းရှိတယ်။ နိုင်ငံလို့ ယေဘုယျခေါ်တယ်။ နိုင်ငံတော်လို့ ၀ိသေသပြုလည်း ခေါ်တယ်။

နိုင်ငံတော်လို့ ခေါ်လိုက်တဲ့အခါ အဲ့ဒီနိုင်ငံရဲ့ နိုင်ငံရေးအရ ဖွဲ့စည်းထားတဲ့ အစိုးရဆိုတာ ပါဝင်လာပြီ။ အဲ့ဒီအစိုးရအဖြစ် ပါဝင်ဖွဲ့စည်းထားတဲ့ လူတစ်စုရဲ့ လုပ်ပိုင်ခွင့်တွေ၊ အာဏာတွေ၊ အစွမ်းသတ္တိတွေကို စုပေါင်းပြီး နိုင်ငံတော်လို့ ခေါ်လိုက်တာလည်း ရှိတယ်။

အဲ့ဒီလို အစိုးရအဖြစ် ပါဝင်စုစည်း တာဝန်ယူထားတဲ့လူတွေကိုပဲ နိုင်ငံတော်လို့ ခေါ်တတ်ကြသေးတယ်။ လူတွေရဲ့ အစုအဝေး အသင်းအဖွဲ့ဆိုတဲ့သဘောပဲ။ Body Politic လို့ ခေါ်တယ်။ အဲ့ဒါက လူတွေကို ခေါ်တာ။ အဲ့ဒီလို အစိုးရအဖွဲ့မှာပါတဲ့ လူတွေရဲ့ အာဏာတွေ၊ အစွမ်းသတ္တိ လုပ်ပိုင်ခွင့်ကိုလည်း နိုင်ငံတော်လို့ ခေါ်တယ်။ အဲ့ဒီတော့ စကားစဉ်ကို ပြန်ချုပ်ရင် နိုင်ငံတော်ဆိုရာမှာ….

၁။         ပထ၀ီဝင်နယ်န၀မိတ်ရဲ့ ကန့်သတ်ထားတဲ့နေရာ

၂။         အဲ့ဒီနေရာမှာနေတဲ့ လူတွေရဲ့အစိုးရ

၃။         အဲ့ဒီအစိုးရအဖြစ် ပါဝင်ဖွဲ့စည်းထားတဲ့ တာဝန်ရှိသူတွေ

၎။         အဲ့ဒီလူတွေရဲ့ သြဇာ၊ အာဏာ၊ လုပ်ပိုင်ခွင့်၊ အစွမ်းသတ္တိ၊ အရှိန်အ၀ါတွေ

၅။    အထက်ပါအချက်တွေအားလုံးကို ပေါင်းရုံထားတဲ့ ဂုဏ်သရေတွေ၊ သိက္ခာတွေ၊ အရည်အချင်း တန်ဖိုးတွေကို ကိုယ်စားပြုထားတဲ့ နာမည်တခုလို့ အတိုချုပ်မှတ်နိုင်တယ်။

ဒီမိုကရေစီဆိုတာဟာလည်း ကျယ်ဝန်ပါတယ်။ ခက်ခဲရှုပ်ထွေးပါတယ်။ အဓိပ္ပါယ်တွေ ထွေပြားတယ်။ အရပ်စကားနဲ့ အရပ်သားနားလည်ဖို့ ကြိုးစားပါ့မယ်။ ဒီအချက်ကို သတိပြုမိစေချင်ပါတယ်။

ဒီမိုကရေစီဆိုတာ

အုပ်ချုပ်ရေးစနစ်တခုဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံမှာ လူတွေရှိတယ်။ နိုင်ငံသားလို့လည်းခေါ်တယ်။ ပြည်သူလူထု လို့လည်း ခေါ်တယ်။ အဲ့ဒီလူတွေရဲ့ ကိစ္စကို လုပ်ကိုင်ပေးဖို့ အစိုးရဆိုတာရှိတယ်။ အဲ့ဒီအစိုးရမှာ အုပ်ချုပ်ရေးစနစ်ဆိုတာ ရှိရတယ်။ ဒါမှ အဲ့ဒီနိုင်ငံကို အုပ်ချုပ်နိုင်မှာပေါ့။ အဲ့ဒီအတွက်လည်း အုပ်ချုပ်ရေးအာဏာဆိုတာ လိုတယ်။ အဲ့ဒီအာဏာကို ပြည်သူ့ (သို့မဟုတ်) လူထုက ကိုင်ထားတဲ့ စနစ်။ တစ်နည်းပြောရင် အုပ်ချုပ်ရေးအာဏာကို လူထုလက်ထဲမှာ ထားတဲ့စနစ်ကို ဒီမိုကရေစီစနစ်လို့ ခေါ်တယ်။

စကားတစ်ခွန်းရှိတယ်။ “အအုပ်ချုပ်ခံများက အုပ်ချုပ်သည့်စနစ်“  ဆိုတဲ့စကား။ Rule By The Ruled နိုင်ငံတစ်နိုင်ငံမှာ လူထုဆိုတာရှိတယ်။ အုပ်ချုပ်တဲ့အစိုးရဆိုတာရှိတယ်။ အစိုးရက နိုင်ငံမှာရှိတဲ့ လူထုကို အုပ်ချုပ်တယ်လို့ နားလည်ထားကြတယ်။ တကယ့်ဓမ္မစစ်က အုပ်ချုပ်နေတဲ့ သူတွေဟာ အုပ်ချုပ်ခြင်းကို ခံနေရတဲ့ အအုပ်ချုပ်ခံလူတွေဖြစ်တယ်။ လူထုက အစိုးရကို ရွေးချယ်တင်မြှောက်ထားတာကိုး။ အစိုးရဆိုတာ လူထုကိုယ်စားလှယ်တွေပဲ။ ဒါကြောင့် တကယ်အုပ်ချုပ်နေတာက အအုပ်ချုပ်ံ လူထုဖြစ်တယ်။ အဲ့ဒီ လက္ခဏာတွေရှိတဲ့ အုပ်ချုပ်ရေးစနစ်ဟာ ဒီမိုကရေစီပဲ။ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ပဲဖြစ်တယ်။

ရွေးချယ်တင်မြှောက်တဲ့ စနစ်ကလည်း အလွန်အရေးကြီးတယ်။ ရွေးကောက်ပွဲစနစ်ပဲပေါ့။ လူထုအရေးကိစ္စတွေ ဆောင်ရွက်ပေးမယ့် အစိုးရကို လူထုက ရွေးချယ်တင်မြှောက်ရတယ်။ လူထုကလွဲလို့ တခြားဘယ်သူမှ ရွေးချယ်တင်မြှောက် ပေးခွင့်မရှိဘူး။ သမ္မတလို အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်လည်း အစိုးရအဖွဲ့မှာပါမယ့် လူထုကိုယ်စားလှယ်တွေကို သူ့သဘောနဲ့သူ ရွေျးယ်ခွင့်မရှိဘူး။ တခြားအာဏာပိုင်အကြီးအကဲတွေလည်း ဘယ်သူမှ ရွေးချယ်ခွင့်မရှိဘူး။ အစိုးရအဖွဲ့ထဲမှာပါမယ့် လူထုကိုယ်စားလှယ်တွေကို လူထုကပဲ ရွေးကောက်ပွဲ နည်းလမ်းတကျ ရွေးချယ်တင်မြှောက်ရတယ်။ တစ်နည်း ရှင်းအောင်ပြောရရင် လူထုကိုယ်စားလှယ်တွေကို အပေါ်က ရွေးပြီးခန့်လို့မရဘူး။ အောက်ခြေလူထုက ရွေးပြီးတင်မြှောက် ရတာဖြစ်တယ်။ ဒီအချက်ဟာလည်း အလွန်အရေးကြီးတဲ့ ဒီမိုကရေစီသဘောတရားတစ်ရပ်၊ ဒီမိုကရေစီ လက္ခဏာတစ်ခုဖြစ်တယ်။

အစိုးရအဖွဲ့မှာပါမယ့် လူထုကိုယ်စားလှယ်တွေကို လူထုဆန္ဒသဘောကျ ရွေးချယ်တင်မြှောက်လိုက်ပြီ ဆိုပါစို့။ အစိုးရအဖွဲ့ရယ်လို့ ဖြစ်လာပြီ။ ဒါပေမဲ့ အဲ့ဒီအစိုးရဟာ လူထုအကျိုးစီးပွားကို မဆောင်ရွက်ဘူး။ ဆောင်ရွက်ဖို့ ပျက်ကွက်တယ်။ ဒါ့အပြင် လူထုကို မတရားဖိနှိပ်အုပ်စိုးလာတယ်ဆိုရင် အဲ့ဒီအစိုးရကို လူထုက အကြမ်းမဖက်ဘဲ အချိန်မရွေး ဖြုတ်ချနိုင်တယ်။ ဖယ်ရှားပစ်နိုင်တယ်။ သဘောကတော့ လူထုက ရွေျးယ်တင်မြှောက်တယ်။ နေရာမကျရင် အချိန်မရွေး ဖြုတ်ချနိုင်တဲ့ အခွင့်အရေးရှိတယ်။ ဒီအချက်ဟာလည်း အလွန်အရေးကြီးတဲ့ လက္ခဏာရပ်ဖြစ်တယ်။ စာတွေပေတွေ အတော်များများမှာ ဒီလက္ခဏာရပ်ဟာဖြင့် ဒီမိုကရေစီသဘောတရားများရဲ့ အဓိက၊ အချက်အချာ၊ အထွတ်အထိပ်လို့ ရေးသားဖော်ပြကြတယ်။ သူ့ထက် အရေးကြီးတာ မရှိတော့ဘူး။ သူဟာ အခေါင်အချုပ်လို့ ဆိုကြပါတယ်။ ဒါဟာ လူထုရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်ကြီးမာတယ်ဆိုတာ တစ်နည်းအားဖြင့် ဖော်ပြလိုက်တာပဲဖြစ်တယ်။ လူထုက သဘောမတူရင်၊ သဘောမကျရင် ဘယ်လောက်ပဲ သြဇာအာဏာကြီးတဲ့ အစိုးရဖြစ်စေ ဆင်းပေးရတယ်။ အဖယ်ရှားံရတယ်ဆိုတာ မှတ်ယူထားကြဖို့ပဲ ဖြစ်ပါတယ်။

ထပ်ပြောပါဦးမယ်။ အစိုးရအဖွဲ့တစ်ရပ်ဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မဆောင်ရွက်ဘူးဆိုရင်၊ သို့မဟုတ် ပြည်သူလူထုကို မတရားဖိနှိပ်ချုပ်ချယ်လာမယ်ဆိုရင် အဲ့ဒီအစိုးရကို ပြည်သူလူထုက ဖြုတ်ချနိုင်တယ်။ ဘယ်လောက် သြဇာ အာဏာကြီးမားတဲ့ အစိုးရဖြစ်စေ လူထုက သဘောမကျရင် ဆင်းပေးရတယ်။ ဒါ သိပ်အရေးကြီးတဲ့ အချက်ပါပဲ။

ရွေးကောက်ပွဲအကြောင်း ပြောကြဦးစို့။ ဒီမိုကရေစီစနစ်မှာ အစိုးရကို ရွေးချယ်တင်မြောက် ရတယ်။ ရွေးကောက်ပွဲကျင်းပပြီး ရွေးချယ်တင်မြှောက်ရတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ရွေးကောက်ပွဲကို ဘယ်နှစ်နှစ်တစ်ကြိမ်လို့ ကာလသတ်မှတ်ပြီး မှန်မှန်ကျင်းပရတယ်။ ရွေးကောက်ပွဲဟာ အသတ်တမျှ အရေးကြီးတယ်လို့ ဆိုကြပါတယ်။ ဘာကြောင့်လဲ။ ရွေးကောက်ပွဲနဲ့ ရွေးချယ်တင်မြှောက်ခြင်းမှတပါး တခြားဘယ်နည်းလမ်းနဲ့မှ အစိုးရဖြစ်တည်ခွင့် မရှိလို့ပါပဲ။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အမြဲတမ်းပြောတဲ့ စကားတစ်ခွန်းရှိတယ်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဆိုတဲ့ စကားပဲ။ ဒါက ရှင်းပါတယ်။ မလွတ်လပ်ရင် တရားမျှတမှုမရှိရင် အဲ့ဒါ

၁။    ဒီမိုကရေစီမဟုတ်ဘူး။

၂။    ရွေးကောက်ပဲ (၀ါ) ရွေးချယ်တင်မြှောက်ခြင်းလည်း မဟုတ်ဘူး။ ရိုးရိုးရှင်းရှင်းကလေးပါပဲ။ အထူးပြောနေလို့ မရပါဘူး။

ဇော်ဇော်အောင်

Advertisements

အစိုးရနိုင်ငံတော်နှင့် ဒီမိုကရေစီအကြောင်း


ထွန်းဇော်ဌေး (ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် ၄၅ မတ်လ ၂၀၁၂)

(ငါဟာနိုင်ငံတော်ဖြစ်တယ်။ (I am the State ) လို့ ဟစ်ကြွေးခဲ့တဲ့ သက်ဦးဆံပိုင်တွေကြောင့် ပြည်သူတွေဟာ နိုင်ငံတော်နဲ့ အစိုးကို အတူတူလို့ မြင်လာကြတယ်။ စစ်အာဏာရှင်ပဲဖြစ်ဖြစ် ပစ္စည်းမဲအာဏာရှင်ပဲဆိုဆို တစ်ပါတီအာဏာရှင် လို့ပဲပြောပြော၊ အာဏာရှင်စနစ်အောက်မှာ နှစ်ရှည်ကြာကြာ အိပ်မက်ဆိုးမက်ခဲ့ကြတဲ့ ပြည်သူတွေဟာလည်း နိုင်ငံတော်နဲ့ အစိုးရကို ကွဲကွဲပြားပြားမမြင်ခဲ့ကြဘူး။ ခွဲခွဲခြားခြား မသိနိုင်ခဲ့ကြဘူး။ ဒါ့အပြင် နိုင်ငံတော်တစ်ခုကို ကာလရှည်ကြာကြာ အုပ်စိုးခဲ့တဲ့သူတွေကိုယ်တိုင်ကလည်း သူတို့ကိုယ်သူတို့ (နိုင်ငံတော်နဲ့ တစ်သားတည်းပဲ) လို့ မြင်နေကြတယ်။ အဲ့ဒီအတွက် ကျွန်တော် ဒီစာကို ရေးပါတယ်။

နိုင်ငံတော်ကို State လို့ အင်္ဂလိပ်လို ပြန်ဆိုကြပါတယ်။ တိုင်းပြည်နဲ့ နိုင်ငံကို Country လို့ ပြန်ပြီး အစိုးရကိုတော့ Government လို့ ပြန်ကြပါတယ်။ ဝေါဟာရတွေ စကားရပ်တွေ မတူသလို စရိုက်လက္ခဏာရပ်တွေလည်း မတူကြပါဘူး။ ပထမဆုံးတော့ နိုင်ငံတော်ကိုခေါ်တဲ့ State or state power အကြောင်း ပြောကြရအောင်။

၁၉၄၇ အခြေခံဥပဒေ အခန်း (၂) မူလအခွင့်အရေးများဆိုတဲ့ကဏ္ဍမှာ (နိုင်ငံတော်) ဆိုတဲ့ စကားရပ်နဲ့ ပတ်သက်ပြီး အဓိပ္ပာယ် ရှင်းလင်းချက်ပေးထားတာက (၉။ ဤအခန်းနှင့် အခန်း (၃)၊ အခန်း (၄)တို့တွင် နိုင်ငံတော်ဟူသော စကားရပ်၏ ဆိုလိုရင်းအဓိပ္ပာယ်မှာ ရှေ့နောက်စကားတို့၏ အဓိပ္ပာယ်ကိုထောက်၍ ပြည်ထောင်စုနိုင်ငံ၏ သို့တည်းမဟုတ် သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့ဝင်၏ အုပ်ချုပ်မှု အခွင့်အာဏာကိုသော်လည်းကောင်း၊ ဥပဒေပြုမှု အခွင့်အာဏာကိုသော်လည်းကောင်း ဆိုလိုသည်။) (စာ ၂) လို့ ဖော်ပြထားတယ်။ သူကတော့ ဝေါဟာရရှင်းလင်းချက်မဟုတ်ဘဲ အခြေခံဥပဒေ လိုအပ်ချက်အရ ရှေ့နောက်ချိန်ဆ ဖော်ပြထားတာပါ။

နိုင်ငံတော်လို့ဆိုလိုက်တာနဲ့ ပိုင်နက်နယ်မြေ ပထ၀ီသဘောတရား နယ်နိမိတ်တို့ ရှိရပါ့မယ်။ တိုင်းသူပြည်သား ရှိရပါမယ်။ စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရှိရပါမယ်။ ဒီအချက်တွေနဲ့ ပြည့်စုံတဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ ယူနစ်တစ်ခုဟာ နိုင်ငံတော်ပဲဖြစ်တယ်လို့ ပြောရင် ရနိုင်ကောင်းပါတယ်။ အဓိပ္ပာယ် ဖွင့်ဆိုပေးရာမှာ ဘောင်ကျဉ်းမှာစိုးတဲ့အတွက် ပညာရှင်အများစုက စရိုက်လက္ခဏာရပ်တွေနဲ့ ဖွင့်ဆိုပြလေ့ရှိပါ တယ်။ စောစောက ပြောခဲ့တဲ့ နိုင်ငံတော် State or state power ထဲမှာ ယေဘူယျလက္ခဏာရပ်တွေ ရှိပါတယ်။

အဲ့ဒီယေဘူယျလက္ခဏာရပ်တွေထဲမှာ ပိုင်နက်နယ်မြေရှိခြင်း အခြေတကျ နေထိုင်တဲ့ ပြည်သူပြည်သားတွေ ရှိခြင်း၊ အချုပ်အချာအာဏာပိုင်စိုးမှု ပြည်သူ့ကိုယ်စား နိုင်ငံတော်အရေးကိစ္စတွေဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရှိခြင်းဟာ နိုင်ငံတော်ရဲ့ ယေဘူယျလက္ခဏာရပ်တွေဖြစ်တယ်။ နိုင်ငံတော်ရဲ့ အရေးကိစ္စတွေကို ပြည်သူ့ကိုယ်စား ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဟာ အစိုးရတစ်ရပ်ပါပဲ။ နိုင်ငံအရေးကို စီမံခန့်ခွဲဖို့ အဖွဲ့အစည်းတခုပေါ့။ အစိုးရ Government ဆိုတာ နိုင်ငံတော်အကျိုးတစ်စုံတစ်ရာရှိစေလိုတဲ့ ပေါ်လစီတွေကို ကိုယ်စားပြု ဆောင်ရွက်ပေးဖို့ ဖွဲ့စည်းထားတဲ့ ယန္တယားတစ်ခုပါပဲ။ ဒါကြောင့် အစိုးရရဲ့လုပ်ပိုင်ခွင့်ဟာ နိုင်ငံတော်ကနေ ဆင်းသက်လာတာပါ။ နိုင်ငံတော်ကနေ လုပ်ကိုင်ခွင့် အပ်နှင်းခြင်းခံရတဲ့ ယူနစ်တစ်ခုကို အစိုးရလို့ခေါ်တာပါ။ (ဘုန်းသက်ပိုင်ရေးတဲ့ လူငယ်နဲ့ နိုင်ငံရေး၊ အစိုးရနဲ့ ဒီမိုကရေစီ စာ ၂၇)

Continue reading

စစ်မှန်သည့်အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ရန် အစိုးရကို တိုက်တွန်း


အံ့ဘုန်းမြတ် (၉ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

မြန်မာအစိုးရအနေနဲ့  စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ လုပ်ဖို့ မြန်မာနိုင်ငံရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကော်မတီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနဲ့ တွေ့ဆုံစဉ်မှာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ပြောကြားလိုက်တာပါ။

ဒဲရက်ခ် မစ်ချဲလ်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက Continue reading

အစိုးရသစ်တာဝန်ရှိသူများ၏ လွှတ်တော်တွင်းပြောဆိုချက်အပေါ် ဝေဖန်


အံ့ဘုန်းမြတ် (၉ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

လွှတ်တော်အစည်းအဝေးမှာ အစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့ ပြောဆိုဖြေကြားချက်တွေဟာ လိုရာမရောက်ဘဲ ဆင်ခြေပေး ပြောကြားမှုတွေ များနေတယ်လို့ လွှတ်တော်တက် ကိုယ်စားလှယ်တချို့က ဝေဖန်လိုက်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တဦးက “အများအားဖြင့်တော့ သူတို့ဖြေရမယ့် ဥစ္စာ ဇဝေဇ၀ါ ဖြစ်တဲ့ ဥစ္စာတွေပေါ့လေ။ နောက်တခါ သူတို့မှာ အဖြေက တိတိကျကျ မရှိတဲ့ဥစ္စာမျိုးကတော့ အဲဒီလိုမျိုး မေးတဲ့မေးခွန်းက တခြား သူတို့ဖြေတာက တမျိုး အဲလို ဖြစ်ကုန်တယ်ဗျ။ အထူးသဖြင့်တော့ ၀န်ကြီးတွေက သူတို့ရဲ့ လုပ်ရပ်တွေကို ကာကွယ်ပေးပြီးတော့ ဖြေသွားတာ များတယ်လေ။ သူတို့ လုပ်နေပါတယ်။ လုပ်နေဆဲ၊ လုပ်ပါမယ်ဆိုတဲ့ စကားမျိုးနဲ့ နောက်ဆုံး ပိတ်ပိတ် သွားတာပဲ တွေ့ရတယ်လေ။ သူတို့က တိတိကျကျ ဖြေဖို့ ကြိုစားတာထက် အဆိုတွေကို ပြန်ရုပ်သိမ်းဖို့အတွက် ဆင်ခြေဆင်လက်တွေ ပေးနေတာပဲ တွေ့ရပါတယ်” လို့ ပြောပါတယ်။ Continue reading

မီဒီယာဥပဒေ ရေးဆွဲနေပြီဟု ပြန်ကြားရေးဝန်ကြီး ပြော


အံ့ဘုန်းမြတ် ၆ စက်တင်ဘာ ၂၀၁၁ (ဒီဗွီဘီ)

သတင်းမီဒီယာတွေနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲနေပြီး လွှတ်တော်ကို မကြာခင် တင်သွင်းမယ်လို့ ပြန်ကြားရေးဝန်ကြီးက ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။

သတင်းမီဒီယာတွေ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေး ရေး ဥပဒေတရပ် ပြဋ္ဌာန်းဖို့ သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းညွန့် မနေ့ကအစည်းအဝေးမှာ အဆိုတင်ခဲ့တာကိုတော့ ဒီနေ့အစည်းအဝေးမှာ မှတ်တမ်းတင်ပါတယ်။ Continue reading

Categories

%d bloggers like this: