စစ်မှန်သည့်အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ရန် အစိုးရကို တိုက်တွန်း


အံ့ဘုန်းမြတ် (၉ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) မြန်မာအစိုးရအနေနဲ့  စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ လုပ်ဖို့ မြန်မာနိုင်ငံရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကော်မတီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနဲ့ တွေ့ဆုံစဉ်မှာ ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ပြောကြားလိုက်တာပါ။ ဒဲရက်ခ် မစ်ချဲလ်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက “အမေရိကန် ကိုယ်စားလှယ်ကပြောတာတော့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးခွင့်၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ဖို့ အမြဲမပြတ် စောင့်ကြည့်နေတယ်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ ကိစ္စနောက်ဆက်တွဲ ဘာတွေဖြစ်လာမလည်းဆိုတာ လက်တွေ့ဖြစ်ရပ်ကို အနီးကပ် သူတို့က သိချင်တယ်တဲ့၊တွေ့ဆုံမှုရဲ့ နေက်ကွယ်မှာ ရှိနေတဲ့... Continue Reading →

အစိုးရသစ်တာဝန်ရှိသူများ၏ လွှတ်တော်တွင်းပြောဆိုချက်အပေါ် ဝေဖန်


အံ့ဘုန်းမြတ် (၉ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) လွှတ်တော်အစည်းအဝေးမှာ အစိုးရအဖွဲ့တာဝန်ရှိသူတွေရဲ့ ပြောဆိုဖြေကြားချက်တွေဟာ လိုရာမရောက်ဘဲ ဆင်ခြေပေး ပြောကြားမှုတွေ များနေတယ်လို့ လွှတ်တော်တက် ကိုယ်စားလှယ်တချို့က ဝေဖန်လိုက်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တဦးက “အများအားဖြင့်တော့ သူတို့ဖြေရမယ့် ဥစ္စာ ဇဝေဇ၀ါ ဖြစ်တဲ့ ဥစ္စာတွေပေါ့လေ။ နောက်တခါ သူတို့မှာ အဖြေက တိတိကျကျ မရှိတဲ့ဥစ္စာမျိုးကတော့ အဲဒီလိုမျိုး မေးတဲ့မေးခွန်းက တခြား သူတို့ဖြေတာက တမျိုး အဲလို ဖြစ်ကုန်တယ်ဗျ။ အထူးသဖြင့်တော့ ၀န်ကြီးတွေက သူတို့ရဲ့ လုပ်ရပ်တွေကို ကာကွယ်ပေးပြီးတော့ ဖြေသွားတာ များတယ်လေ။ သူတို့ လုပ်နေပါတယ်။ လုပ်နေဆဲ၊ လုပ်ပါမယ်ဆိုတဲ့ စကားမျိုးနဲ့ နောက်ဆုံး ပိတ်ပိတ် သွားတာပဲ တွေ့ရတယ်လေ။ သူတို့က တိတိကျကျ ဖြေဖို့ ကြိုစားတာထက်... Continue Reading →

မီဒီယာဥပဒေ ရေးဆွဲနေပြီဟု ပြန်ကြားရေးဝန်ကြီး ပြော


အံ့ဘုန်းမြတ် ၆ စက်တင်ဘာ ၂၀၁၁ (ဒီဗွီဘီ) သတင်းမီဒီယာတွေနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲနေပြီး လွှတ်တော်ကို မကြာခင် တင်သွင်းမယ်လို့ ပြန်ကြားရေးဝန်ကြီးက ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။ သတင်းမီဒီယာတွေ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေး ရေး ဥပဒေတရပ် ပြဋ္ဌာန်းဖို့ သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းညွန့် မနေ့ကအစည်းအဝေးမှာ အဆိုတင်ခဲ့တာကိုတော့ ဒီနေ့အစည်းအဝေးမှာ မှတ်တမ်းတင်ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မီဒီယာဥပဒေ ပြဌာန်း ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ရှေ့နေချုပ်ရုံးကို ဇူလိုင်ကတည်းက ပေးပို့ထားပြီး အကြံညာဏ်ယူနေပါတယ်၊ စသည်ဖြင့် တင်ပြသွားတယ်လို့ ဦးသိန်းညွန့်က ပြောပြပါတယ်။ “နောက်တပတ် လွှတ်တော်မှာ မဆောင်ရွက်ဘူး ဆိုရင် ကျနော်က ဒီအဆိုကို မှတ်တမ်းတင်ထားတဲ့အပေါ်မှာ အခြေခံပြီးတော့... Continue Reading →

ရွေးကောက်ပွဲဥပဒေပြင်ဆင်ချက်ကို ကန့်ကွက်မှု ရှုံးနိမ့်


အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က တင်သွင်းတဲ့ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက် တွေကို ကိုယ်စားလှယ်တဦးက ကန့်ကွက်လို့ ဗြောင်မဲခွဲရာမှာ မဲအပြတ်အသတ်နဲ့ ရှုံးသွားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင် တင်သွင်းတဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ဖြည့်စွက်ချက်အရ နိုင်ငံတော်ပုန်ကန်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်မှု၊ တရားမ၀င်အသင်းအဖွဲ့တွေနဲ့ ဆက်ဆံမှု စတဲ့ပြစ်မှုကြောင့် ပြစ်ဒဏ်ကျခံရတဲ့ ကိုယ်စားလှယ်ဟာ ရာသက်ပန် ရွေးကောက်ပွဲဝင်ခွင့် မရှိတော့ပါဘူး။ ဒီပြင်ဆင်ချက်အဆိုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စမ်းချောင်းမြို့နယ် ကိုယ်စားလှယ် ဦးစိုးဝင်းက ကန့်ကွက် ဆွေးနွေးရာမှာ မဲခွဲတာလို့ မြေပုံမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါတယ်။“အခု လွှတ်တော်ကိုယ်စားလှယ်ထဲမှာလည်း နိုင်ငံတော်ပုန်ကန်မှု၊ လက်နက်ကိုင် တော်လှန်မှု၊ ထောင်ကျတဲ့အမှုတွေ အများကြီးပါတဲ့။ အခုမှ လာမယ့်ရွေးကောက်ပွဲတွေမှာ... Continue Reading →

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရိုးသားဟု ပြန်ကြားရေးဝန်ကြီး ထပ်မံပြောကြား


အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) အစိုးရနဲ့ ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အမျိုးမျိုးတောင်းဆိုပြီး မရိုးမသား အခွင့်အရေးယူတယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ၀န်ကြီးက ပြည်သူ့လွှတ်တော်မှာ ထပ်ပြီးပြောလိုက်ပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်ဖွဲ့စည်းရေး၊ အစိုးနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဆွေးနွေးမှုအခြေအနေတို့နဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ ရှမ်းပြည်နယ် ကွန်ဟိန်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါ်နန်းဝါနုက မေးမြန်းရာမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အဲဒီလို ပြောသွားတာပါ။ဒီပြောဆိုချက်မျိုးးကို ဦးကျော်ဆန်းဟာ ပြီးခဲ့တဲ့ ၁/၂၀၁၁ သတင်းစာရှင်းလင်းပွဲ တုန်းကလည်း ပြောကြားသွားဖူးပါတယ်။ “အစိုးရကနေ အပစ်အခတ် ရပ်စဲခဲ့တာကို အခွင့်ကောင်းယူပြီးတော့ တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေက စစ်ရေးလှုပ်ရှားမှုတွေ၊ လူသစ်စုဆောင်းမှုတွေ ရှိပါ တယ်။ အစကတည်းက မရိုးမသား အခွင့်အရေးတွေ ယူခဲ့တာကြောင့်... Continue Reading →

Blog at WordPress.com.

Up ↑

%d bloggers like this: