အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) အစိုးရသစ်က ဒီလ ၅ ရက်မှာ အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အ ရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေ မြှင့်တင် ရေး၊ ကာကွယ်ရေး ဆောင်ရွက်ဖို့ ဒီကော်မရှင်ကို ဖွဲ့စည်းတာလို့ အစိုးရကြေညာချက်က ဆိုပါတယ်။ ကော်မရှင်ရဲ့ ခေါင်းဆောင်တွေအဖြစ် ပါဝင်ဆောင်ရွက်မယ့်သူတွေဟာ စစ်အစိုးရ လက်ထက်တုန်းက မြန်မာ့လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ခုခံကာကွယ်ပြောဆိုခဲ့ သူတွေ အများစုပါဝင်နေတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတာကို အပြုသဘောဆောင် ကြိုဆိုသူရှိသလို ဒီကော်မရှင်ရဲ့ လုပ်ဆောင်နိုင်မှုအပေါ် သံသယရှိနေသူလည်း ရှိပါတယ်။ ဒီကော်မရှင်ဖွဲ့စည်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP-Human Rights... Continue Reading →
အမျိုးသားလူ့အခွင့်အရေးကော်မရှင် အမှန်တကယ် ဆောင်ရွက်ဖို့လိုအပ်
အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) အစိုးရက အသစ်ထပ်ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ လူ့အခွင့်အရေးကိစ္စတွေကို အမှန်တကယ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးကာကွယ်လှုပ်ရှားသူတွေက ပြောပါ တယ်။ ဒီလ ၅ ရက်နေ့ ရက်စွဲနဲ့ အစိုးရက အငြိမ်းစားသံအမတ်ကြီးတွေ၊ အငြိမ်းစား တက္ကသိုလ်ပါမောက္ခတွေ၊ အစိုးရ၀န်ကြီးဌာနတွေက အငြိမ်းစားအရာရှိတွေနဲ့ ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဝင် ၁၅ ဦးပါ ကော်မရှင်ကို ပြည်တွင်းပြည်ပလူ့အခွင့်အရေး အဖွဲ့အစည်းတွေက သံသယနဲ့ ကြိုဆိုပြောကြားလိုက်ကြတာပါ။ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်လေးက “အခုပေါ်ပေါက် လာတဲ့ လူ့အခွင့်အရေး ကော်မရှင်က တကယ်ပဲ လူ့အခွင့်အရေးတွေကို တိုးတက် ဖြစ်ပေါ်လာဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို... Continue Reading →