အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က တင်သွင်းတဲ့ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက် တွေကို ကိုယ်စားလှယ်တဦးက ကန့်ကွက်လို့ ဗြောင်မဲခွဲရာမှာ မဲအပြတ်အသတ်နဲ့ ရှုံးသွားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင် တင်သွင်းတဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ဖြည့်စွက်ချက်အရ နိုင်ငံတော်ပုန်ကန်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်မှု၊ တရားမ၀င်အသင်းအဖွဲ့တွေနဲ့ ဆက်ဆံမှု စတဲ့ပြစ်မှုကြောင့် ပြစ်ဒဏ်ကျခံရတဲ့ ကိုယ်စားလှယ်ဟာ ရာသက်ပန် ရွေးကောက်ပွဲဝင်ခွင့် မရှိတော့ပါဘူး။ ဒီပြင်ဆင်ချက်အဆိုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စမ်းချောင်းမြို့နယ် ကိုယ်စားလှယ် ဦးစိုးဝင်းက ကန့်ကွက် ဆွေးနွေးရာမှာ မဲခွဲတာလို့ မြေပုံမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါတယ်။“အခု လွှတ်တော်ကိုယ်စားလှယ်ထဲမှာလည်း နိုင်ငံတော်ပုန်ကန်မှု၊ လက်နက်ကိုင် တော်လှန်မှု၊ ထောင်ကျတဲ့အမှုတွေ အများကြီးပါတဲ့။ အခုမှ လာမယ့်ရွေးကောက်ပွဲတွေမှာ... Continue Reading →
ဗြောင်မဲပေးစနစ်သာ ကျင့်သုံးတော့မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြေညာ
အံ့ဘုန်းမြတ် (၅ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) လွှတ်တော်အတွင်း အဆိုတွေကို မဲခွဲဆုံးဖြတ်တဲ့နေရာမှာ လျှိုဝှက်စက်ခလုတ်နှိပ် ဆန္ဒမဲပေးစနစ်ကို မကျင့်သုံးတော့ဘဲ ဗြောင်မဲပေးစနစ်ကို အမြဲတမ်း ကျင့်သုံးတော့မယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သူရ ဦးရွှေမန်းက ကြေညာလိုက်ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ပြန်လည် ခေါ်ယူကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အခုလို ကြေညာတာလို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ မြေပုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။“စက်ခလုတ်ခုံက ထိန်းချုပ်ထားတဲ့ အခန်းရှိတယ်။ အဲဒီနေရာက ဘယ်သူဘာမဲပေးတယ်ဆိုတာ သိနိုင်တယ်။ အဲဒီလိုမျိုး တချို့ကလည်း ပြောတယ်။ တချို့ကလည်း အဲဒီစက်ခလုတ်ခုံရဲ့ ထိန်းတဲ့အခန်းကနေ ဘာကိုဘယ်လို လုပ်လို့ရတယ်။ ပြောင်းလို့ရတယ် ဆိုပြီးတော့ ပြောတာပေါ့။ အဲဒီအပေါ်မှာ ဥက္ကဋ္ဌကြီးက ကြားသွားတယ် ထင်ပါတယ်။ အဲဒါကို စက်ခလုတ်ခုံကို အများစုက... Continue Reading →
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်မှုများ စတင်တော့မည်
အံ့ဘုန်းမြတ် (၁ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအချို့ကို ဆွေးနွေးပြီး ပြင်ဆင်မှုတွေ စတင်ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ မနေ့ကလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် တင်သွင်းတဲ့ “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြင်ဆင်ဖို့” အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးပြီး ဥပဒေတွေကို ပြင်ဆင်သတ်မှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ဒီလိုရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်ဖို့ ကော်မရှင်က တင်ပြလာတဲ့ အထဲမှာတော့ ဥပဒေဖောက်ဖျက် ကျူးလွန်မှုတွေကြောင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်မှုတွေ အပါအ၀င် ပြစ်ဒဏ်တွေကိုပါ ပြင်ဆင်သတ်မှတ်ဖို့ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြေပုံမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပြပါတယ်။... Continue Reading →
ရခိုင်လွှတ်တော်ကိုယ်စားလှယ်သုံးဦးကို ကော်မရှင်အရှုံးပေးလိုက်ပြန်ပြီ
အံ့ဘုန်းမြတ် (၈ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ) ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရေးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ တရားစွဲခံထားရတဲ့ အနိုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကိုယ်စားလှယ်သုံးဦးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်တရားရုံးက အရှုံးပေးလိုက်ပါတယ်။ ရွေးကောက်ပွဲကာလက အခြေအနေတွေနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေက တိုင်ကြားထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မြေပုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းပြော ကြားခဲ့တာပါ။ အခုရှုံးနိမ့်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်သိန်းတို့ကို ကော်မရှင်က ဒီကနေ့ပဲ အရှုံးပေးလိုက်တာလဲ ဖြစ်ပါတယ်။ မဲလိမ်မှု၊ တရားမဲပြုကျင့်မှု၊ ကြံ့ခိုင်ရေးပါတီနဲ့ နအဖကောင်စီကို ပုတ်ခက်ပြီး... Continue Reading →
နိုင်ငံရေးပါတီကိုယ်စားလှယ်များ ဂျပန်ပါလီမန်ကို လေ့လာရန် ဖိတ်ကြားခံရ
အံ့ဘုန်းမြတ် (၂၃ ဇွန် ၂၀၁၁) (ဒီဗွီဘီ) ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေထဲက အနိုင်ရ နိုင်ငံရေးပါတီ (၆) ခုရဲ့ ကိုယ်စားလှယ် အယောက် (၂၀) ကို ဂျပန်နိုင်ငံ ပါလီမန်ကို လေ့လာဖို့ ဖိတ်ကြားထားပါတယ်။ ဂျပန်နိုင်ငံခြားရေးဌာနက အစီစဉ်မှုနဲ့ Japan East Asia Network of Excha- nge for Student And Youths Programme က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီဖိတ်ကြားခံရတဲ့အထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့အပါဝင် တိုင်းရင်း သားပါတီတွေထဲက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကကရက်တစ်ပါတီတို့ ပါဝင်ပါတယ်။ ဖိတ်ကြားခံထားရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက... Continue Reading →