အံ့ဘုန်းမြတ် (၁ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအချို့ကို ဆွေးနွေးပြီး ပြင်ဆင်မှုတွေ စတင်ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ မနေ့ကလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် တင်သွင်းတဲ့ “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြင်ဆင်ဖို့” အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးပြီး ဥပဒေတွေကို ပြင်ဆင်သတ်မှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ဒီလိုရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်ဖို့ ကော်မရှင်က တင်ပြလာတဲ့ အထဲမှာတော့ ဥပဒေဖောက်ဖျက် ကျူးလွန်မှုတွေကြောင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်မှုတွေ အပါအ၀င် ပြစ်ဒဏ်တွေကိုပါ ပြင်ဆင်သတ်မှတ်ဖို့ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြေပုံမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပြပါတယ်။... Continue Reading →
ရခိုင်လွှတ်တော်ကိုယ်စားလှယ်သုံးဦးကို ကော်မရှင်အရှုံးပေးလိုက်ပြန်ပြီ
အံ့ဘုန်းမြတ် (၈ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ) ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရေးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ တရားစွဲခံထားရတဲ့ အနိုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကိုယ်စားလှယ်သုံးဦးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်တရားရုံးက အရှုံးပေးလိုက်ပါတယ်။ ရွေးကောက်ပွဲကာလက အခြေအနေတွေနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေက တိုင်ကြားထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မြေပုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းပြော ကြားခဲ့တာပါ။ အခုရှုံးနိမ့်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်သိန်းတို့ကို ကော်မရှင်က ဒီကနေ့ပဲ အရှုံးပေးလိုက်တာလဲ ဖြစ်ပါတယ်။ မဲလိမ်မှု၊ တရားမဲပြုကျင့်မှု၊ ကြံ့ခိုင်ရေးပါတီနဲ့ နအဖကောင်စီကို ပုတ်ခက်ပြီး... Continue Reading →
ဦးသိန်းညွန့်အုပ်စု နိုင်ငံရေးပါတီထောင်ပြီ
အံ့ဘုန်းမြတ် (၄ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ) အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ခွဲထွက်ခဲ့ကြတဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ပါဝင်တဲ့အဖွဲ့ဟာ ဒီကနေ့မှာ အမျိုးသားဒီမိုကရေစီပါတီသစ် NEW NATIONAL DEMOCRACY PARTY (NNDP) ဆိုတဲ့အမည်နဲ့ ပါတီထူထောင်ခွင့် လျှောက်ထားလိုက်ပြီဖြစ်ပါတယ်။ ဦးသိန်းညွန့် အပါအ၀င် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနဲ့အတူ လူငယ် ဟစ်ဟော့အဆိုတော် ရသအပါအ၀င် ထူထောင်သူ အယောက် ၂၀ စာရင်းကို တင်ပြပြီး နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်မှာ လျှောက်ထားခဲ့တာ ဖြစ်တယ်လို့ ဦးသိန်းညွန့်က ဆိုပါတယ်။ “ဒီနေ့ ကော်မရှင်ရုံးမှာ ကျနော်တို့ အမျိုးသားဒီမိုကရေစီ ပါတီသစ်ကို တည်ထောင်သူ အယောက် ၂၀ ပေါ့။... Continue Reading →
နိုင်ငံရေးပါတီကိုယ်စားလှယ်များ ဂျပန်ပါလီမန်ကို လေ့လာရန် ဖိတ်ကြားခံရ
အံ့ဘုန်းမြတ် (၂၃ ဇွန် ၂၀၁၁) (ဒီဗွီဘီ) ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေထဲက အနိုင်ရ နိုင်ငံရေးပါတီ (၆) ခုရဲ့ ကိုယ်စားလှယ် အယောက် (၂၀) ကို ဂျပန်နိုင်ငံ ပါလီမန်ကို လေ့လာဖို့ ဖိတ်ကြားထားပါတယ်။ ဂျပန်နိုင်ငံခြားရေးဌာနက အစီစဉ်မှုနဲ့ Japan East Asia Network of Excha- nge for Student And Youths Programme က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီဖိတ်ကြားခံရတဲ့အထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့အပါဝင် တိုင်းရင်း သားပါတီတွေထဲက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကကရက်တစ်ပါတီတို့ ပါဝင်ပါတယ်။ ဖိတ်ကြားခံထားရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက... Continue Reading →
ရွေးကောက်ပွဲကော်မရှင်ရဲ့ စီရင်ချက်အပေါ် ဒေါ်ချိုချိုကျော်ငြိမ်း ဝေဖန်
အံ့ဘုန်းမြတ် (၂၀ ဇွန် ၂၀၁၁) (ဒီဗွီဘီ) ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲရလဒ် အငြင်းပွားဖွယ်ရာတွေနဲ့ပတ်သက်ပြီး တိုင်ကြားထားတဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကနေ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် မဲဆန္ဒနယ်မြေကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချိုချိုကျော်ငြိမ်းက ဒီကနေ့မှာ ချမှတ်ခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရဲ့ စီရင်ချက်အပေါ် စိတ်ပျက်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။ သက်သေတွေ အခိုင်အလုံတင်ပြခဲ့ပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က အသိအမှတ်ပြု လက်မခံဘဲ ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ကို အနိုင်ပေးလိုက်တဲ့အပေါ် ဝေဖန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။ “အန်တီတ ယောက်တည်းပဲ မတရားဘူးဆိုပြီး ကန့်ကွက်တာပါ။ ဒီရဲ့နောက်မှာ အန်တီတို့ အချိန်တွေ အများကြီးပေးရတယ်။ ပိုက်ဆံဆိုတာ ပြောဖွယ်ရာမရှိဘူး။ လူတွေလည်း အရမ်းပန်းပါတယ်။ အန်တီတို့ကတော့... Continue Reading →