စီးပွားရေး

This category contains 44 posts

ဘဏ်တိုးနှုန်း ၂ ရာခိုင်နှုန်းလျော့သွား၍ ချေးယူသူ အကျိုးရှိ


အံ့ဘုန်းမြတ် (၉ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

ဒီလ ၁ ရက်နေ့ကစပြီး ဘဏ်အတိုးနှုန်းတွေ ၂ ရာခိုင်နှုန်း လျှော့ချလိုက်တဲ့အတွက် ငွေချေးယူသူတွေအတွက်ပဲ အကျိုးများတယ်လို့ ပညာရှင်တချို့က ဝေဖန်နေကြပါတယ်။

အရင်က အပ်ငွေအပေါ် အတိုးနှုန်း ၁၂ ရာခိုင်နှုန်းပေးပြီး ချေးငွေအပေါ် ၁၇ ရာခိုင် နှုန်း အတိုးကောက်ယူနေရာက အပ်ငွေအပေါ် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းထက်မနည်း ၁၂ ရာခိုင်နှုန်းထက်မများဘဲ အတိုးပေးဖို့နဲ့ ချေးငွေအပေါ် ၁၅ ရာခိုင်နှုန်းထက်မများဘဲ အတိုးကောက်ယူဖို့ ဗဟိုဘဏ်က အမိန့်ထုတ်ပြန်ခဲ့တာပါ။

ဒီလိုပြောင်းလဲကျင့်သုံးမှုကြောင့် လုပ်ငန်းတိုးချဲ့လိုတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အဖို့ အကျိုးပိုများတယ်လို့လည်း ဒီနေ့ထုတ် အစိုးသတင်းစာတွေမှာ ရေးသားပါတယ်။ Continue reading

Advertisements

တခုတည်းသော ငွေလဲလှယ်နှုန်း သတ်မှတ်ရေး အလျင်စလို မဆုံးဖြတ်ဟုဆို


အံ့ဘုန်းမြတ် (၁ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

တခုတည်းသော နိုင်ငံခြားငွေလဲလှယ်နှုန်း သတ်မှတ်ဖို့  ပြည်သူ့လွှတ်တော်က အတည် ပြုထားပေမယ့် အလျင်စလို မသတ်မှတ်ဘူးလို့ ဘဏ္ဍာရေးဝန်ကြီးက  ပြောလိုက်ပါတယ်။

ဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ် ငွေလဲနှုန်း ကျဆင်းမှုကြောင့် အခက်ကြုံနေတဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးဖို့ တွံတေး မဲဆန္ဒနယ်က ဦးစိုးသာက အဆိုတင်ပြတာကို ၀န်ကြီးက အဲဒီလို တုံ့ပြန်ဖြေကြားတာပါ။ Continue reading

စီးပွားရေးဖွံ့ဖြိုးမှုအလုပ်ရုံဆွေးနွေးပွဲ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်​ ပညာရှင်များ​ကို ဖိတ်ကြား


အံ့ဘုန်းမြတ် (၁၇ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

လာမယ့် ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပပြုလုပ်မယ့် အစိုးရသစ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ဖို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားပညာရှင်တွေကို တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ပြည်ထောင်စုအစိုးရရဲ့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးမှုဝန်ကြီးဌာနက စီစဉ်ကျင်းပတဲ့ ဒီအခမ်းအနားကို တက်ရောက်ဖို့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကတဆင့် နိုင်ငံရေးပါတီ ၃၇ ပါတီက ခေါင်းဆောင်တွေကို  ဒီလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဖိတ်စာလက်ခံရရှိထားတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်အေးက အခုလိုပြောပြပါတယ်။

    “တိုင်းကော်မရှင်က စာ သုံးစောင်ပေးတယ်။ ပထမတစောင်က ဖိတ်ကြားစာ၊ ဒုတိယအစောင်က ကျနော်တို့ကို နေပြည်တော်ကော်မရှင်ကနေတဆင့် တိုင်းကော်မရှင်၊ အဲဒီကနေ ကျနော်တို့ပါတီကို ရောက်လာတဲ့စာပါ။ အလုပ်ရုံဆွေးနွေးပွဲ ဦးဆောင်ကျင်းပရေး ကော်မတီကနေ ဖိတ်တာ။ အဲဒီပြည်ထောင်စု ကော်မရှင်ကိုပို့တယ်။ ပြည်ထောင်စုကော်မရှင်ကို အမျိုးသားစီမံကိန်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနဆိုပြီး ၀န်ကြီးရုံးအမိန့် ၁၆ ရက်၊ ၈လ၊ ၂၀၁၁ ရက်စွဲနဲ့ပို့တယ်။ ပို့တော့ အဲဒီစာကို ပြည်ထောင်စုကော်မရှင်က နိုင်ငံရေးပါတီများအားလုံးဆိုပြီး ထပ်ပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်များ အားလုံးဆိုပြီးတော့ နိုင်ငံရေးပါတီများကို  ဆက်လက်အကြောင်းကြားရန်ဆိုပြီးတော့ ဖြစ်တဲ့အတွက် ကျနော်တို့ကို တိုင်းကော်မရှင်ကနေ လှမ်းအကြောင်းကြားတာခင်ဗျ။”

ပြည်ပ တက္ကသိုလ်အသီးသီးမှာ ပြန်လည်ပညာသင်ကြားပေးနေကြတဲ့ မြန်မာနိုင်ငံသား ပညာရှင်အချို့ကိုလည်း အစိုးရအဖွဲ့က တိုက်ရိုက်ဖိတ်ကြားမှုတွေ ပြုလုပ်ထားပြီး တက်ရောက်ဖို့ရှိကြတယ်လို့လည်း အစိုးရအဖွဲ့နဲ့ နီးစပ်သူအချို့က ဆိုပါတယ်။

ဒီလို နိုင်ငံရေးပါတီတွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသား ပညာရှင်တွေကို အစိုးရအဖွဲ့က ပထမဆုံး အနေနဲ့ ဖိတ်ကြားလာတဲ့အပေါ် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ အခုလို မှတ်ချက်ပေး ပြောကြားပါတယ်။

“ဒါက ကောင်းတဲ့လက္ခဏာပါပဲ နိုင်ငံနဲ့ပတ်သက်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ နိုင်ငံရေးပါတီတွေ ပါဝင်သင့်တယ်လို့ အစိုးရက သဘောပေါက်လက်ခံတဲ့ သဘောပါ။ ကျနော်တို့ကလည်း မူဝါဒတွေ ရေးဆွဲထားတာရှိတော့ အလုပ်ရုံဆွေးနွေးပွဲတွေ တတ်ရောက်တဲ့အခါ ကြားနာမှုတွေ၊  ပြုလုပ်မယ့်အစီအစဉ်တွေအပေါ်မှာ အကြံပေးနိုင်ရင်လည်း ပေးသွားမှာပါ။”

ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ကြားဖို့ အစီအစဉ်ရှိတဲ့ အကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပေမယ့် အခုအချိန်အထိတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အတည်ပြု ပြောကြားတာမျိုးတော့ မရှိသေးပါဘူး။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ သမ္မတဦးသိန်စိန်ရဲ့ စီးပွားရေးအကြံပေး ဦးမြင့်အပါဝင် ပညာရှင်အသီးသီးက အဓိကဆွေးနွေးကြမှာပြီး သတင်းမီဒီယာအချို့က အယ်ဒီတာချုပ်တွေကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားပါတယ်။

ဦးသိန်းစိန်ဦး ဆောင်တဲ့ အစိုးရသစ်ဟာ အာဏာလွှဲပြောင်းယူပြီး ၄ လကျော် သက်တမ်းကာလအတွင်း ပထမဆုံး အနေနဲ့ ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွေ စတင်ပြုလုပ်ခဲ့သလို ကဏ္ဍအလိုက် အလုပ်ရုံဆွေးနွေး ပွဲတွေပြုလုပ်ပြီး ပြုပြင်ပြောင်းလဲရေးတွေကို အမှန်တကယ် လုပ်ဆောင်တော့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ပြောကြားထားပါတယ်။

စီးပွားရေးမူဝါဒများနှင့် လုပ်ငန်းကော်မတီများ ထပ်မံဖွဲ့စည်းဖို့ သမ္မတစီစဉ်


အံ့ဘုန်းမြတ် (၁၆ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

အစိုးရသစ်ရဲ့ သမ္မတ ဦးသိန်းစိန်က တိုင်းပြည်စီးပွားရေးကဏ္ဍနဲ့ ပတ်သက်ပြီး လက်တွေ့အကောင်အထည်ဖော်မှုပိုင်းတွေမှာ အားနည်းမှုတွေရှိနေတာကြောင့် လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရေး မူဝါဒတွေနဲ့ လုပ်ငန်းကော်မတီတွေကို  ထပ်မံဖွဲ့စည်းလုပ်ဆောင်ဖို့ရှိနေပါတယ်။

ဒီလ ၁၇ ရက် ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၂ နာရီ နေပြည်တော်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေတက်ရောက်မယ့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြားပြီး အဲ့ဒီလို ဆောင်ရွက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အခမ်းအနားကို တက်ရောက်မယ့် စီးပွားရေးလုပ်ငန်ရှင် ဇေကမ္ဘာဦးခင်ရွှေက အခုလို အတည်ပြုပြောကြားပါတယ်။

“စီးပွားရေးနဲ့ပတ်သက်လို့ မူချမယ်လို့တော့ပြောတယ်။ ကော်မတီ၊ ကော်မရှင် စတာတွေ ဖွဲ့မယ်လို့တော့ပြောတယ်။ အဓိက စီးပွားရေးနဲ့ ပတ်သက်တာပဲ။ စီးပွားရေးနဲ့ ပတ်သက်လို့ ဘယ်လိုတွေ ဖွဲ့ကြဦးမလည်း။ အခုစီးပွားရေး အဖွဲ့အစည်းတွေ အကုန်ခေါ်ပြီး ပြောမယ့်သဘောမျိုး ရှိတယ်။ လက်တွေ့က သိပ်မထွက်လာသေးဘူး။ အခုလက်တွေ့လုပ်မယ့် သဘောပါ။”

အခမ်းအနားကို မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း၊ မြန်မာနိုင်ငံ ရေထွက်လုပ်ငန်းအသင်းစသည့် စီးပွားရေး အသင်းအဖွဲ့များ တက်ရောက်ဖို့ရှိနေပါတယ်။

အစိုးရသစ်ဟာ အခုလ ၁၉ ရက်နေ့မှာလည်း စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲတခုကို နေပြည်တော်မှာပဲ ပြုလုပ်ဖို့ စီစဉ်ထားပြီး အဲ့ဒီအခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ တက်ရောက်ဖို့ ဖိတ်ကြားမယ့် အစီအစဉ်ရှိ နေကြောင်းလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အစိုးရသစ်ဟာ တိုင်းပြည်အာဏာကို လွှဲပြောင်းယူပြီး ရက်ပိုင်းအကြာမှာပဲ စီးပွားရေးပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့တာမျိုးတွေလည်းရှိနေခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ တိုင်းပြည်ရဲ့ စီးပွားရေးကဏ္ဍနဲ့ပတ်သက်ပြီး ဈေးကွက် စီးပွားရေးကို ပီပြင်အောင် ကျင့်သုံးပြီး ရလာတဲ့ အကျိုးစီးပွားတွေကို အခြေခံလူတန်းစားနဲ့ အောက်ခြေအဆင့် အထိ ပျံ့နှံ့စေရမယ်လို့ ကြွေးကြော်ထားပါတယ်။

ဒါအပြင် လက်ဝါးကြီးအုပ် စီးပွားရေးစနစ် မဖြစ်အောင် အစိုးရက အတိုင်းအတာတခုအထိ ထိန်းပေးမှာ ဖြစ်ပေမယ့် တတ်နိုင်သမျှ ၀င်ရောက် စွက်ဖတ်မှု၊ ထိန်းချုပ်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်မယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆင်းရဲချမ်းသာ ကွာဟာမှု လျှော့ချရေး၊ မြို့ပြ-ကျေးလက် လူနေမှုအဆင့် ကွာဟမှု လျှော့ချရေးကို စဉ်းစားပြီး မျှတတဲ့ ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းအောင် လုပ်ဆောင်မယ်လို့လည်း ကတိပေးပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ အဲ့ဒီမိန့်ခွန်းပါအချက်တွေထဲက ထင်သာမြင်သာရှိတဲ့ ပြုပြင်ပြောင်းလဲမှု အနည်းငယ်ကိုသာ မြင်တွေ့ရပြီး ဒီထက်ပိုမိုလုပ်ဆောင်ဖို့ကိုလည်း စီးပွားရေးပညာရှင်တွေက တိုက်တွန်းပြော ကြားကြတာမျိုးတွေလည်း ရှိနေပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေ မဆပ်နိုင်သဖြင့် လယ်သမားများ ဖမ်းဆီခံရ


အံ့ဘုန်းမြတ် (၉ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာတွေက လယ်သမားတွေ ဦးပိုင်ကုမ္ပဏီလီမိတက်က ထုတ်ချေးခဲ့တဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြန်မဆပ်နိုင်တာကြောင့် ရာနဲ့ချီပြီး ဖမ်းဆီးခံနေရကြရပါတယ်။

ပြီးခဲ့တဲ့နှစ် စိုက်ပျိုးရာသီက တဧကကို ကျပ်ငွေ ငါးသောင်းနှုန်းနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်က စိုက်ပျိုးစရိတ်ချေးငွေ ချပေးခဲ့တာပါ။  ဒါပေမယ့်လည်း ရာသီဥတုဖောက်ပြန်မှုတွေကြောင့် လယ်တွေပျက်စီးမှုတွေဖြစ်ပွားခဲ့ပြီး လယ်သမားတွေ စပါးလည်း မသွင်းနိုင်၊ ချေးငွေ မဆပ်နိုင်ဖြစ်ခဲ့ကြတာပါ။

ဒီအခြေအနေမှာ ဦးပိုင်ကုမ္ပဏီလီမိတက်က တာဝန်ရှိသူတွေက လယ်သမားတွေကို ဒေးဒရဲမြို့က တန် ၁၀၀ ဆန်စက်ကိုခေါ်ယူ ဖမ်းဆီးပြီး ချေးငွေကို အတင်းအကျပ် ပြန်လည်တောင်းယူနေတာလည်း ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့ လယ်သမားတဦးက အခုလိုပြောပြပါတယ်။

“ကျနော်က ဒေးဒရဲမြို့နယ် ကုလားကုန်းတန်း ကျေးရွာကပါ။ ဦးပိုင်လီမိတက်က ငွေချေးထားပါတယ်။ အဲဒီငွေကို ပြန်မဆပ်နိုင်တဲ့အတွက် ကျနော်တို့ကို တန်တရာ ဆန်စက်ကို ဗိုလ်ကြီးမြင့်သန်းအောင်က ခေါ်လို့ သွားပါတယ်။ သွားတဲ့အခါကျတော့ ဟိုကျတော့ ဘာမှအစစ်အဆေး  အမေးအမြန်း မလုပ်ဘဲနဲ့ ပိုက်ဆံပြန်မဆပ်နိုင်ရင် ဂိုဒေါင်ထဲတန်းဝင်ဆိုပြီး ဆန်တွေ၊ ဖွဲတွေ လှောင်တဲ့ ဂိုဒေါင်ထဲမှာ လှောင်ထားပါတယ်။ လှောင်ထားတော့ ပိုက်ဆံပေးတဲ့လူတွေတော့ ထွက်လာတာပေါ့။ မပေးနိုင်တဲ့လူတွေ တော်တော်များများ ကျန်နေသေးတယ်။ အားလုံးလူပေါင်းကတော့ ယောက်ျားမိန်းမ ၁၀၀ ကျော်လောက်ရှိတယ်။ ကျနော်ကတော့ သားနဲ့ချိန်းပြီး အခုလောလောဆယ် ငွေရှာဖို့ ဆိုပြီး ကျနော်ထွက်လာခဲ့တာပါ။”

အခြားဖမ်းဆီးခံ လယ်သမားတဦးကတော့ စိုက်ပျိုးစရိတ်ချေးငွေတွေကို လာမယ့် စပါးပေါ်မယ့် ရာသီမှာ ပြန်ဆပ်လိုတယ်လို့ တောင်းဆိုထားပြီး လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကိုလည်း သူက အခုလို ရှင်းပြထားပါတယ်။

“ကျနော်တို့က မိုးတွင်းရာသီမှာ လယ်ကြဲတယ်၊ ကြဲတော့ ကျနော်တို့က တခါလည်းမရ၊ နှစ်ခါလည်း မရဆိုတော့ မရှိ ရှိတာတွေပေါ့ဗျာ၊ မရှိ ရှိတာတွေတိုတာ ကျနော်တို့ လယ်ထွန်စက်တွေ ဘာတွေရောင်းရတယ်မဖြစ်မနေ၊ ကျနော်တို့မှာရှိတဲ့ ကျွဲ၊ နွားတွေရောင်းရတယ်။ ရောင်းပြီးမဖြစ်မနေ ပေးဆပ်ရတယ်။ ကျနော်တို့ စိုက်ပျိုးစရိတ်အတွက်ထားတဲ့ ငွေကြေးပါ မထားရဲဘူးပေါ့ဗျာ၊ အဲတော့ ကျနော်တို့ ဒီထဲက လွတ်မြောက်ရေးရယ်။ ကျနော်တို့ ရှေ့ဆက်ဘာလုပ်ရမလည်း ဆိုတဲ့အခြေအနေမျိုးတွေ ပေးဖို့အတွက်ကို ခုချိန်ထိရောက်တယ်၊ ဘာတွေဆက်လုပ်ဖို့စဉ်းစားလဲ ဆက်လုပ်ဖို့ဆိုတာက ကျနော်တို့ လယ်သမားတွေက ဘာနားလည်မှာလည်းဗျာ။  ကျနော်တို့ကတော့ လာမယ့် ပေါ်ဦးချိန်မှာ ပေးဖို့ရယ်၊ မပေးနိုင်တဲ့အခြေ အနေမျိုးရယ်ပေါ့။ ဒါပဲကျနော်တို့သိထားတာပေါ့ဗျာ။”

ဒီလို ချေးငွေမဆပ်နိုင်တဲ့ လယ်သမားတွေကို ဖမ်းဆီးချုပ်နှောင်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့လည်း ဥပဒေရဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်သူ လယ်သမားကွန်ရက်နဲ့ ဥပဒေအထောက်အကူပြုအဖွဲ့တွေက ကူညီဆောင်ရွက်ပေးဖို့ရှိနေတယ်လို့ အဖွဲ့ချုပ်ရဲ့ လူမှုအထောက်အကူပြုအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

    “အဲ့ဒါကို ကျနော်တို့ ဥပဒေ အကျိုးဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းနဲ့ ပေးတွေ့လိုက်တယ်။ ဦးဥာဏ်ဝင်းက ဒါကမတရားချုပ်နှောင်တာတဲ့ မတရားချုပ်နှောင်တာလို့ သတ်မှတ်တယ်။ အဲ့တော့ သူတို့ကလည်း သက်ဆိုင်ရာကို ပြောမယ်တဲ့။ သူတို့တိုင်ကြားတဲ့အတိုင်း လက်ခံထားလိုက်မယ်လို့ သူပြောတယ်။”

Categories

%d bloggers like this: