တိုက်ပွဲတွေရပ်ပြီး ဆွေးနွေးရေးလုပ်ဖို့ ဒီမိုကရေစီ မိတ်ဆွေပါတီတွေ ပြောကြား


အံ့ဘုန်းမြတ် (၂၀ ဇွန် ၂၀၁၁) (ဒီဗွီဘီ) တိုင်း​ရင်း​သား​ဒေသ​တွေမှာ မြန်မာ့​တပ်မ​တော်နဲ့ တိုင်း​ရင်း​သား ​လက်နက်ကိုင်အင်အား​စု​တွေကြား​ တိုက်ပွဲ​တွေ အမြန်ဆုံးရပ်ပြီး​ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့ဆုံ​ဆွေး​နွေး​ရေး​လုပ်ဖို့ ဒီမိုကရက်တစ် အင်အား​စု နိုင်ငံ​ရေး​ပါတီ (၁၁) ပါတီ ပူးပေါင်း​ဖွဲ့စည်း​ထား​တဲ့​ ဒီမိုက​ရေစီမိတ်​ဆွေပါတီ​တွေက​နေ ​မေတ္တာရပ်ခံ ​ပြောကြား​လိုက်ကြပါတယ်။ ဒီက​နေ့မှာ ထုတ်ပြန်တဲ့​ ဒီမိုက​ရေစီမိတ်​တွေပါတီ (၁၁) ပါတီရဲ့ ​ကြေညာချက်မှာ အခုလို ​ရေး​သား​ဖော်ပြ ​ပြောကြား​လာတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး​ မိတ်​ဆွေပါတီ (၁၁) ပါတီရဲ့ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦး​သု​ဝေက အခုလို​ပြောပါတယ်။ “တိုင်း​ရင်း​သား​နယ်စပ်​တွေမှာ တိုက်ပွဲ​တွေ အရှိန်နဲ့ ဖြစ်လာတာကို အင်မတန်မှဝမ်း​နည်း​တယ်။ မဖြစ်​စေချင်ပါဘူး​ဆိုတဲ့​ အကြောင်း​ကိုပဲ ​ပြောခဲ့​တာ။ အဲဒါ​ကြောင့်​မို့လို့ ကျ​နော်တို့ အား​လုံး​ညှိနှိုင်း​ပြီး​တော့​ ငြိမ်း​ချမ်း​ရေး​ရ​အောင်... Continue Reading →

၁၁ ပါတီ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ကော်မတီဖွဲ့စည်း


အံ့ဘုန်းမြတ် ၆ ဇွန် ၂၀၁၁ (ဒီဗွီဘီ) ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေထဲက ဒီမိုကရက်တစ် အင်အားစုနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၁ ပါတီ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဒီမိုကရေစီမိတ်ဆွေပါတီ ၁၁ ပါတီက မကြာခင်မှာကျင်းဖွယ်ရှိလာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ ကော်မတီတရပ်ကို ဖွဲ့စည်းလုပ် ဆောင်နေကြပါတယ်။ ဒီလ ၂ ရက်နေ့က စတင်ဖွဲ့စည်းလိုက်တဲ့ ဒီကော်မတီကနေ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေကို ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဦးသိန်းတင်အောင်က အခုလို ပြောပြပါတယ်။ “နှစ်ရက်နေ့က ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မိတ်ဆွေပါတီများ ၁၁ ပါတီ အစည်းအဝေးလုပ်ပါတယ်။ အဲဒီ နှစ်ရက်နေ့မှာ ဆုံးဖြတ်အတည်ပြုတာပေါ့။ ပြီးရင် ၁၀... Continue Reading →

Blog at WordPress.com.

Up ↑

%d bloggers like this: