အစိုးရသစ်တာဝန်ရှိသူများ၏ လွှတ်တော်တွင်းပြောဆိုချက်အပေါ် ဝေဖန်


အံ့ဘုန်းမြတ် (၉ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) လွှတ်တော်အစည်းအဝေးမှာ အစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့ ပြောဆိုဖြေကြားချက်တွေဟာ လိုရာမရောက်ဘဲ ဆင်ခြေပေး ပြောကြားမှုတွေ များနေတယ်လို့ လွှတ်တော်တက် ကိုယ်စားလှယ်တချို့က ဝေဖန်လိုက်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တဦးက “အများအားဖြင့်တော့ သူတို့ဖြေရမယ့် ဥစ္စာ ဇဝေဇ၀ါ ဖြစ်တဲ့ ဥစ္စာတွေပေါ့လေ။ နောက်တခါ သူတို့မှာ အဖြေက တိတိကျကျ မရှိတဲ့ဥစ္စာမျိုးကတော့ အဲဒီလိုမျိုး မေးတဲ့မေးခွန်းက တခြား သူတို့ဖြေတာက တမျိုး အဲလို ဖြစ်ကုန်တယ်ဗျ။ အထူးသဖြင့်တော့ ၀န်ကြီးတွေက သူတို့ရဲ့ လုပ်ရပ်တွေကို ကာကွယ်ပေးပြီးတော့ ဖြေသွားတာ များတယ်လေ။ သူတို့ လုပ်နေပါတယ်။ လုပ်နေဆဲ၊ လုပ်ပါမယ်ဆိုတဲ့ စကားမျိုးနဲ့ နောက်ဆုံး ပိတ်ပိတ် သွားတာပဲ တွေ့ရတယ်လေ။ သူတို့က တိတိကျကျ ဖြေဖို့ ကြိုစားတာထက်... Continue Reading →

မီဒီယာဥပဒေ ရေးဆွဲနေပြီဟု ပြန်ကြားရေးဝန်ကြီး ပြော


အံ့ဘုန်းမြတ် ၆ စက်တင်ဘာ ၂၀၁၁ (ဒီဗွီဘီ) သတင်းမီဒီယာတွေနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲနေပြီး လွှတ်တော်ကို မကြာခင် တင်သွင်းမယ်လို့ ပြန်ကြားရေးဝန်ကြီးက ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။ သတင်းမီဒီယာတွေ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေး ရေး ဥပဒေတရပ် ပြဋ္ဌာန်းဖို့ သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းညွန့် မနေ့ကအစည်းအဝေးမှာ အဆိုတင်ခဲ့တာကိုတော့ ဒီနေ့အစည်းအဝေးမှာ မှတ်တမ်းတင်ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မီဒီယာဥပဒေ ပြဌာန်း ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ရှေ့နေချုပ်ရုံးကို ဇူလိုင်ကတည်းက ပေးပို့ထားပြီး အကြံညာဏ်ယူနေပါတယ်၊ စသည်ဖြင့် တင်ပြသွားတယ်လို့ ဦးသိန်းညွန့်က ပြောပြပါတယ်။ “နောက်တပတ် လွှတ်တော်မှာ မဆောင်ရွက်ဘူး ဆိုရင် ကျနော်က ဒီအဆိုကို မှတ်တမ်းတင်ထားတဲ့အပေါ်မှာ အခြေခံပြီးတော့... Continue Reading →

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရိုးသားဟု ပြန်ကြားရေးဝန်ကြီး ထပ်မံပြောကြား


အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) အစိုးရနဲ့ ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အမျိုးမျိုးတောင်းဆိုပြီး မရိုးမသား အခွင့်အရေးယူတယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ၀န်ကြီးက ပြည်သူ့လွှတ်တော်မှာ ထပ်ပြီးပြောလိုက်ပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်ဖွဲ့စည်းရေး၊ အစိုးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဆွေးနွေးမှုအခြေအနေတို့နဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ ရှမ်းပြည်နယ် ကွန်ဟိန်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါ်နန်းဝါနုက မေးမြန်းရာမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အဲဒီလို ပြောသွားတာပါ။ဒီပြောဆိုချက်မျိုးးကို ဦးကျော်ဆန်းဟာ ပြီးခဲ့တဲ့ ၁/၂၀၁၁ သတင်းစာရှင်းလင်းပွဲ တုန်းကလည်း ပြောကြားသွားဖူးပါတယ်။ “အစိုးရကနေ အပစ်အခတ် ရပ်စဲခဲ့တာကို အခွင့်ကောင်းယူပြီးတော့ တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေက စစ်ရေးလှုပ်ရှားမှုတွေ၊ လူသစ်စုဆောင်းမှုတွေ ရှိပါ တယ်။ အစကတည်းက မရိုးမသား အခွင့်အရေးတွေ ယူခဲ့တာကြောင့်... Continue Reading →

နိုင်ငံတကာ ဒီမိုကရေစီနေ့ နေပြည်တော်တွင် ပထမဆုံး ကျင်းပမည်


အံ့ဘုန်းမြတ် (၅ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) ဒီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ (International Day of Democracy) အခမ်းအနားကို အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ ပထမဆုံး စတင် ကျင်းပတော့မှာပါ။ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ နိုင်ငံတကာဒီမိုကရေစီနေ့နဲ့ ပတ်သက်တဲ့ အဆိုတွေနဲ့ သ၀ဏ်လွှာတွေကို ထုတ်ပြန်ဖို့လည်းရှိပြီး အခမ်းအနား တက်ဖို့ ပြည်တွင်းပြည်ပ သတင်းသမားတွေကို ဖိတ်ကြားထားတယ်လို့  မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ပြောပါတယ်။“မြန်မာနိုင်ငံက ဒီမိုကရေစီ နိုင်ငံဖြစ်သွားပြီ ဆိုတဲ့အတွက်ကြောင့် နိုင်ငံတကာမှာ လုပ်နေတဲ့ ဒီမိုကရေစီနေ့မှာလည်း မြန်မာက ဆက်လုပ်မှာပေါ့။ ပထမဦးဆုံး အကြိမ်လုပ်မယ်။ လွှတ်တော်မှာလုပ်မယ်။ မီဒီယာတွေကို ဖိတ်ထားတယ်။... Continue Reading →

တခုတည်းသော ငွေလဲလှယ်နှုန်း သတ်မှတ်ရေး အလျင်စလို မဆုံးဖြတ်ဟုဆို


အံ့ဘုန်းမြတ် (၁ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) တခုတည်းသော နိုင်ငံခြားငွေလဲလှယ်နှုန်း သတ်မှတ်ဖို့  ပြည်သူ့လွှတ်တော်က အတည် ပြုထားပေမယ့် အလျင်စလို မသတ်မှတ်ဘူးလို့ ဘဏ္ဍာရေးဝန်ကြီးက  ပြောလိုက်ပါတယ်။ ဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ် ငွေလဲနှုန်း ကျဆင်းမှုကြောင့် အခက်ကြုံနေတဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးဖို့ တွံတေး မဲဆန္ဒနယ်က ဦးစိုးသာက အဆိုတင်ပြတာကို ၀န်ကြီးက အဲဒီလို တုံ့ပြန်ဖြေကြားတာပါ။ငွေလဲနှုန်းကို အလျင်စလို ပြောင်းလဲ သတ်မှတ်ရင် ဆိုးကျိုးတွေ သက်ရောက်လာ နိုင်တာကို သတိပြုဖို့လိုတယ်လို့ ဘဏ္ဍာရေး ၀န်ကြီးက ထောက်ပြပြီး ရှင်းလင်ပြောကြား သွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောပြပါတယ်။ “လက်ရှိအခြေအနေအရ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို သတ်မှတ်ဖို့ လိုလာပြီဆိုတာ သူပြောတယ်။ ဘယ်လောက်ငွေကြေး သတ်မှတ်မယ်ဆိုတာ သူမပြောဘူး။... Continue Reading →

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: