ရွေးကောက်ပွဲဥပဒေပြင်ဆင်ချက်ကို ကန့်ကွက်မှု ရှုံးနိမ့်


အံ့ဘုန်းမြတ် (၆ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က တင်သွင်းတဲ့ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက် တွေကို ကိုယ်စားလှယ်တဦးက ကန့်ကွက်လို့ ဗြောင်မဲခွဲရာမှာ မဲအပြတ်အသတ်နဲ့ ရှုံးသွားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင် တင်သွင်းတဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ဖြည့်စွက်ချက်အရ နိုင်ငံတော်ပုန်ကန်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်မှု၊ တရားမ၀င်အသင်းအဖွဲ့တွေနဲ့ ဆက်ဆံမှု စတဲ့ပြစ်မှုကြောင့် ပြစ်ဒဏ်ကျခံရတဲ့ ကိုယ်စားလှယ်ဟာ ရာသက်ပန် ရွေးကောက်ပွဲဝင်ခွင့် မရှိတော့ပါဘူး။

ဒီပြင်ဆင်ချက်အဆိုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စမ်းချောင်းမြို့နယ် ကိုယ်စားလှယ် ဦးစိုးဝင်းက ကန့်ကွက် ဆွေးနွေးရာမှာ မဲခွဲတာလို့ မြေပုံမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါတယ်။“အခု လွှတ်တော်ကိုယ်စားလှယ်ထဲမှာလည်း နိုင်ငံတော်ပုန်ကန်မှု၊ လက်နက်ကိုင် တော်လှန်မှု၊ ထောင်ကျတဲ့အမှုတွေ အများကြီးပါတဲ့။ အခုမှ လာမယ့်ရွေးကောက်ပွဲတွေမှာ ဒီဥပဒေနဲ့ ချုပ်ကိုင်တဲ့ဟာကိုတော့ ကျနော်တို့ မကြိုက်ပါဘူးလို့ ဦးစိုးဝင်းက တင်ပြတယ်။ ဒီကိစ္စနဲ့ ကန့်ကွက်တာ၊ ထောက်ခံတာကို မတ်တတ်ရပ် မဲပေးကြတယ်။ အဲဒီမှာ ထောက်ခံ တာက ၃၁ မဲ၊ ကြားနေက ၈ မဲ၊ ကန့်ကွက်မဲက ၃၈၂ မဲပေါ့။ အဲဒီလိုနဲ့ ဦးစိုးဝင်းအဆိုက ရှုံးနိမ့်သွားပါတယ်။”

ကော်မရှင်ရဲ့ပြင်ဆင်ချက်အဆိုနဲ့ ပတ်သက်လို့လည်း ဝေဖန်ပြောကြားသွားပါတယ်။

“နိုင်ငံရေးသမားဆိုတာက အချိန်မရွေး ဘယ်သူပဲဆိုဆို နိုင်ငံရေးလောကနဲ့ အပြစ်ခံရတဲ့ပေါ်မှာ ဒီပုဒ်မက အကျုံးမ၀င်သင့်ပါဘူး။ အဲဒီလူတွေက ဒီပုဒ်မအရလည်း ပြစ်ဒဏ်ကျခံပြီးဖြစ်တယ်။ အဲဒီအပေါ်မှာ နောက်တခါ ရွေးကောက်ပွဲမ၀င်ရဆိုတဲ့ ကန့် သတ်ချက်များ မရှိသင့်ပါဘူး။”

ရွေးကောက်ပွဲကော်မရှင် တင်သွင်းတဲ့ ဥပဒေပြင်ဆင်ရေးထဲက  ရွေးကောက်ပွဲရလဒ်ကို မြို့နယ်အဆင့်က မကြေညာဘဲ ခရိုင်အဆင့်က ကြေညာဖို့ ပြင်ဆင်ချက်အဆိုကတော့ ပြည်သူ့လွှတ်တော်မှာ ရှုံးနိမ့်ပြီး အမျိုးသားလွှတ်တော်မှာ အနိုင်ရထားပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သင်္ဃန်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးသိန်းညွန့် နိုင်ငံတကာအဆင့်မီ အလုပ်သမား အခွင့်အရေး ဥပဒေသစ်မူကြမ်းရေးဆွဲဖို့နဲ့ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ကို အကာအကွယ် ပေးရေးဥပဒေ ပြဌာန်းရေး အဆို တင်သွင်းသွားပြီး မနက်ဖြန် ဆွေးနွေးမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: