မီဒီယာဥပဒေ ရေးဆွဲနေပြီဟု ပြန်ကြားရေးဝန်ကြီး ပြော


အံ့ဘုန်းမြတ် ၆ စက်တင်ဘာ ၂၀၁၁ (ဒီဗွီဘီ) သတင်းမီဒီယာတွေနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲနေပြီး လွှတ်တော်ကို မကြာခင် တင်သွင်းမယ်လို့ ပြန်ကြားရေးဝန်ကြီးက ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။ သတင်းမီဒီယာတွေ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ကာကွယ်စောင့်ရှောက်ပေး ရေး ဥပဒေတရပ် ပြဋ္ဌာန်းဖို့ သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းညွန့် မနေ့ကအစည်းအဝေးမှာ အဆိုတင်ခဲ့တာကိုတော့ ဒီနေ့အစည်းအဝေးမှာ မှတ်တမ်းတင်ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မီဒီယာဥပဒေ ပြဌာန်း ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ရှေ့နေချုပ်ရုံးကို ဇူလိုင်ကတည်းက ပေးပို့ထားပြီး အကြံညာဏ်ယူနေပါတယ်၊ စသည်ဖြင့် တင်ပြသွားတယ်လို့ ဦးသိန်းညွန့်က ပြောပြပါတယ်။ “နောက်တပတ် လွှတ်တော်မှာ မဆောင်ရွက်ဘူး ဆိုရင် ကျနော်က ဒီအဆိုကို မှတ်တမ်းတင်ထားတဲ့အပေါ်မှာ အခြေခံပြီးတော့... Continue Reading →

ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး မျက်နှာဖုံးဖော်ပြသည့် ဂျာနယ် အရေးယူခံရ


အံ့ဘုန်းမြတ် ၇ စက်တင်ဘာ ၂၀၁၁ (ဒီဗွီဘီ) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့တဲ့ Messenger News Journal ဂျာနယ်ကို စာပေစိစစ်ရေးက နောက်ဆက်တွဲသတင်းတင်ပြခွင့်နဲ့ နောက်ဆုံးရသတင်းတွေ မျက်နှာဖုံးမှာ ဖော်ပြခွင့်တွေကို သီတင်းပတ်တခုထိ ပိတ်ပင်ပြီး အရေးယူလိုက်ပါတယ်။ စာပေစိစစ်ရေးက ဒီကနေ့မနက်ပိုင်းမှာ ဂျာနယ်တိုက်ကို ပိတ်ပင်ကြောင်း အကြောင်းကြားခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ အသစ်ပြဋ္ဌာန်းတဲ့ ပုံနှိပ်ထုတ်ဝေရေး နည်းဥပဒေတွေနဲ့ ငြိစွန်းခဲ့တယ်ဆိုပြီး အရေးယူလိုက်တာလို့ Messenger ဂျာနယ်ရဲ့ အယ်ဒီတာတဦးက ပြောပါတယ်။ “ဒီနေ့မနက်မှာ ကျနော်တို့ ဂျာနယ်တွေ တင်ပြခွင့်ရတယ်။ နောက်ဆက်တွဲ အချပ်ပို ၂ မျက်နှာရယ်၊ အဖုံးရယ်၊ ကျနော်တို့ တင်ပြလို့ မရဘူး၊ ပိတ်လိုက်ပါတယ်။ အဓိက ပိတ်လိုက်တာကတော့ စာပေစိစစ်ရေးက ချမှတ်ထားတဲ့ မူကို... Continue Reading →

နိုင်ငံတကာ ဒီမိုကရေစီနေ့ နေပြည်တော်တွင် ပထမဆုံး ကျင်းပမည်


အံ့ဘုန်းမြတ် (၅ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ) ဒီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ (International Day of Democracy) အခမ်းအနားကို အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ ပထမဆုံး စတင် ကျင်းပတော့မှာပါ။ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ နိုင်ငံတကာဒီမိုကရေစီနေ့နဲ့ ပတ်သက်တဲ့ အဆိုတွေနဲ့ သ၀ဏ်လွှာတွေကို ထုတ်ပြန်ဖို့လည်းရှိပြီး အခမ်းအနား တက်ဖို့ ပြည်တွင်းပြည်ပ သတင်းသမားတွေကို ဖိတ်ကြားထားတယ်လို့  မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ပြောပါတယ်။“မြန်မာနိုင်ငံက ဒီမိုကရေစီ နိုင်ငံဖြစ်သွားပြီ ဆိုတဲ့အတွက်ကြောင့် နိုင်ငံတကာမှာ လုပ်နေတဲ့ ဒီမိုကရေစီနေ့မှာလည်း မြန်မာက ဆက်လုပ်မှာပေါ့။ ပထမဦးဆုံး အကြိမ်လုပ်မယ်။ လွှတ်တော်မှာလုပ်မယ်။ မီဒီယာတွေကို ဖိတ်ထားတယ်။... Continue Reading →

လွှတ်တော်အစည်းအဝေး သတင်းယူခွင့် စီမံခန့်ခွဲရေးပိုင်း အားနည်းချက်များရှိဟုဆို


အံ့ဘုန်းမြတ် (၂၃ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ) ဒီကနေ့ နေပြည်တော်မှာ စတင်ပြုလုပ်နေတဲ့ ဒုတိယအကြိမ် ပုံမှန်လွှတ်တော် အစည်းအဝေးဖွင့်ပွဲအခမ်းအနား သတင်းယူခွင့်အစီအစဉ်တွေမှာ စီမံခန့်ခွဲရေးပိုင်း အားနည်းချက်တွေ ရှိတယ်လို့ သတင်းယူနေကြတဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေက ဝေဖန်ပြောကြားလိုက်ကြပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စီစဉ်ပေးမှုနဲ့အတူ လွှတ်တော်သတင်းထုတ်ပြန်ရေးနဲ့ ပြန်ကြားရေးကော်မတီရဲ့ သတင်းယူခွင့် စီစဉ်ပေးမှုတွေအပေါ် အဆင်မပြေမှုတွေ ရှိခဲ့တဲ့အပေါ် သတင်းမီဒီယာသမားတွေက ပြောကြားလိုက်ကြတာလည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လွှတ်တော်ဖွင့်ပွဲမှာ တက်ရောက် သတင်းယူနေတဲ့ သတင်းသမားတဦးက အခုလိုပြောပါတယ်။ “ဥပမာဆိုပါတော့ သမ္မတပြောတဲ့ မိန့်ခွန်းကို တက်တဲ့သတင်းထောက်က အယောက် ၅၀ လောက်မှာ ကော်ပီကူးတာ၊ အစောင် ၂၀ လောက်ဆို အမှန်က ဒါတွေကို လုယူနေစရာ မလိုအပ်တဲ့ကိစ္စ။ နောက်တခါ နှစ်မိနစ်၊ သုံးမိနစ် အချိန်ပေးတယ်။... Continue Reading →

ဝေဖန်အကြံပြုချက်များကို ခံယူမည်ဟု ဦးရွှေမန်းဆို


အံ့ဘုန်းမြတ် (၂၂ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ) သတင်းမီဒီယာအပါအ၀င် ပြည်သူတွေနဲ့ နိုင်ငံတကာရဲ့ ဝေဖန် အကြံပြုချက်တွေကို ခံယူမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာ ဒီနေ့ ပြန်စတဲ့ ဒုတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းက ဒီလိုပြောလိုက်တာပါ။ ဒီလွှတ်တော် အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ အထူးဧည့်သည်တော်တွေ၊ သတင်းမီဒီယာတွေပါ ရောက်နေကြပြီဖြစ်လို့ ဒီမိုကရေစီ ပီပြင်စွာ ဖြစ်ထွန်းစေတဲ့ အင်္ဂါရပ်တွေ စုံညီစွာ ပါဝင်လာပြီလို့လည်း ဦးရွှေမန်းက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့လည်း “အတိတ်က သင်ခန်းစာတွေကို ရယူပြီး ယနေ့ မျက်မှောက်ကာလမှာ ဆောင်ရွက်သင့်တဲ့ ကိစ္စတွေကို မိမိတို့အားလုံးက ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ၊ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” လို့ မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။... Continue Reading →

Blog at WordPress.com.

Up ↑

%d bloggers like this: