အံ့ဘုန်းမြတ် (၂ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) ကြိုးနီစနစ်တွေ တိုက်ဖျက်မယ်လို့ ကြွေးကြော်ထားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အထက်အောက်ချုပ်ကိုင်မှု (ကြိုးနီစနစ်) လွန်ကဲနေတဲ့အပေါ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ပါတီခေါင်းဆောင်အချို့က ဝေဖန်လိုက်ကြပါတယ်။ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်တဲ့အခါတိုင်းမှာ ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တွေ သဘောထား ကွဲလွဲမှုမရှိဘဲ တညီတညွတ်တည်း ဆန္ဒမဲပေးနေတာ၊ ပါတီဝင် ကိုယ်စားလှယ် အချင်းချင်း အဆိုတွေကို ကန့်ကွက်ဆွေးနွေးမှု မရှိတာ စတဲ့အချက်တွေကို ထောက်ပြပြီး ဝေဖန်ထားကြတာပါ။ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တွေကို အခြား တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေက ဒေသဆိုင်ရာ အကျိုးစီးပွားတွေအတွက် တူညီတာတွေကို တွဲဖက်ပြီး အဆိုနဲ့ မေးခွန်းတွေ တင်သွင်းတာမျိုးတွေ ညှိနှိုင်းလုပ်ဆောင်ဖို့ ကမ်းလှမ်းချက်တွေကိုပါ လက်မခံကြတာပါလို့ အစည်းအဝေး တက်နေတဲ့ ကိုယ်စားလှယ်တဦးက... Continue Reading →
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်မှုများ စတင်တော့မည်
အံ့ဘုန်းမြတ် (၁ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအချို့ကို ဆွေးနွေးပြီး ပြင်ဆင်မှုတွေ စတင်ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ မနေ့ကလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် တင်သွင်းတဲ့ “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြင်ဆင်ဖို့” အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးပြီး ဥပဒေတွေကို ပြင်ဆင်သတ်မှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ဒီလိုရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်ဖို့ ကော်မရှင်က တင်ပြလာတဲ့ အထဲမှာတော့ ဥပဒေဖောက်ဖျက် ကျူးလွန်မှုတွေကြောင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်မှုတွေ အပါအ၀င် ပြစ်ဒဏ်တွေကိုပါ ပြင်ဆင်သတ်မှတ်ဖို့ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြေပုံမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပြပါတယ်။... Continue Reading →
လွှတ်တော်ကော်မတီများ၌ ပြည်ခိုင်ဖြိုးနှင့် ၀န်ကြီးဟောင်း များနေဟု ဝေဖန်
အံ့ဘုန်းမြတ် (၂၃ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ) လွှတ်တော်တွေက ရေးရာကော်မတီသစ်တွေမှာ နအဖ စစ်အစိုးရခေတ်က ၀န်ကြီး ဟောင်းတွေနဲ့ တပါတီ လွှမ်းမိုးမှု လွန်ကဲနေတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ဝေဖန်ကြပါတယ်။ မနေ့ကစတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကော်မတီ ၁၈ ခု၊ အမျိုးသား လွှတ်တော်မှာ ၈ ခု ဖွဲ့စည်းအတည်ပြုပါတယ်။ ဒီကော်မတီတွေမှာ ဥက္ကဋ္ဌတွေအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှုဆောင်အဖွဲ့ဝင် ၀န်ကြီးဟောင်းတွေက အများစုပါဝင်နေတဲ့အပေါ် ဒီ့ပြင်ပါတီခေါင်းဆောင်တွေက ဝေဖန်ကြတာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက “အမှန်မှာတော့ ကော်မတီ ဥက္ကဋ္ဌနေရာမှာ ပါတီစုံကနေ သင့်တော်တဲ့ပုဂ္ဂိုလ်တွေ ပါမယ်ဆိုရင်တော့ မြင်ကွင်းပိုလှတာပေါ့” လို့ ပြောပါတယ်။ “မပါနိုင်ဘူးဆိုတော့ တချက်စောင့်ကြည့်ရမှာက အဲဒီကော်မတီထဲမှာ တခြားပါတီထဲက... Continue Reading →
ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် စတင်ပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
အံ့ဘုန်းမြတ် ၂၂ သြဂုတ် ၂၀၁၁ (ဒီဗွီဘီ) နိုင်ငံနဲ့ ပြည်သူလူထုအကျိုးအတွက် လက်ရှိအစိုးရနဲ့ နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ် စတင်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်ပါတယ်။ ဒီနေ့ကျင်းပတဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ခုလိုပြောကြား တာလို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။ “သူ့မှတ်ချက်က အားရကျေနပ်မှု ရှိပါတယ်။ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးအတွက် ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်တခု စပြီလို့ သူ့အနေနဲ့ ယုံကြည်တယ်လို့ သူပြောပါတယ်။ အသေးစိတ် ဆွေးနွေးတဲ့အချက်တွေတော့ ခုချိန်မှာ မပြောနိုင်သေးဘူးခင်ဗျ။” ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့ရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေး နွေးခဲ့သလို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ် ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့ပြီးနောက် ခုလိုထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့... Continue Reading →
အမေရိကန်အကြံပေးအဖွဲ့နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ
အံ့ဘုန်းမြတ် (၁၇ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ) မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဂျွန်ကယ်ရီ အကြံပေးအဖွဲ့နဲ့ ၂၀၁၀ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အမေရိကန်သံရုံးမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြောင်းကို အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ခေါင်းဆောင် ဦးခင်မောင်ဆွေက အခုလို ပြောပြပါတယ်။ “ဂျွန်ကယ်ရီရဲ့ ကိုယ်စားလှယ်နဲ့ တနာရီခွဲလောက်ကြာအောင် ပြောလိုက်ရပါတယ်။ ဦးသုဝေတို့၊ ဦးမျိုးညွန့်၊ ဦးခင်မောင်ကြီး၊ ရခိုင်ပါတီက ဦးလှထွန်းဦး၊ မွန်ပါတီက နိုင်ခင်မောင်၊ ချင်းပါတီနဲ့ ကရင်ပါတီကလည်း ပါတယ်။” အကြံပေးအဖွဲ့ခေါင်းဆောင်နဲ့ အပြန်အလှန် ဆွေးနွေးဖြစ်ကြတဲ့ အကြောင်းတွေကိုလည်း ဦးခင်မောင်ဆွေက အခုလို ဆက်ပြောပြပါတယ်။ “ကျနော်တို့ကို ဒီနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်မှုတွေ ရှိသလားလို့ မေးတော့... Continue Reading →