ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး မျက်နှာဖုံးဖော်ပြသည့် ဂျာနယ် အရေးယူခံရ


အံ့ဘုန်းမြတ် ၇ စက်တင်ဘာ ၂၀၁၁ (ဒီဗွီဘီ) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့တဲ့ Messenger News Journal ဂျာနယ်ကို စာပေစိစစ်ရေးက နောက်ဆက်တွဲသတင်းတင်ပြခွင့်နဲ့ နောက်ဆုံးရသတင်းတွေ မျက်နှာဖုံးမှာ ဖော်ပြခွင့်တွေကို သီတင်းပတ်တခုထိ ပိတ်ပင်ပြီး အရေးယူလိုက်ပါတယ်။ စာပေစိစစ်ရေးက ဒီကနေ့မနက်ပိုင်းမှာ ဂျာနယ်တိုက်ကို ပိတ်ပင်ကြောင်း အကြောင်းကြားခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ အသစ်ပြဋ္ဌာန်းတဲ့ ပုံနှိပ်ထုတ်ဝေရေး နည်းဥပဒေတွေနဲ့ ငြိစွန်းခဲ့တယ်ဆိုပြီး အရေးယူလိုက်တာလို့ Messenger ဂျာနယ်ရဲ့ အယ်ဒီတာတဦးက ပြောပါတယ်။ “ဒီနေ့မနက်မှာ ကျနော်တို့ ဂျာနယ်တွေ တင်ပြခွင့်ရတယ်။ နောက်ဆက်တွဲ အချပ်ပို ၂ မျက်နှာရယ်၊ အဖုံးရယ်၊ ကျနော်တို့ တင်ပြလို့ မရဘူး၊ ပိတ်လိုက်ပါတယ်။ အဓိက ပိတ်လိုက်တာကတော့ စာပေစိစစ်ရေးက ချမှတ်ထားတဲ့ မူကို... Continue Reading →

‘ဘားမား’ဟု သုံးနှုန်းသူ ငြိမ်းချမ်းရေးကော်မရှင်မှာ မပါသင့်ဟု လွှတ်တော်၌ ဝေဖန်


အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) မြန်မာ (Myanmar) ကို ဘားမား (Burma) လို့ ခေါ်ဝေါ်သုံးနှုန်းသူတဦးဟာ ငြိမ်း ချမ်းရေးကော်မရှင်မှာ မပါဝင်သင့်ဘူးလို့ ဒီနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်တဦးက ပြောသွားတယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးမှာ “လက်နက်ကိုင် ပဋိပက္ခတွေကို ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်ဆိုင်းရေးအတွက် တွေ့ဆုံဆွေးနွေး နိုင်ဖို့နဲ့ ဒီလိုဆွေးနွေးရာမှာ ဒို့တာဝန်အရေးသုံးပါးကို ထိပါးမခံဘဲ ဆွေးနွေးကြဖို့” အဆိုကို ရန်ကုန်မဲဆန္ဒနယ်အမှတ် (၁၂) က ကိုယ်စားလှယ် ဦးဆွေအောင်က တင်သွင်းပါတယ်။ ဒီအဆိုကို ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ဒေါက်တာအေးမောင်နဲ့ ချင်းတိုးတက်ရေးပါတီက ဦးပေါ်လျှံလွင်စတဲ့ ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်စတဲ့ တိုင်းသိပြည်သိ၊ အများကြည်ညိုလေးစားသူတွေလည်း ပါဝင်ဖို့ ဆွေးနွေးပါတယ်။ ဒါကို ပြည်ခိုင်ဖြိုးပါတီက မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်... Continue Reading →

ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် စတင်ပြီဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


အံ့ဘုန်းမြတ် ၂၂ သြဂုတ် ၂၀၁၁ (ဒီဗွီဘီ) နိုင်ငံနဲ့ ပြည်သူလူထုအကျိုးအတွက် လက်ရှိအစိုးရနဲ့ နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ် စတင်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်ပါတယ်။ ဒီနေ့ကျင်းပတဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ခုလိုပြောကြား တာလို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။ “သူ့မှတ်ချက်က အားရကျေနပ်မှု ရှိပါတယ်။ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးအတွက် ဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်တခု စပြီလို့ သူ့အနေနဲ့ ယုံကြည်တယ်လို့ သူပြောပါတယ်။ အသေးစိတ် ဆွေးနွေးတဲ့အချက်တွေတော့ ခုချိန်မှာ မပြောနိုင်သေးဘူးခင်ဗျ။” ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့ရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေး နွေးခဲ့သလို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ် ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့ပြီးနောက် ခုလိုထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့... Continue Reading →

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: