ကြိုးနီစနစ်လွန်ကဲနေတဲ့ ကြံ့ခိုင်ရေးပါတီကို ဝေဖန်


အံ့ဘုန်းမြတ် (၂ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) ကြိုးနီစနစ်တွေ တိုက်ဖျက်မယ်လို့ ကြွေးကြော်ထားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အထက်အောက်ချုပ်ကိုင်မှု (ကြိုးနီစနစ်) လွန်ကဲနေတဲ့အပေါ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ပါတီခေါင်းဆောင်အချို့က ဝေဖန်လိုက်ကြပါတယ်။ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်တဲ့အခါတိုင်းမှာ ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တွေ သဘောထား ကွဲလွဲမှုမရှိဘဲ တညီတညွတ်တည်း ဆန္ဒမဲပေးနေတာ၊ ပါတီဝင် ကိုယ်စားလှယ် အချင်းချင်း အဆိုတွေကို ကန့်ကွက်ဆွေးနွေးမှု မရှိတာ စတဲ့အချက်တွေကို ထောက်ပြပြီး ဝေဖန်ထားကြတာပါ။ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တွေကို အခြား တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေက ဒေသဆိုင်ရာ အကျိုးစီးပွားတွေအတွက် တူညီတာတွေကို တွဲဖက်ပြီး အဆိုနဲ့ မေးခွန်းတွေ တင်သွင်းတာမျိုးတွေ ညှိနှိုင်းလုပ်ဆောင်ဖို့ ကမ်းလှမ်းချက်တွေကိုပါ လက်မခံကြတာပါလို့ အစည်းအဝေး တက်နေတဲ့ ကိုယ်စားလှယ်တဦးက... Continue Reading →

လွှတ်တော်ကော်မတီများ၌ ပြည်ခိုင်ဖြိုးနှင့် ၀န်ကြီးဟောင်း များနေဟု ဝေဖန်


အံ့ဘုန်းမြတ် (၂၃ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ) လွှတ်တော်တွေက ရေးရာကော်မတီသစ်တွေမှာ နအဖ စစ်အစိုးရခေတ်က ၀န်ကြီး ဟောင်းတွေနဲ့ တပါတီ လွှမ်းမိုးမှု လွန်ကဲနေတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ဝေဖန်ကြပါတယ်။ မနေ့ကစတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကော်မတီ ၁၈ ခု၊ အမျိုးသား လွှတ်တော်မှာ ၈ ခု ဖွဲ့စည်းအတည်ပြုပါတယ်။ ဒီကော်မတီတွေမှာ ဥက္ကဋ္ဌတွေအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှုဆောင်အဖွဲ့ဝင် ၀န်ကြီးဟောင်းတွေက အများစုပါဝင်နေတဲ့အပေါ် ဒီ့ပြင်ပါတီခေါင်းဆောင်တွေက ဝေဖန်ကြတာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက “အမှန်မှာတော့ ကော်မတီ ဥက္ကဋ္ဌနေရာမှာ ပါတီစုံကနေ သင့်တော်တဲ့ပုဂ္ဂိုလ်တွေ ပါမယ်ဆိုရင်တော့ မြင်ကွင်းပိုလှတာပေါ့” လို့ ပြောပါတယ်။ “မပါနိုင်ဘူးဆိုတော့ တချက်စောင့်ကြည့်ရမှာက အဲဒီကော်မတီထဲမှာ တခြားပါတီထဲက... Continue Reading →

ပြည်တော်ပြန်ရေး သမ္မတမိန့်ခွန်း နိုင်ငံရေးအင်အားစုများကြိုဆို


အံ့ဘုန်းမြတ် (၁၇ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ) နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်ပရောက်နိုင်ငံသားတွေ ပြန်လာပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်လိုက်တဲ့အပေါ် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ကြိုဆိုလိုက်ကြသလို ယုံကြည်ချက်တွေကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုပါ လွှတ်ပေးဖို့ လိုအပ်ကြောင်း တောင်းဆိုလိုက်ကြပါတယ်။ ဒီကနေ့ နေပြည်တော် မြန်မာကွန်ဗင်း​ရှင်း​စင်တာက စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တဲ့ သမ္မတမိန့်ခွန်းပါ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ ကမ်းလှမ်းချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲချုပ်အပါအ၀င် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီခေါင်းဆောင် တွေက ကြိုဆိုလိုက်ကြတာဖြစ်ပါတယ်။ အဲ့ဒီထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက    “ဒီဥစ္စာက သတင်းကောင်းပါ။ ကျနော်တို့အနေနဲ့လည်း အဲဒီလိုပြောတယ်ဆိုရင် ကြိုဆိုပါတယ်။ အခုဖြစ်စဉ်တွေကို ဒီထက်တိုးတက်လာဖို့ကို ကျနော်တို့ မျှော်လင့်တယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ်လို့... Continue Reading →

ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီ အခကြေးငွေယူခန့်ထား


အံ့ဘုန်းမြတ် (၁၅ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ) ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်အချို့ရဲ့ ရပ်ကွက်ကျေးရွာတွေရဲ့ အုပ်ချုပ်ရေးမှူးတွေ အဖြစ် ကြံ့ခိုင်ရေးပါတီက အခကြေးငွေယူ ခန့်ထားမှုတွေ အများအပြား ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းမှာ ရပ်ကွက်ကျေးရွာအုပ်စု ၉၀ ကျော် ရှိတဲ့ထဲက ၆၀ ကျော်ကို ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက အခကြေးငွေယူပြီး ပါတီစည်းရုံးရေးမှူးတွေကို ပါတီဝင်အဖြစ်က နုတ်ထွက်ခိုင်းပြီး အုပ်ချုပ်ရေးမှူးတွေအဖြစ် ပြန်လည် ခန့်ထားမှုတွေ ပြုလုပ်ခဲ့တာပါ။ အဲ့ဒီထဲက ကျန်တဲ့ ရပ်ကွက်ကျေးရွာအုပ်စု ၃၀ အတွက်ကိုပဲ မြို့နယ် အုပ်ချုပ်ရေးမှူးက ရွေးချယ်ခန့်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာနဲ့ပတ်သက်ပြီး တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်းတဦးက အခုလို ပြောပြပါတယ်။ “ကြံ့ခိုင်ရေးကရွေးတဲ့ ၆၀ ကျော်ထဲမှာကို ပါတီဝင် စည်းရုံးရေးမှူးတွေ များတယ်။ သူတို့... Continue Reading →

ရခိုင်လွှတ်တော်ကိုယ်စားလှယ်သုံးဦးကို ကော်မရှင်အရှုံးပေးလိုက်ပြန်ပြီ


အံ့ဘုန်းမြတ်   (၈ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ) ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရေးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ တရားစွဲခံထားရတဲ့ အနိုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကိုယ်စားလှယ်သုံးဦးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်တရားရုံးက အရှုံးပေးလိုက်ပါတယ်။ ရွေးကောက်ပွဲကာလက အခြေအနေတွေနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေက တိုင်ကြားထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မြေပုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းပြော ကြားခဲ့တာပါ။ အခုရှုံးနိမ့်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းအောင်၊  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်သိန်းတို့ကို ကော်မရှင်က ဒီကနေ့ပဲ အရှုံးပေးလိုက်တာလဲ ဖြစ်ပါတယ်။ မဲလိမ်မှု၊ တရားမဲပြုကျင့်မှု၊ ကြံ့ခိုင်ရေးပါတီနဲ့ နအဖကောင်စီကို ပုတ်ခက်ပြီး... Continue Reading →

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: