ရန်ကုန်တိုင်းဒေသကြီးအစိုးရ သတင်းစာရှင်းလင်းပွဲ မတက်ဟု စာနယ်ဇင်းအချို့ဆို


အံ့ဘုန်းမြတ် (၁၅ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ) ကာလအတော်ကြာအောင် ပုံမှန်ပြုလုပ်ဖို့ ပျက်ကွက်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းစာရှင်းပွဲကို မနက်ဖြန် ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြန်လည် ပြုလုပ်ဖို့ ရှိနေပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ ပြည်သူတွေကြား ဖြစ်ပေါ်နေတဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အခက်အခဲတွေကို မေးမြန်းတင်ပြခွင့် မရနိုင်တာကြောင့် မတက်ရောက်ဖို့ သတင်းဂျာနယ်အချို့က ဆုံးဖြတ်လိုက်ပါတယ်။ မနက်ဖြန် နေ့လယ် (၂) နာရီမှာ စတင်မယ့် ဒီသတင်းစာရှင်းလင်းပွဲကို တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ကိုယ်တိုင် တက်ရောက်ဖို့ရှိပြီး သတင်းထောက်တွေအနေနဲ့ ရန်ကုန်အစိုးရနဲ့ဆိုင်တဲ့ မေးခွန်းတွေပဲ မေးမြန်းဖို့ ကန့်သတ်ထားသလို ဂျာနယ်တိုက်တတိုက်ကို တယောက် တက်ခွင့်ရမှာဖြစ်ပြီး တက်ရောက်သူတွေအနေနဲ့ အ၀တ်အစား ကောင်းကောင်းမွန်မွန် ၀တ်ဆင်လာကြဖို့ကိုလည်း မနေ့ကလုပ်တဲ့... Continue Reading →

ဒေသဆိုင်ရာအစိုးရများ ၀န်ကြီးနှင့် ၀န်ကြီးဌာနများ အပြောင်းအလဲများပြုလုပ်


အံ့ဘုန်းမြတ် (၂၉ ဇွန် ၂၀၁၁) (ဒီဗွီဘီ) ဒီလ ၂၈ ရက်နေ့ကနေ စတင်ပြီး ခေါ်ယူလိုက်တဲ့ ဒေသဆိုင်ရာလွှတ်တော်တွေဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေမှာ ၀န်ကြီးဌာနတွေနဲ့ ၀န်ကြီးတွေကို အပြောင်းအလဲ ပြုလုပ်နေပါတယ်။ သမ္မတရဲ့ အဆိုပြုချက်အရ အစိုးရအဖွဲ့တွေစတင်ဖွဲ့စည်းစဉ်က ဖွဲ့စည်းခဲ့တဲ့ ၀န်ကြီးဌာန ၉ ခုကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းဖို့ လွှတ်တော်ခေါ်ယူထားတာလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တသီးပုဂ္ဂလ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က အခုလိုပြောပြပါတယ်။ “ကျနော်တို့ ခေါ်တာက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးဌာနတွေကို ပြန်လည် ပြင်ဆင်သတ်မှတ်တာတွေကို သမ္မတကြီးက ပြင်ဆင်ချက်ကို ဒီနေ့ လွှတ်တော်မှာ ပြန်အတည်ပြုတာပါပဲ။ ဒါ အဓိကအချက်။ ဌာနတွေကိုပဲ ပြောတယ်။... Continue Reading →

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: