အံ့ဘုန်းမြတ် (၈ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ) မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော် ပုဂံမြို့ဟောင်းကို ၄ ရက်ကြာ မိသားစု ဘုရားဖူးခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ရဲ့ ခရီးစဉ် ဒီကနေ့ ပြီးဆုံးသွားပြီလို့ အဖွဲ့ချုပ် ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။ “လေယာဉ်ကွင်းကို မနက် ၁၁ နာရီ ၅ မိနစ်မှာ ချောမောစွာ ဆိုက်ရောက်ပါတယ်။ နေအိမ်ကို ၁၂ နာရီ ၁၀ မိနစ်မှာ ပြန်လည်ရောက်ရှိပါတယ်။” ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းဟာ ပုဂံမြို့ဟောင်းကို ဒီလ ၄ ရက်နေ့က စတင်ရောက်ရှိခဲ့ပြီး ဒီလ ၅ ရက်နေ့မှာ အာနန္ဒာ၊ သဗ္ဗညု၊ မြစေတီနဲ့ မနုဟာဘုရားတို့ကို ဖူးမြော်ခဲ့ပါတယ်။ အဲဒီညနေပိုင်းမှာပဲ နိုင်ငံကျော်... Continue Reading →
ဒေါ်အောင်ဆန်းစုကြည် ၄ ရက်မြောက် ပုဂံခရီးစဉ် ပြည်သူများ လှိုက်လှဲစွာကြိုဆို
အံ့ဘုန်းမြတ် (၇ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ) မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြို့တော် ပုဂံမြို့ဟောင်းကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ၄ ရက်မြောက် ခရီးစဉ်အဖြစ် ပုဂံအနီးက ဇီးအိုသစ်လှရွာပတ်ဝန်းကျင်နဲ့ ညောင်ဦးဈေးတွေကို သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်တွေမှာ ဒေသခံတွေက ဒေါ်အောင်ဆန်းစုကြည်ကို စည်ကားစွာ အားပေးကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ ပါဝင်တဲ့အဖွဲ့ဟာ ဒီကနေ့ ၄ ရက်မြောက် ခရီးစဉ်အဖြစ် ပုဂံအနီးက ဇီးအိုသစ်လှရွာနဲ့ အနီးမှာရှိတဲ့ သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာန၊ သဘာဝတ်ဝန်းကျင်နှင့် တိရစ္ဆာန်ထိန်းသိမ်းက ဇီးအိုသစ်လှအင်ကြင်းတော သဘာဝထိန်းသိမ်းရေးနယ်မြေ အပါအ၀င် ညောင်ဦးဈေးတွေကို သွားရောက်ခဲ့ကြပါတယ်။ ဇီးအိုသစ်လှရွာမှာတော့ ကျေးရွာ သောက်သုံးရေ ရရှိရေးအပါအ၀င်၊ ဆေးခန်းနဲ့ စာသင်ကျောင်းဖွင့်လှစ်နိုင်ရေးတွေအတွက် ကူညီနိုင်တာတွေကို ပြောကြားခဲ့တယ်လို့ ခရီးစဉ်လုံခြုံရေး တာဝန်ယူထားတဲ့ အဖွဲ့ချုပ်လူငယ်တာဝန်ခံတဦးက ပြောပါတယ်။... Continue Reading →
ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ခရီးသွားလုပ်ငန်း မြှင့်တင်မည်
အံ့ဘုန်းမြတ် ၁၉ မေ ၂၀၁၁ (ဒီဗွီဘီ) ပြီးခဲ့တဲ့သတင်းပတ်တွေက စတင်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ Myanmar Tourism Board ကနေ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေကို မြှင့်တင်လုပ်ဆောင်ဖို့အတွက် စတင်ဆောင် ရွက်နေပြီလို့ သိရပါတယ်။ အရင်ဖွဲ့စည်း ပြီးဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆိုင်ရာ ခရီးသွားလုပ်ငန်းရှင်များ အသင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဈေးကွက်မြှင့်တင်ရေး အသင်းတွေအပြင် ဟိုတယ်ဝန်ထမ်းများအသင်း၊ ဧည့်လမ်းညွှန်များ အသင်း၊ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း၊ အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင် လုပ်ငန်းရှင်များ အသင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း ရှင်များအသင်း၊ ကျန်းမာရေးနှင့် အထွေထွေ ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာသင်ကျောင်းများအသင်း စတဲ့အသင်း (၁၁) ခုကို စုပေါင်းဖွဲ့စည်း လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒီလို... Continue Reading →
မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း စတင်ထုတ်လွှင့်
မြန်မာအင်တာနေရှင်နယ် ရုပ်သံလိုင်း စတင်ထုတ်လွှင့် အံ့ဘုန်းမြတ် ၂ ဧပြီ ၂၀၁၀ http://burmese.dvb.no/news.php?id=10458 မြန်မာနိုင်ငံရဲ့ တခုတည်းသော အင်္ဂလိပ်ဘာသာ ရုပ်သံလိုင်း တခုဖြစ်တဲ့ MRTV- 3 ကို မြန်မာအင်တာနေရှင်ရုပ်သံလိုင်းအဖြစ် ပြောင်းလဲပြီး တရားဝင် စတင် ထုတ်လွှင့်ပြသနေပါပြီ။ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေတဲ့ အင်္ဂလိပ်ဘာသာအစီအစဉ် MRTV- 3 ကို မြန်မာအင်တာ နေရှင်နယ်အဖြစ် မတ်လ ၃၁ က စတင်ပြီး ထုတ်လွှင့်ပြသနေတာပါ။ လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်တွင်းက သတင်းသမားတဦးက အခုလိုပြောပြပါတယ်။ “စင်္ကာပူက ငှားထားတဲ့ နိုင်ငံခြားသားတွေက အစီအစဉ်တခုလုံးအတွက် ပြောကြတာ။ အဓိကက Travel & Tourism (ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း) ပေါ့ အဲဒါကို... Continue Reading →
ကသာ-ဗန်းမော် မီးရထားလမ်း လမ်းပိုင်းအချို့ကြံ့ခိုင်မှုမရှိ
ကသာ-ဗန်းမော် မီးရထားလမ်း လမ်းပိုင်းအချို့ကြံ့ခိုင်မှုမရှိ အံ့ဘုန်းမြတ် ၁၇ ဖေဖော်ဝါရီလ ၂၀၁၀ http://burmese.dvb.no/news.php?id=9987 (၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်။ ဒီမိုကရက်တစ်မြန်မာ့အသံ နံနက်ပိုင်းအသံလွှင့်အစီအစဉ်) အရှည်မိုင် ၉၇ မိုင်ခန့်ရှိတဲ့ ကသာ-ဗန်းးမော် မီးရထားလမ်းက ကသာ-မိုးဒါးကြီးလမ်းပိုင်းကို မကြာခင်မှာ ဖွင့်လှစ်ဖို့ရှိနေတယ်လို့ သိရပါတယ်။ ရထားလမ်းပိုင်းအတွက် ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းအတွင်း လာဘ် ပေး လာဘ်ယူတွေ များတာကြောင့် တာဝန်ယူဆောက်လုပ်တဲ့ ကန်ထရိုက်တာတွေ ငွေခိုဆောက်လုပ်မှု တွေကြောင့် ကြံ့ခိုင်မှုမရှိဘူးလို့ သိရပါတယ်။ မိုင် ၁၀၀ ကျော်ရှိတဲ့ နဘား-ကသာ-ဗန်းမော် မီးရထားလမ်းရဲ့ အစိတ်အ ပိုင်းတခုဖြစ်တဲ့ ၁၆ မိုင်ရှိတဲ့ ကသာ-မိုးဒါးကြီးလမ်းပိုင်းကို လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဖွင့်လှစ်ဖို့ ရှိနေတာပါ။ မီးရထားလမ်း စီမံကိန်းကို... Continue Reading →