ဒဏ္ဍာရီထဲက မဟုတ်တဲ့ ရန်ကုန်


အံ့ဘုန်းမြတ် ရန်ကုန်မြို့ရဲ့ လမ်းမတွေဟာ မိုးရေတို့ကြောင့် ပိုမိုမဲမှောင်နေလောက်ရော့မယ် ။ ရန်ကုန်ဟာ ဒဏ်ရာတွေ ပွထနေပေမယ့် လှသွေးကြွယ်နေဆဲ စစ်ဘုရင် ရွှေနန်းကြော့ရှင် တစ်ပါးလိုပဲ .. အနောက်တောင်မုတ်သုံလေရဲ့ မိုးရေဆက်တွေရဲ့အောက် လှချင်တိုင်းလှနေတော့မှာတော့ သေခြာတယ်။။။ အပြာရောင် .. အနီရောင်တွေနဲ့ ရန်ကုန်ရဲ့အလှကို ဆင်မြန်းနေကြတဲ့ စိန်ပန်းတွေက ကြွေကျလာတဲ့ ပွင့်ဖက်တချို့က ၀န်ကြီးများရုံးရဲ့ အနောက်ဘက် ဗိုလ်အောင်ကျော်လမ်းမ တလျှောက် အဆုတ်လိုက် ကျဲဖြန့်ထားသလိုဖြစ်နေပေလိမ့်မယ်။။။ ပင်လယ်ဝကနေ တိုးဝှေ့လာတယ်လို့ ထင်ရတဲ့ လေနုအေးလေးတွေကြောင့် ခံစားမှုတွေကို ပိုပြီး အေးဆက်သွားစေလိမ့်မယ်။ အီမိုဖက်ရှင်နဲ့ လူငယ်တစု ... နောက်တကြိမ် မိုးမမိအောင်လို့ .. ဗိုလ်အောင်ကျော် တာဝါဆီကို ပြေးလွှားဝင်ရောက်သွား ကြလိမ်မယ်။ ကားဟွန်းသံတွေ မကြားရပေမယ့် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာတဲ့ ကားအချို့ရဲ့ စက်သံတွေကတော့... Continue Reading →

ယဉ်ကျေးမှု ဖတ်သူအတွေး ရေးသူအမြင် (၃)


ယဉ်ကျေးမှု ဖတ်သူအတွေး ရေးသူအမြင် (၃) ရန်ကုန်က ကိုသန့်ဇင်က သူ့ရဲ့  (အစဆွဲထုတ်ခြင်း) လို့ အမည်ပေးထားတဲ့ ယဉ်ကျေးမှု ဖတ်သူအတွေး ရေးသူအမြင် (၁) မှာ ရေးခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကိုတေဇ လရောင်လမ်း က ယဉ်ကျေးမှု ဖတ်သူအတွေး ရေးသူအမြင် (၂) မှာ ပြန်လည်ရေးသားလာပါတယ်။ အဲ့ဒီဆောင်းပါးတွေမှာ  ကျွန်တော်တို့လူငယ်တွေအတွက် အယူအဆပိုင်းဆိုင်ရာတွေမှာ မတူညီတဲ့အမြင်အမျိုးမျိုးကို တွေ့ခဲ့ရပါတယ်။ ဒီပို့စ်မှာတော့  ကိုတေဇ လရောင်လမ်း ရဲ့ အမြင်တွေကို ကိုသန့်ဇင် က (အစတစ်စထွက်လာခြင်း) ဆိုတဲ့ခေါင်းစဉ်နဲ့ သူ့အယူအဆတွေကို ထပ်မံပြောကြားလာပြန်ပါတယ်။ ရေးသားမှုတွေနဲ့ ပတ်သက်လို့ကတော့ ကိုသန့်ဇင်နဲ့ ကိုတေဇတို့ရဲ့ သဘောထားအမြင်တွေသာ ဖြစ်တယ်ဆိုတာ ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။ လေးစားစွာဖြင့် (အံ့ဘုန်းမြတ်) ================================================= အစတစ်စထွက်လာခြင်း TZ... Continue Reading →

အသက်ငွေ့ငွေ့သာ ရှုရှိုက်ခွင့်ရနေတဲ့ မျှော်လင့်ချက်လေးတွေနဲ့ အိပ်မက်တွေ


အသက်ငွေ့ငွေ့သာ ရှုရှိုက်ခွင့်ရနေတဲ့ မျှော်လင့်ချက်လေးတွေနဲ့ အိပ်မက်တွေ အံ့ဘုန်းမြတ် (2008.DEC 16) အောက်တိုဘာလရဲ့ တစ်စုံတစ်ခုသော ညနေခင်းမှာ ကျွန်တော် အဲ့ဒီအရာကို စတင်တွေ့ရှိခဲ့ရတယ်။ အင်းယားကန်ဘောင်ပေါ်မှာ၊ Moon Bakery ထဲမှာ လမ်းဘေး လက်ဘက်ရည်ဆိုင်လေးထဲမှာ ရန်ကုန်မြို့ရဲ့ လူစည်ကားရာလမ်းတွပေါ်မှာ ထူးထူးခြားခြားလေးပဲ အလွန်တရာ သိမ်မွေ့လွန်း လှတယ်။ အဲ့ဒီညနေခင်းတွေထဲမှာ ရှန်ပူရနံလေးတွေပါတယ်… ဂျင်းဘောင်းဘီလေးတစ်ထည်ပါတယ်။ ဘစ်ကားမှတ်တိုင်လေး တစ်ခုပါတယ်။ ညာဘက်လက်ဖ၀ါးလေး တစ်ဖက်က ကျွန်တော့် ဘယ်ဘက်လက်မောင်းကို မျှော်လင့်ချက် အမြှင်တန်းသေး သေးနဲ့ ဆုတ်ကိုင်လို့ပေါ့….။ ကြည်အေးရဲ့ဝတ္တုစာအုပ်အချို့အကြောင်း၊ ပင်ပန်းနွမ်းနယ်နေတဲ့ အာရုံခံစားမှုတွေအကြောင်း… အမြှုပ် ကလေးတွေ တစီစီဝှေ့တက်နေတဲ့ ရွှေအိုရောင် ဖန်ခွပ်ကလေးကို ရီဝေေ၀ကြည့်ရင်း ကျွန်တော် စကားတွေပြော ခဲ့ဘူးတယ်…။ အခိုက်အတန့်ဆိုတဲ့ စကားလုံးဟာ မိနစ်ပိုင်း၊ နာရီပိုင်းလောက်ပဲ ချစ်ခွင့်ရှိခဲ့တဲ့... Continue Reading →

မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖို့ပဲလိုတယ်


မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖို့ပဲလိုတယ် အံ့ဘုန်းမြတ် (2009 MAY 8) မြို့ရိုးတခြမ်းမရှိတော့တဲ့ အဲ့ဒီမြို့ဟောင်းလေမှာ တစ်ချိန်တုန်းက သွေသံတွေ ရွှဲရွှဲဆိုခဲ့တဲ့ စစ်ပွဲတစ်ချို့ရဲ့ စီးချင်းထိုးသံတွေဟာ အခုအချိန်ထိ ပျံလွှင့်နေတုန်းပဲလို့ ဆိုရမှာပေါ့။ ကာယခွန်အားကို ဘုရားလိုကိုးကွယ်ခဲ့ကြတဲ့ အဲ့ဒီလိုခေတ်တုန်းကတော့ သူရဲကောင်းဆိုတာ အသက်ကို ဖက်နဲ့ထုတ်နေခဲ့ကြမှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ စစ်ပွဲဆိုတာ လူငယ်သေကြေပြီး လူကြီးတွေ စကားပြောရာ နေရာတစ်ခုဖြစ်ခဲ့ရတယ်…. ကာယခွန်အားကို စိုက်ထုတ်… ရဲစွမ်းသတိကို အရင်းအနှီးပြုပြီး သူရဲကောင်းဖြစ်ချင်တဲ့ ဘယ်လူငယ်တွေရဲ့နာမည်မှ ကျောက်စာအတင်မခံခဲ့ရတာကတော့ အမှန်တရားတစ်ခုပဲ… ဒါကို သမိုင်းလို့ ခက်ညံ့ညံ့ ပုဂ္ဂိုလ်တွေက ဖွင့်ဆိုကြပြန်တော့ သမိုင်းဆိုတာ သွေးနဲ့ရေးတာမျိုးမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်စရာကောင်းလာလေရဲ့…..  ဒီလိုနဲ့ အနာဂတ်ပါဆိုတဲ့ လူငယ်တွေ ဘယ်ခေတ်အထိ သေဆုံးပေးနေကြရဦးမှာလဲ…. အဲ့ဒီခေတ်က လူငယ်တွေရဲ့ ဆောင်ဓားတွေမှာ... Continue Reading →

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: