အာဇာနည်နေ့ အခမ်းအနား နိုင်ငံရေးပါတီများကို ဖိတ်ကြားခြင်းမရှိ


အံ့ဘုန်းမြတ် (၁၈ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ) ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ နိုင်ငံရေးပါတီတွေကို တက်ရောက်ဂါရ၀ပြုဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖိတ်ကြားခြင်း မရှိပါဘူး။ မနှစ်ကတော့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေကို အသိအမှတ်ပြု  ဖိတ်ကြားခဲ့ပေမယ့် ဒီနှစ်မှာတော့ ဖိတ်ကြားခြင်း မရှိတော့တာလို့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။ “ဒီနှစ်တော့ မဖိတ်ဘူး။ တက်ရောက်ချင်တဲ့သူတွေ အကြောင်းကြားပါဆိုပြီး သတင်းစာမှာ ပါတယ်။ သီးခြား ဖိတ်တာတော့ မရှိဘူး။” ကြံ့ခိုင်ရေးပါတီရဲ့ ရန်ကုန်တိုင်း တာဝန်ခံမြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း ကတော့ နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားမယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ပြောကြားထားပေမယ့် အခုလို ဖိတ်ကြားခြင်း မရှိတော့တာလည်း ဖြစ်ပါတယ်။ ဒီလို အစိုးရအနေနဲ့... Continue Reading →

ပြည်ပမီဒီယာများကို သတင်းမပို့ရန် ရန်ကုန်တိုင်း အစိုးရ၀န်ကြီးချုပ် ထပ်မံပိတ်ပင်


အံ့ဘုန်းမြတ် (၁၇ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်က ပြည်တွင်းသတင်း မီဒီယာသမားတွေအနေနဲ့ ပြည်ပအခြေစိုက် သတင်းဌာနတွေကို သတင်း မပို့ကြဖို့ ထပ်မံပိတ်ပင် ပြောကြားလိုက်ပါတယ်။ ဒီလ ၁၆ ရက်နေ့က ရန်ကုန်တိုင်းအစိုးရ ရုံးစိုက်ရာ ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်က လွှတ်တော် အဆောက်အအုံမှာ ကျင်းပပြုလုပ်တဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားလိုက်တာပါ။ သတင်းမီဒီယာ တွေ့ဆုံပွဲကို အစိုးရအဖွဲ့အနေနဲ့ ပုံမှန်ပြုလုပ်ဖို့ အစီအစဉ် ရှိပေမယ့်  ပြည်ပမီဒီယာတွေက ထုတ်လွှင့်မှုတွေ ရှိနေတာကြောင့် ပုံမှန်မပြုလုပ်နိုင်တာဖြစ်ပြီး သတင်းမီဒီယာ သမားတွေအနေနဲ့လည်း ပြည်ပမီဒီယာတွေကို သတင်းမပေးပို့ဘဲ ဆင်ခြင်ကြဖို့ ၀န်ကြီးချုပ်က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ ʺပြင်ပ မီဒီယာကို ဘယ်သူပို့သလဲဆိုတာ ဒီမှာ လာတက်တဲ့သူတွေထဲကပဲ... Continue Reading →

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: