နိုင်ငံရေးပါတီများ

This category contains 53 posts

စစ်မှန်သည့်အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ရန် အစိုးရကို တိုက်တွန်း


အံ့ဘုန်းမြတ် (၉ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

မြန်မာအစိုးရအနေနဲ့  စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ လုပ်ဖို့ မြန်မာနိုင်ငံရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကော်မတီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနဲ့ တွေ့ဆုံစဉ်မှာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ပြောကြားလိုက်တာပါ။

ဒဲရက်ခ် မစ်ချဲလ်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက Continue reading

အစိုးရသစ်တာဝန်ရှိသူများ၏ လွှတ်တော်တွင်းပြောဆိုချက်အပေါ် ဝေဖန်


အံ့ဘုန်းမြတ် (၉ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

လွှတ်တော်အစည်းအဝေးမှာ အစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့ ပြောဆိုဖြေကြားချက်တွေဟာ လိုရာမရောက်ဘဲ ဆင်ခြေပေး ပြောကြားမှုတွေ များနေတယ်လို့ လွှတ်တော်တက် ကိုယ်စားလှယ်တချို့က ဝေဖန်လိုက်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တဦးက “အများအားဖြင့်တော့ သူတို့ဖြေရမယ့် ဥစ္စာ ဇဝေဇ၀ါ ဖြစ်တဲ့ ဥစ္စာတွေပေါ့လေ။ နောက်တခါ သူတို့မှာ အဖြေက တိတိကျကျ မရှိတဲ့ဥစ္စာမျိုးကတော့ အဲဒီလိုမျိုး မေးတဲ့မေးခွန်းက တခြား သူတို့ဖြေတာက တမျိုး အဲလို ဖြစ်ကုန်တယ်ဗျ။ အထူးသဖြင့်တော့ ၀န်ကြီးတွေက သူတို့ရဲ့ လုပ်ရပ်တွေကို ကာကွယ်ပေးပြီးတော့ ဖြေသွားတာ များတယ်လေ။ သူတို့ လုပ်နေပါတယ်။ လုပ်နေဆဲ၊ လုပ်ပါမယ်ဆိုတဲ့ စကားမျိုးနဲ့ နောက်ဆုံး ပိတ်ပိတ် သွားတာပဲ တွေ့ရတယ်လေ။ သူတို့က တိတိကျကျ ဖြေဖို့ ကြိုစားတာထက် အဆိုတွေကို ပြန်ရုပ်သိမ်းဖို့အတွက် ဆင်ခြေဆင်လက်တွေ ပေးနေတာပဲ တွေ့ရပါတယ်” လို့ ပြောပါတယ်။ Continue reading

ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး မျက်နှာဖုံးဖော်ပြသည့် ဂျာနယ် အရေးယူခံရ


အံ့ဘုန်းမြတ် ၇ စက်တင်ဘာ ၂၀၁၁ (ဒီဗွီဘီ)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့တဲ့ Messenger News Journal ဂျာနယ်ကို စာပေစိစစ်ရေးက နောက်ဆက်တွဲသတင်းတင်ပြခွင့်နဲ့ နောက်ဆုံးရသတင်းတွေ မျက်နှာဖုံးမှာ ဖော်ပြခွင့်တွေကို သီတင်းပတ်တခုထိ ပိတ်ပင်ပြီး အရေးယူလိုက်ပါတယ်။

စာပေစိစစ်ရေးက ဒီကနေ့မနက်ပိုင်းမှာ ဂျာနယ်တိုက်ကို ပိတ်ပင်ကြောင်း အကြောင်းကြားခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ အသစ်ပြဋ္ဌာန်းတဲ့ ပုံနှိပ်ထုတ်ဝေရေး နည်းဥပဒေတွေနဲ့ ငြိစွန်းခဲ့တယ်ဆိုပြီး အရေးယူလိုက်တာလို့ Messenger ဂျာနယ်ရဲ့ အယ်ဒီတာတဦးက ပြောပါတယ်။ Continue reading

ရွေးကောက်ပွဲဥပဒေပြင်ဆင်ချက်ကို ကန့်ကွက်မှု ရှုံးနိမ့်


အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က တင်သွင်းတဲ့ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက် တွေကို ကိုယ်စားလှယ်တဦးက ကန့်ကွက်လို့ ဗြောင်မဲခွဲရာမှာ မဲအပြတ်အသတ်နဲ့ ရှုံးသွားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင် တင်သွင်းတဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ဖြည့်စွက်ချက်အရ နိုင်ငံတော်ပုန်ကန်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်မှု၊ တရားမ၀င်အသင်းအဖွဲ့တွေနဲ့ ဆက်ဆံမှု စတဲ့ပြစ်မှုကြောင့် ပြစ်ဒဏ်ကျခံရတဲ့ ကိုယ်စားလှယ်ဟာ ရာသက်ပန် ရွေးကောက်ပွဲဝင်ခွင့် မရှိတော့ပါဘူး။

ဒီပြင်ဆင်ချက်အဆိုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စမ်းချောင်းမြို့နယ် ကိုယ်စားလှယ် ဦးစိုးဝင်းက ကန့်ကွက် ဆွေးနွေးရာမှာ မဲခွဲတာလို့ မြေပုံမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါတယ်။ Continue reading

ဗြောင်မဲပေးစနစ်သာ ကျင့်သုံးတော့မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြေညာ


အံ့ဘုန်းမြတ် (၅ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

လွှတ်တော်အတွင်း အဆိုတွေကို မဲခွဲဆုံးဖြတ်တဲ့နေရာမှာ လျှိုဝှက်စက်ခလုတ်နှိပ် ဆန္ဒမဲပေးစနစ်ကို မကျင့်သုံးတော့ဘဲ ဗြောင်မဲပေးစနစ်ကို အမြဲတမ်း ကျင့်သုံးတော့မယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သူရ ဦးရွှေမန်းက ကြေညာလိုက်ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ပြန်လည် ခေါ်ယူကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အခုလို ကြေညာတာလို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ မြေပုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။ Continue reading

Categories

%d bloggers like this: