အပြုသဘော ပူးပေါင်းဆောင်ရွက်ရေး လက်တွေ့အကောင်အထည်ဖော်ဖို့လို


အံ့ဘုန်းမြတ် (၁၅ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးဦးအောင်ကြည်တို့ ဒုတိယအကြိမ်တွေ့ဆုံမှုကနေ သဘောတူညီခဲ့ကြတဲ့ အပြုသဘော နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း ဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောကြား လိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုမှာ သဘောတူညီခဲ့ကြတဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရနဲ့ နှစ်ဖက်လက်တွဲ ဆောင်ရွက်သွားဖို့အပါအ၀င်  မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက် တိုးတက်ထွန်းကား လာစေရေး၊ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတွေအတွက် အပြုသဘော ပူးပေါင်းဆောင်ရွက် သွားကြဖို့ စတဲ့ နှစ်ဘက် သဘောတူညီချက်တွေ အပေါ် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက လက်တွေ့ အကောင်အထည်ဖော်ဖို့ တိုက်တွန်း... Continue Reading →

အာဇာနည်နေ့ အခမ်းအနား နိုင်ငံရေးပါတီများကို ဖိတ်ကြားခြင်းမရှိ


အံ့ဘုန်းမြတ် (၁၈ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ) ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ နိုင်ငံရေးပါတီတွေကို တက်ရောက်ဂါရ၀ပြုဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖိတ်ကြားခြင်း မရှိပါဘူး။ မနှစ်ကတော့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေကို အသိအမှတ်ပြု  ဖိတ်ကြားခဲ့ပေမယ့် ဒီနှစ်မှာတော့ ဖိတ်ကြားခြင်း မရှိတော့တာလို့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။ “ဒီနှစ်တော့ မဖိတ်ဘူး။ တက်ရောက်ချင်တဲ့သူတွေ အကြောင်းကြားပါဆိုပြီး သတင်းစာမှာ ပါတယ်။ သီးခြား ဖိတ်တာတော့ မရှိဘူး။” ကြံ့ခိုင်ရေးပါတီရဲ့ ရန်ကုန်တိုင်း တာဝန်ခံမြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း ကတော့ နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားမယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ပြောကြားထားပေမယ့် အခုလို ဖိတ်ကြားခြင်း မရှိတော့တာလည်း ဖြစ်ပါတယ်။ ဒီလို အစိုးရအနေနဲ့... Continue Reading →

အီးယူအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ


အံ့ဘုန်းမြတ် (၂၁ ဇွန် ၂၀၁၁) (ဒီဗွီဘီ) မနေ့က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အီးယူဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် (Catherine Ashton) ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ရောဘတ် ကူးပါး (Robert Cooper) နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) တို့ဟာ ဒီကနေ့ ညနေပိုင်းမှာ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့နဲ့ အတူ ကရင်လူမှုရေးအဖွဲ့ အစည်းတခု ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ ညနေ ၄ နာရီခွဲ ကနေ ၅ နာရီခွဲအထိ ရန်ကုန်မြို့၊ ကန်တော်ကြီးစောင်းရှိ ချက်ရီယမ် (Chatrium Hotel) ဟိုတယ်မှာ... Continue Reading →

ရွေးကောက်ပွဲကော်မရှင်ရဲ့ စီရင်ချက်အပေါ် ဒေါ်ချိုချိုကျော်ငြိမ်း ဝေဖန်


အံ့ဘုန်းမြတ် (၂၀ ဇွန် ၂၀၁၁) (ဒီဗွီဘီ) ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ ၇ ရက် ​ရွေး​ကောက်ပွဲရလဒ် အငြင်း​ပွား​ဖွယ်ရာ​တွေနဲ့ပတ်သက်ပြီး​ တိုင်ကြား​ထား​တဲ့​ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က​နေ ပဲခူး​တိုင်း​ဒေသကြီး​၊​ ကြို့ပင်​ကောက်မြို့နယ် မဲဆန္ဒနယ်​မြေက​နေ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​တဲ့​ လွှတ်တော်ကိုယ်စား​လှယ်​လောင်း​ ​ဒေါ်ချိုချို​ကျော်ငြိမ်း​က ဒီက​နေ့မှာ ချမှတ်ခဲ့​တဲ့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ကျင်း​ပ​ရေး​ကော်မရှင်ရဲ့ စီရင်ချက်အ​ပေါ် စိတ်ပျက်မိတယ်လို့ ​ပြောဆိုလိုက်ပါတယ်။ သက်​သေ​တွေ အခိုင်အလုံတင်ပြခဲ့​ပေမယ့်​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်က အသိအမှတ်ပြု လက်မခံဘဲ ကြံ့​ခိုင်​ရေး​ပါတီရဲ့ ပြည်သူ့လွှတ်​တော်ကိုယ်စား​လှယ် ဦး​သန့်ဇင်ကို အနိုင်​ပေး​လိုက်တဲ့​အ​ပေါ် ​ဝေဖန်​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။ “အန်တီတ​ ယောက်တည်း​ပဲ မတရား​ဘူး​ဆိုပြီး​ ကန့်ကွက်တာပါ။ ဒီရဲ့နောက်မှာ အန်တီတို့ အချိန်​တွေ အများ​ကြီး​ပေး​ရတယ်။ ပိုက်ဆံဆိုတာ ​ပြောဖွယ်ရာမရှိဘူး​။ လူ​တွေလည်း​ အရမ်း​ပန်း​ပါတယ်။ အန်တီတို့က​တော့​... Continue Reading →

တိုက်ပွဲတွေရပ်ပြီး ဆွေးနွေးရေးလုပ်ဖို့ ဒီမိုကရေစီ မိတ်ဆွေပါတီတွေ ပြောကြား


အံ့ဘုန်းမြတ် (၂၀ ဇွန် ၂၀၁၁) (ဒီဗွီဘီ) တိုင်း​ရင်း​သား​ဒေသ​တွေမှာ မြန်မာ့​တပ်မ​တော်နဲ့ တိုင်း​ရင်း​သား ​လက်နက်ကိုင်အင်အား​စု​တွေကြား​ တိုက်ပွဲ​တွေ အမြန်ဆုံးရပ်ပြီး​ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့ဆုံ​ဆွေး​နွေး​ရေး​လုပ်ဖို့ ဒီမိုကရက်တစ် အင်အား​စု နိုင်ငံ​ရေး​ပါတီ (၁၁) ပါတီ ပူးပေါင်း​ဖွဲ့စည်း​ထား​တဲ့​ ဒီမိုက​ရေစီမိတ်​ဆွေပါတီ​တွေက​နေ ​မေတ္တာရပ်ခံ ​ပြောကြား​လိုက်ကြပါတယ်။ ဒီက​နေ့မှာ ထုတ်ပြန်တဲ့​ ဒီမိုက​ရေစီမိတ်​တွေပါတီ (၁၁) ပါတီရဲ့ ​ကြေညာချက်မှာ အခုလို ​ရေး​သား​ဖော်ပြ ​ပြောကြား​လာတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး​ မိတ်​ဆွေပါတီ (၁၁) ပါတီရဲ့ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦး​သု​ဝေက အခုလို​ပြောပါတယ်။ “တိုင်း​ရင်း​သား​နယ်စပ်​တွေမှာ တိုက်ပွဲ​တွေ အရှိန်နဲ့ ဖြစ်လာတာကို အင်မတန်မှဝမ်း​နည်း​တယ်။ မဖြစ်​စေချင်ပါဘူး​ဆိုတဲ့​ အကြောင်း​ကိုပဲ ​ပြောခဲ့​တာ။ အဲဒါ​ကြောင့်​မို့လို့ ကျ​နော်တို့ အား​လုံး​ညှိနှိုင်း​ပြီး​တော့​ ငြိမ်း​ချမ်း​ရေး​ရ​အောင်... Continue Reading →

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: