အံ့ဘုန်းမြတ် (၂ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) ကြိုးနီစနစ်တွေ တိုက်ဖျက်မယ်လို့ ကြွေးကြော်ထားတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အထက်အောက်ချုပ်ကိုင်မှု (ကြိုးနီစနစ်) လွန်ကဲနေတဲ့အပေါ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ပါတီခေါင်းဆောင်အချို့က ဝေဖန်လိုက်ကြပါတယ်။ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်တဲ့အခါတိုင်းမှာ ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တွေ သဘောထား ကွဲလွဲမှုမရှိဘဲ တညီတညွတ်တည်း ဆန္ဒမဲပေးနေတာ၊ ပါတီဝင် ကိုယ်စားလှယ် အချင်းချင်း အဆိုတွေကို ကန့်ကွက်ဆွေးနွေးမှု မရှိတာ စတဲ့အချက်တွေကို ထောက်ပြပြီး ဝေဖန်ထားကြတာပါ။ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဝင် ကိုယ်စားလှယ်တွေကို အခြား တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေက ဒေသဆိုင်ရာ အကျိုးစီးပွားတွေအတွက် တူညီတာတွေကို တွဲဖက်ပြီး အဆိုနဲ့ မေးခွန်းတွေ တင်သွင်းတာမျိုးတွေ ညှိနှိုင်းလုပ်ဆောင်ဖို့ ကမ်းလှမ်းချက်တွေကိုပါ လက်မခံကြတာပါလို့ အစည်းအဝေး တက်နေတဲ့ ကိုယ်စားလှယ်တဦးက... Continue Reading →
လွှတ်တော်ကော်မတီများ၌ ပြည်ခိုင်ဖြိုးနှင့် ၀န်ကြီးဟောင်း များနေဟု ဝေဖန်
အံ့ဘုန်းမြတ် (၂၃ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ) လွှတ်တော်တွေက ရေးရာကော်မတီသစ်တွေမှာ နအဖ စစ်အစိုးရခေတ်က ၀န်ကြီး ဟောင်းတွေနဲ့ တပါတီ လွှမ်းမိုးမှု လွန်ကဲနေတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ဝေဖန်ကြပါတယ်။ မနေ့ကစတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကော်မတီ ၁၈ ခု၊ အမျိုးသား လွှတ်တော်မှာ ၈ ခု ဖွဲ့စည်းအတည်ပြုပါတယ်။ ဒီကော်မတီတွေမှာ ဥက္ကဋ္ဌတွေအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှုဆောင်အဖွဲ့ဝင် ၀န်ကြီးဟောင်းတွေက အများစုပါဝင်နေတဲ့အပေါ် ဒီ့ပြင်ပါတီခေါင်းဆောင်တွေက ဝေဖန်ကြတာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက “အမှန်မှာတော့ ကော်မတီ ဥက္ကဋ္ဌနေရာမှာ ပါတီစုံကနေ သင့်တော်တဲ့ပုဂ္ဂိုလ်တွေ ပါမယ်ဆိုရင်တော့ မြင်ကွင်းပိုလှတာပေါ့” လို့ ပြောပါတယ်။ “မပါနိုင်ဘူးဆိုတော့ တချက်စောင့်ကြည့်ရမှာက အဲဒီကော်မတီထဲမှာ တခြားပါတီထဲက... Continue Reading →
စီးပွားရေးဖွံ့ဖြိုးမှုအလုပ်ရုံဆွေးနွေးပွဲ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ပညာရှင်များကို ဖိတ်ကြား
အံ့ဘုန်းမြတ် (၁၇ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ) လာမယ့် ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပပြုလုပ်မယ့် အစိုးရသစ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ဖို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားပညာရှင်တွေကို တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးမှုဝန်ကြီးဌာနက စီစဉ်ကျင်းပတဲ့ ဒီအခမ်းအနားကို တက်ရောက်ဖို့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကတဆင့် နိုင်ငံရေးပါတီ ၃၇ ပါတီက ခေါင်းဆောင်တွေကို ဒီလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖိတ်စာလက်ခံရရှိထားတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်အေးက အခုလိုပြောပြပါတယ်။ “တိုင်းကော်မရှင်က စာ သုံးစောင်ပေးတယ်။ ပထမတစောင်က... Continue Reading →
ပြည်တော်ပြန်ရေး သမ္မတမိန့်ခွန်း နိုင်ငံရေးအင်အားစုများကြိုဆို
အံ့ဘုန်းမြတ် (၁၇ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ) နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်ပရောက်နိုင်ငံသားတွေ ပြန်လာပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်လိုက်တဲ့အပေါ် အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ကြိုဆိုလိုက်ကြသလို ယုံကြည်ချက်တွေကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုပါ လွှတ်ပေးဖို့ လိုအပ်ကြောင်း တောင်းဆိုလိုက်ကြပါတယ်။ ဒီကနေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာက စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တဲ့ သမ္မတမိန့်ခွန်းပါ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာဖို့ ကမ်းလှမ်းချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲချုပ်အပါအ၀င် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီခေါင်းဆောင် တွေက ကြိုဆိုလိုက်ကြတာဖြစ်ပါတယ်။ အဲ့ဒီထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက “ဒီဥစ္စာက သတင်းကောင်းပါ။ ကျနော်တို့အနေနဲ့လည်း အဲဒီလိုပြောတယ်ဆိုရင် ကြိုဆိုပါတယ်။ အခုဖြစ်စဉ်တွေကို ဒီထက်တိုးတက်လာဖို့ကို ကျနော်တို့ မျှော်လင့်တယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ်လို့... Continue Reading →
အပြုသဘော ပူးပေါင်းဆောင်ရွက်ရေး လက်တွေ့အကောင်အထည်ဖော်ဖို့လို
အံ့ဘုန်းမြတ် (၁၅ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးဦးအောင်ကြည်တို့ ဒုတိယအကြိမ်တွေ့ဆုံမှုကနေ သဘောတူညီခဲ့ကြတဲ့ အပြုသဘော နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောကြား လိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုမှာ သဘောတူညီခဲ့ကြတဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရနဲ့ နှစ်ဖက်လက်တွဲ ဆောင်ရွက်သွားဖို့အပါအ၀င် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက် တိုးတက်ထွန်းကား လာစေရေး၊ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတွေအတွက် အပြုသဘော ပူးပေါင်းဆောင်ရွက် သွားကြဖို့ စတဲ့ နှစ်ဘက် သဘောတူညီချက်တွေ အပေါ် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက လက်တွေ့ အကောင်အထည်ဖော်ဖို့ တိုက်တွန်း... Continue Reading →