အပူဒဏ်ကြောင့် သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ် အံ့ဘုန်းမြတ် ၁၇ မေ ၂ဝ၁ဝ http://burmese.dvb.no/news.php?id=10914 မြန်မာနိုင်ငံအတွင်း ဒေသအချို့မှာ အပူချိန်တွေ သိသိသာသာ မြင့်မားနေခဲ့တာကြောင့် သေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ အပူချိန်မြင့်မားမှုကြောင့် ပြည်သူအချို့ဆက်လက်သေဆုံးနေတာပါ။ ဒီလ ၁၄ ရက် နေ့ တရက်တည်းမှာတင် မန္တလေးမြို့မှာ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ် ကျော်ရှိခဲ့တာကြောင့် လူ ၁၂ဝ ကျော်နီးပါး သေဆုံးခဲ့တယ်လို့ မန္တလေးမြို့တော်စည်ပင်နဲ့ နီးစပ်သူတစ်ဦး ကပြောပါတယ်။ မန္တလေးမြို့မှာ အဲ့ဒီနေ့က ကြုံတွေ့ခဲ့ရပုံကိုလည်း မန္တလေးမြို့ခံတစ်ဦးက “ဆေးရုံရောက်သွားတော့ တချို့တွေဆို တအားစိတ်ပူတာ ကိုယ့်ကလေးကို ပွေ့လာတာလေ အသက်မပါတာတောင်မှ မသိကြဘူး။ ဆေးရုံတိုင်းမှာလည်း အခန်းအပြည့်၊ နောက်ပြီးတော့ ဘော်ဒီရုံမှာလည်း... Continue Reading →
ဒေသတချို့တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုများဖြစ်
ဒေသတချို့တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုများဖြစ် အံ့ဘုန်းမြတ် ၃၀ ဧပြီ ၂၀၁၀ http://burmese.dvb.no/news.php?id=10711 လွန်ခဲ့တဲ့ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံဒေသတချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခက်မှုတွေကြောင့် ပျက်ဆီး၊ သေဆုံး ဒဏ်ရာရရှိမှု တချို့ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ အထက်ပိုင်းဒေသတချို့နဲ့ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တွေထဲက ဒေသတချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခက်မှုတွေကြောင့် ပျက်ဆီး၊ သေဆုံး ဒဏ်ရာရရှိမှု တချို့ ရှိခဲ့တာပါ။ မနေ့ညကလည်း ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း မိုးသက်လေပြင်းကျပြီး စာသင်ကျောင်းတချို့ အပါအ၀င် ပျက်ဆီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “ကားလမ်းအပေါ်မှာ ဘယ်ယာဉ်မှ မမောင်းရဲတော့ဘူး။ နောက်တခါ မိုးသီးတွေပါ ကြွေတာ။ တော်တော်ကို ပြင်းပြင်းထန်ထန် အလုံးကြီးကြီးတွေ ကြွေတာ။ ကားလမ်းဘေး တဖက်တချက်မှာရှိတဲ့... Continue Reading →
မြန်မာနိုင်ငံဒေသတချို့ နေ့အပူချိန်မြင့်မားသဖြင့် သောက်သုံးရေရှားပါး
မြန်မာနိုင်ငံဒေသတချို့ နေ့အပူချိန်မြင့်မားသဖြင့် သောက်သုံးရေရှားပါး အံ့ဘုန်းမြတ် ၈ ဧပြီ ၂၀၁၀ http://burmese.dvb.no/news.php?id=10539 မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေ အပါအ၀င် ဒေသအတော်များများမှာ နေ့အပူချိန်တွေ မြင့်တက်လျှက် ရှိနေတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ထုတ်ပြန်ကြေညာထားပါတယ်။ ဒီလို အပူချိန်တွေ မြင့်မားနေတာကြောင့် ဒေသတချို့မှာ သောက်သုံးရေ ပြဿနာနဲ့အတူ အပူကြောင့် ဖြစ်ပေါ်တဲ့ ရောဂါတချို့ ခံစားနေကြရပါတယ်။ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ အထက်ပိုင်းတွေက ဒေသတွေမှာ နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်နေတာပါ။ လာမယ့် သတင်းပတ်အထိ ဒီဒေသတွေမှာ မိုးရွာသွန်းနိုင်ခြေမရှိဘဲ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်နယ် အနီးတ၀ိုက်တွေမှာသာ မိုးရွာသွန်းနိုင်တဲ့ အခြေအနေမျိုးရှိတယ်လို့ မိုးလေ၀သနဲ့ဇလဗေဒရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေက ဆိုပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မိုးလေ၀သနဲ့ဇလဗေဒပညာရှင် ဦးထွန်းလွင်က ရှင်းပြပါတယ်။ “ပူတာကတော့... Continue Reading →
မြန်မာနိုင်ငံတွင်း ဒေသအချို့တွင် လေထုညစ်ညမ်းမှုဖြစ်ပွား
မြန်မာနိုင်ငံတွင်း ဒေသအချို့တွင် လေထုညစ်ညမ်းမှုဖြစ်ပွား အံ့ဘုန်းမြတ် ၁၇ မတ် ၂၀၁၀ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်အတွင်းက ဒေသ အချို့မှာ မီးခိုးငွေ့ကြောင့် လထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မုံရွာမြို့နဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့တွေမှာ မတ်လ ၁၆ ရက်နေ့ကစပြီး လေထုညစ်ညမ်းမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်းကို မန္တလေးမြို့ခံတဦးက အခုလို စပြောပြပါတယ်။ “မန္တလေးမှာကော၊ စစ်ကိုင်းမှာကော၊ မီးခိုးလုံးတွေက တောင်ယာတွေ မီးရှို့လို့လား မသိဘူး။ ဒီဘက်ကို လေတိုက်လို့ မီးခိုးတွေလိုပဲ မှိုင်းထနေတာပေါ့။ ဟိုဘက် ဒီဘက်ကို ကောင်းကောင်းမမြင်ရဘူး။ မီးခိုးမှိုင်းတွေ တိုက်နေတာပေါ့။ စစ်ကိုင်း မြို့ထဲလည်း ဒီလိုဘဲ ဆိုင်းနေတာ ပေါ့။ ဆိုင်ကယ်စီးတဲ့အခါကျတော့ မျက်လုံးတွေကို စပ်ပြီးတော့ နေတာဘဲ။” လေထုအတွင်း... Continue Reading →
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကမ္ဘာပူနွေးမှုအရေး ပညာရှင်များ ဆွေးနွေး
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကမ္ဘာပူနွေးမှုအရေး ပညာရှင်များ ဆွေးနွေး အံ့ဘုန်းမြတ် ၈ ဇန်န၀ါရီ ၂၀၁၀ http://burmese.dvb.no/news.php?id=9551 (၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်) မြန်မာပညာရှင်တွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ရန်ကုန်မှာ မနက်ဖြန် ဟောပြောဆွေးနွေးကြမှာပါ။ မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များအစည်းအရုံးမှာ ကျင်းပမယ့် ဒီဆွေးနွေးပွဲမှာ မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်း၊ ဂေဟဗေဒပညာရှင် ဦးဝင်းမျိုးသူနဲ့ စာရေးဆရာမဂျူး စတဲ့ပုဂ္ဂိုလ်တွေက ဟောပြောဆွေးနွေးကြမှာပါ။ ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုအကြောင်းတွေကို ဒေါက်တာထွန်းလွင် စတင်ဟောပြောမှာပါ။ ကမ္ဘာ့ဇုန်ကိုးဇုန်အနက် မြန်မာပါဝင်နေတဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသမှာ ရာသီဥတုပြောင်းလဲမှု အခြေအနေ အဆိုးဆုံးဖြစ်နေတဲ့အကြောင်း၊ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်းတို့ရဲ့ အခန်းကဏ္ဍ စတဲ့အကြောင်း တွေကို ဦးအုန်းက... Continue Reading →