သတင်း, သမ္မတ, အစိုးရအဖွဲ့, နိုင်ငံရေး

နိုင်ငံရေးအလုပ်ရုံဆွေးနွေးပွဲများ နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မလုပ်နိုင်သေးဟုဆို


အံ့ဘုန်းမြတ်  (၂၃ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

အစိုးရသစ်ရဲ့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့က ဦးဆောင်ပြီး မကြာခင်မှာ နိုင်ငံရေးအလုပ်ရုံ ဆွေးနွေးပွဲတွေကို စတင်ပြုလုပ်ဖို့ အစီအစဉ်ရှိနေပေမယ့် တနိုင်ငံလုံးသဘောကို ဆောင်တဲ့ ဆွေးနွေးမှုမျိုးတွေတော့ လက်ရှိအခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့ ဒီအဖွဲ့ရဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားလိုက်ပါတယ်။

ပြည်တွင်းပြည်ပမီဒီယာတွေမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေးအလုပ်ရုံဆွေး နွေးပွဲ တွေကို ပြုလုပ်ဖို့ စီစဉ်မှုတွေရှိနေ တယ်ဆိုတဲ့ သတင်းတွေအပေါ် ပြောကြား လိုက်တာဖြစ်ပါတယ်။

“အခု စီးပွားရေးဆိုင်ရာ အမျိုးသား အလုပ်ရုံဆွေးနွေးပွဲတွေကျတော့ သူ့ရဲ့ ၀န်ကြီးဌာနတွေက အများကြီးပဲ၊ ၀ိုင်းလုပ်လို့ရတယ်။ နိုင်ငံရေးကျတော့ လုပ်ဖို့ရာ အများကြီး complicate ဖြစ်တယ်လေ။ လောလောဆယ်တော့  အဲလိုမျိုးကြီး လုပ်ဖို့မစဉ်းစားသေးဘူး။ သို့သော်လည်း သေးသေးလေးတွေနဲ့ စချင်စမှာပေါ့။ အခုမှ စဉ်းစားနေတုန်းပဲ။”

ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င် သူတို့တွေနဲ့ ဆွေးနွေးဖို့တွေ၊ ပညာရှင်တွေနဲ့ အကြံပြုချက်တွေ ဒါမျိုးတွေများ ရှိနိုင်ဦးမလားဆရာ။

“လောလောဆယ်တော့ အဲလောက်ကို စမသွားနိုင်သေးပါဘူး။ စစချင်း party-politics နဲ့ national-politics ပေါ့။ လက်ရှိမှာ ရှိနေတဲ့ အနေအထားလေးတွေကို ၀ိုင်းပြီးတော့မှ ပြောဆိုဆွေးနွေးကြတဲ့ round table ဟာမျိုးလေးတွေပဲ ရှိဦးမယ်။ အဲဒီအခါကျတော့လည်း စစချင်းတော့ တတိယပါတီပေါ့။ ကြားလူတွေ ပညာရှင်တွေ စသည်ဖြင့်ပေါ့။ အဲလိုမျိုး စုပြီးမှ ဖြည်းဖြည်းချင်း နေရာလေးကျယ်လာတယ်။ အားလုံးကလည်းပဲ အနေအထားလေးတွေ ပြောင်းလဲလာတဲ့အခါ တဖြည်းဖြည် ချဲ့ထွင်သွားမှာပေါ့။ အခုတော့ စောသေးတဲ့အဆင့်ပါ။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေးပါတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြသလို ပြည်ပရောက် မြန်မာနိုင်ငံသားပညာရှင်တွေပါ စာတမ်းတွေ ဖတ်ကြားခဲ့ကြတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဦးကိုကိုလှိုင်က အခုလို သုံးသပ်ပြောကြားထားပါတယ်။

“စီးပွားရေးဆွေးနွေးပွဲက တခုထက်တခု ပွင့်လင်းလာတယ်။ နောက်ပြီးတော့ အနေအထားလေးတွေ ပြောင်းလဲလာတယ်။ ပိုပြီးမှ တယောက်နဲ့တယောက် စည်းလုံးလာတယ်။ ဥပမာဆိုရင် participant တွေမှာဆိုရင် အရင်တုန်းက စီးပွားရေး အသိုင်းအ၀န်း နဲ့ official တွေပဲ ပါတာပေါ့။ အခုဆိုရင် အခြားနိုင်ငံရေးပါတီတွေပါ ပါလာတယ်။ ပိုများလာတယ်။ ပိုပြောနိုင်ဆိုနိုင်နဲ့ ပိုထိတွေ့နိုင်တယ်။ ပိုပြီးတော့မှ နားလည်မှုရလာတယ် ပြောရတာတွေလည်း ပွင့်လင်းမှုရှိလာတယ်၊ အများကြီးတိုးတက်လာတယ်လို့ မြင်ပါတယ်။”

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: