တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)

This category contains 3 posts

လွှတ်တော်ကော်မတီများ၌ ပြည်ခိုင်ဖြိုးနှင့် ၀န်ကြီးဟောင်း များနေဟု ဝေဖန်


အံ့ဘုန်းမြတ် (၂၃ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

လွှတ်တော်တွေက ရေးရာကော်မတီသစ်တွေမှာ နအဖ စစ်အစိုးရခေတ်က ၀န်ကြီး ဟောင်းတွေနဲ့ တပါတီ လွှမ်းမိုးမှု လွန်ကဲနေတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ဝေဖန်ကြပါတယ်။

မနေ့ကစတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကော်မတီ ၁၈ ခု၊ အမျိုးသား လွှတ်တော်မှာ ၈ ခု ဖွဲ့စည်းအတည်ပြုပါတယ်။ ဒီကော်မတီတွေမှာ ဥက္ကဋ္ဌတွေအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှုဆောင်အဖွဲ့ဝင် ၀န်ကြီးဟောင်းတွေက အများစုပါဝင်နေတဲ့အပေါ် ဒီ့ပြင်ပါတီခေါင်းဆောင်တွေက ဝေဖန်ကြတာ ဖြစ်ပါတယ်။ Continue reading

Advertisements

နိုင်ငံရေးပါတီကိုယ်စားလှယ်များ ဂျပန်ပါလီမန်ကို လေ့လာရန် ဖိတ်ကြားခံရ


အံ့ဘုန်းမြတ် (၂၃ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေထဲက အနိုင်ရ နိုင်ငံရေးပါတီ (၆) ခုရဲ့ ကိုယ်စားလှယ် အယောက် (၂၀) ကို ဂျပန်နိုင်ငံ ပါလီမန်ကို လေ့လာဖို့ ဖိတ်ကြားထားပါတယ်။

ဂျပန်နိုင်ငံခြားရေးဌာနက အစီစဉ်မှုနဲ့ Japan East Asia Network of Excha- nge for Student And Youths Programme က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီဖိတ်ကြားခံရတဲ့အထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့အပါဝင်  တိုင်းရင်း သားပါတီတွေထဲက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကကရက်တစ်ပါတီတို့ ပါဝင်ပါတယ်။

ဖိတ်ကြားခံထားရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ဒီလေ့လာရေးခရီးစဉ်ရဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

“ပါတီ ငါးခုက နှစ်ယောက်စီပေါ့။ ယူအက်စ်ဒီပီကတော့ ၁၀ ယောက်ပေါ့။ အားလုံးအယောက် ၂၀၊ ၃၅ နှစ်အောက် ပါတီအဖွဲ့ဝင်တွေထဲက ရွေးပေးပါလို့ ပြောတယ်။ နောက်ပိုင်းလည်း အစဉ်အလာ ဖြစ်သွားအောင်၊ ပါလီမန်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ လေ့လာနိုင်အောင် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဖိတ်တာပါ။ ဇူလိုင်လ လယ်လောက်မှာ သွားဖို့ရှိတယ်။ ကျနော်တို့ကတော့ မန္တလေး တယောက်၊ ရန်ကုန်တယောက် ရွေးဖို့တော့ စီစဉ်ထားပါတယ်။ ၃၅ နှစ်အောက်ပဲ။ ရွေးတော့ ရွေးနေပြီ။ လကုန်ရင် သံရုံးကို ပို့ပေးရမယ်။”

ရွေးကောက်ပွဲအပြီး နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေကို လေ့လာရေး ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံက ပထမဆုံး ဖိတ်ကြားခဲ့တာဖြစ်ပြီး ဒီလိုဖိတ်ကြားတာတွေ ရှိလာတဲ့အပေါ်ကိုလည်း ဦးခင်မောင်ဆွေက အခုလို ကြိုဆိုလိုက်ပါတယ်။

    “နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေကို ဖိတ်တယ်။ ဂျပန်နိုင်ငံလို ဖွံ့ဖြိုးပြီး နိုင်ငံတခုက ဖိတ်တယ်ဆိုတာတော့ နိုင်ငံတကာ နိုင်ငံရေးမှာ မြန်မာနိုင်ငံက လူငယ်တွေ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စည်းလုံးခွင့်ရတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေကို ယူခွင့်ရနိုင်တဲ့ အနေအထားတွေ ရတာပေါ့။ နောက်ပြီးတော့ ဒီအနိုင်ရ ပါတီတွေထဲက ရွေးဖိတ်တယ်ဆိုတော့ ဒါလည်း သွားခွင့်ရတဲ့ လမ်းကြောင်းပေါ်ကို တရားဝင်ရတဲ့အတွက် အနာဂတ် လူငယ်များအတွက် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို လေ့လာသိရှိပြီးတော့ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း ပွင့်တယ်လို့ပဲ ယူဆပါတယ်။ ကောင်းတယ်လို့ပဲ ပြောရမှာပေါ့။”

လက်ရှိအခြေအနေမှာတော့ ဂျပန်အစိုးရဟာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေသလို တဖက်မှာလည်း မြန်မာအစိုးရအပေါ် ဝေဖန်မှုတွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် အထောက်အပံ့ အကူအညီတွေလည်း ပေးအပ်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

လူကအုပ်ချုပ်တာမဟုတ်ဘဲ ဥပဒေက အုပ်ချုပ်တာမျိုးဖြစ်ရန်လိုအပ်ဟု တစညပြော


အံ့ဘုန်းမြတ် ၂၄ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)

တိုင်းပြည်ရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအာဏာတွေကို လွှဲပြောင်းရယူထားတဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ လူကအုပ်ချုပ်တာ မဟုတ်ဘဲ ဥပဒေက အုပ်ချုပ်တာမျိုး ဖြစ်ဖို့လိုတယ်လို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ တစညက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း အာဏာရကြံ့ခိုင်ရေးပါတီပြီးရင် ဒုတိယ အများဆုံးအနိုင် ရရှိခဲ့တဲ့ တစညပါတီလို့ လူသိများတဲ့ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ဦးသိန်စိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ် အာဏာလွှဲပြောင်းပြီး တလနီးပါးအကြာ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အခုလို ထောက်ပြလိုက် တာလည်း ဖြစ်ပါတယ်။

“အစိုးရအဖွဲ့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တနည်းအားဖြင့် ပြောမယ်ဆိုရင် တရားဥပဒေစိုးမိုးမှုကို ကျင့်သုံးဖို့ လိုပါတယ်။ ဆိုလိုတဲ့သဘောကတော့ လူက အုပ်ချုပ်တာမျိုး မဟုတ်ပဲ ဥပဒေက အုပ်ချုပ်တယ် ဆိုတာမျိုးပေါ့။ ဒီဟာအတိုင်း သာ မှန်မှန်ကန်ကန် လက်တွေ့အကောင်အထည်ဖော် လုပ်သွားမယ်ဆိုရင် ဒီမိုကရေစီ ဖော်ဆောင်ဖို့အတွက် အင်မတန် နီးကပ်တဲ့ အခြေအနေ ရှိလာမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ တခုရှိတာကလည်း အဲဒီလုပ်ငန်းတွေကို အစိုးရအနေနဲ့ အကောင်အထည် ဖော်သွားရာမှာ ဥပဒေအရ တရားဥပဒေစိုးမိုးမှုကို အဓိက အခြေခံထားပြီးတော့ ကျင့်သုံးသွားမယ်ဆိုရင် အင်မတန်ကောင်းမယ့်ဟာ ဖြစ်ပါတယ်။ ကျနော်တို့လည်း အဲလိုမျိုး ဖြစ်စေချင်ပါတယ်။”

အစိုးရအဖွဲ့သစ်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ လိုအပ်သလို တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းဖွင့်ပေးဖို့ လိုတယ်လို့လည်း ဦးဟန်ရွှေက ဆိုပါတယ်။ ဒီလို အခြေအနေမျိုး ဖြစ်လာဖို့အတွက် နိုင်ငံရေးအင်အားစုတွေနဲ့ အစိုးရကြား ဖြစ်သင့်တဲ့ အခြေအနေကိုလည်း အခုလို အကြံပြု ပြောဆိုပြန်ပါတယ်။

“တယောက်နဲ့တယောက် ပြောကြဆိုကြ ဆွေးနွေးကြတယ်ဆိုတာ ဒိုင်ယာလော့ခ် လုပ်ကြတယ် ဆိုတာ ယေဘုယျအားဖြင့် အပြုသဘော  ဆောင်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ လိုလားပါတယ်။ သို့သော် တကယ်လက်တွေ့ အကောင်အထည် ဖော်တဲ့အခါမှာ တူတဲ့အခြေခံမျိုး ရောက်အောင် ဖန်တီးဖို့တော့လိုမယ်။ ဆောင်ရွက်ဖို့တော့ လိုမယ်လို့ ကျနော်တို့ ဒီလိုပဲ ယူဆပါတယ်။”

တစညပါတီဟာ အရင်က အာဏရပါတီတခု ဖြစ်ခဲ့ဖူးတဲ့ မြန်မာဆိုရှစ်လစ် လမ်းစဉ်ပါတီကို အမွေဆက်ခံပြီး တပ်မတော် အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တခုဖြစ်ပါတယ်။ ဒီပါတီဟာ ပြီးခဲ့တဲ့  ၂၀၁၀ ရွေးကောက်ပွဲမှာတော့ လွှတ်တော်ကိုယ်စားလှယ် တထောင်နီးပါးနဲ့ ဒုတိယအများဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီထဲက ၆၀ ကျော် ရွေးကောက်ခံခဲ့ရပါတယ်။

Categories

%d bloggers like this: