နိုင်ငံတကာ ဒီမိုကရေစီနေ့ နေပြည်တော်တွင် ပထမဆုံး ကျင်းပမည်


အံ့ဘုန်းမြတ် (၅ စက်တင်ဘာ ၂၀၁၁) (ဒီဗွီဘီ)

ဒီလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ (International Day of Democracy) အခမ်းအနားကို အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ ပထမဆုံး စတင် ကျင်းပတော့မှာပါ။

ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ နိုင်ငံတကာဒီမိုကရေစီနေ့နဲ့ ပတ်သက်တဲ့ အဆိုတွေနဲ့ သ၀ဏ်လွှာတွေကို ထုတ်ပြန်ဖို့လည်းရှိပြီး အခမ်းအနား တက်ဖို့ ပြည်တွင်းပြည်ပ သတင်းသမားတွေကို ဖိတ်ကြားထားတယ်လို့  မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ပြောပါတယ်။“မြန်မာနိုင်ငံက ဒီမိုကရေစီ နိုင်ငံဖြစ်သွားပြီ ဆိုတဲ့အတွက်ကြောင့် နိုင်ငံတကာမှာ လုပ်နေတဲ့ ဒီမိုကရေစီနေ့မှာလည်း မြန်မာက ဆက်လုပ်မှာပေါ့။ ပထမဦးဆုံး အကြိမ်လုပ်မယ်။ လွှတ်တော်မှာလုပ်မယ်။ မီဒီယာတွေကို ဖိတ်ထားတယ်။ လွှတ်တော်ကို ဖိတ်ထားသလိုပဲ။ အများကြီး ဖိတ်ထားတယ်။ တက်ချင်တဲ့သူတွေ စာရင်းပေးဆိုတော့ မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ်နဲ့ အစိုးရက ယူဆလိုက်တဲ့ သဘောလို့ ထင်တာပဲ။”

နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား တွေကို ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ၂၀၀၈ ခုနှစ်က စတင်ကျင်းပတာဖြစ်ပြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်တွေက ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်လာမှုတွေနဲ့ပတ်သက်တဲ့ သ၀ဏ်လွှာတွေ အပြန်လှန်ထုတ်ပြန် အသိပေးကြတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်လေ့ရှိပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Blog at WordPress.com.

Up ↑

%d bloggers like this: