Archive for

လွတ်လပ်သည့် လူ့အခွင့်အရေးကော်မတီ ဖွဲ့ရန် ကင်တားနားကို လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို


အံ့ဘုန်းမြတ် (၂၃ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မတီတရပ်ဖွဲ့စည်းဖို့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးသူ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကို တောင်းဆိုလိုက်ပါတယ်။

မစ္စတာကင်တားနားနဲ့ ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးတို့ နေပြည်တော်၊ ဇမ္ဗူသီရိခန်းမမှာ ဒီနေ့ မနက် (၁၀) နာရီခွဲကနေ (၁၂ နာရီခွဲအထိ တွေ့ဆုံစဉ် လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြလိုက်ကြတာလို့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်က ပြောပြပါတယ်။ Continue reading

Advertisements

လွှတ်တော်ကော်မတီများ၌ ပြည်ခိုင်ဖြိုးနှင့် ၀န်ကြီးဟောင်း များနေဟု ဝေဖန်


အံ့ဘုန်းမြတ် (၂၃ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

လွှတ်တော်တွေက ရေးရာကော်မတီသစ်တွေမှာ နအဖ စစ်အစိုးရခေတ်က ၀န်ကြီး ဟောင်းတွေနဲ့ တပါတီ လွှမ်းမိုးမှု လွန်ကဲနေတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ဝေဖန်ကြပါတယ်။

မနေ့ကစတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကော်မတီ ၁၈ ခု၊ အမျိုးသား လွှတ်တော်မှာ ၈ ခု ဖွဲ့စည်းအတည်ပြုပါတယ်။ ဒီကော်မတီတွေမှာ ဥက္ကဋ္ဌတွေအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှုဆောင်အဖွဲ့ဝင် ၀န်ကြီးဟောင်းတွေက အများစုပါဝင်နေတဲ့အပေါ် ဒီ့ပြင်ပါတီခေါင်းဆောင်တွေက ဝေဖန်ကြတာ ဖြစ်ပါတယ်။ Continue reading

လွှတ်တော်အစည်းအဝေး သတင်းယူခွင့် စီမံခန့်ခွဲရေးပိုင်း အားနည်းချက်များရှိဟုဆို


အံ့ဘုန်းမြတ် (၂၃ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

ဒီကနေ့ နေပြည်တော်မှာ စတင်ပြုလုပ်နေတဲ့ ဒုတိယအကြိမ် ပုံမှန်လွှတ်တော် အစည်းအဝေးဖွင့်ပွဲအခမ်းအနား သတင်းယူခွင့်အစီအစဉ်တွေမှာ စီမံခန့်ခွဲရေးပိုင်း အားနည်းချက်တွေ ရှိတယ်လို့ သတင်းယူနေကြတဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေက ဝေဖန်ပြောကြားလိုက်ကြပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စီစဉ်ပေးမှုနဲ့အတူ လွှတ်တော်သတင်းထုတ်ပြန်ရေးနဲ့ ပြန်ကြားရေးကော်မတီရဲ့ သတင်းယူခွင့် စီစဉ်ပေးမှုတွေအပေါ် အဆင်မပြေမှုတွေ ရှိခဲ့တဲ့အပေါ် သတင်းမီဒီယာသမားတွေက ပြောကြားလိုက်ကြတာလည်း ဖြစ်ပါတယ်။ Continue reading

ကြိုးနီစနစ်တိုက်ဖျက်မည်ဟု သမ္မတ ပြောကြား


အံ့ဘုန်းမြတ် (၂၂ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

အုပ်ချုပ်ရေးပိုင်းမှာ ခေတ်အဆက်ဆက် ရှိနေတဲ့ ကြိုးနီစနစ် အမူအကျင့်တွေကို တိုက်ဖျက်အရေးယူသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်ဖွင့်ပွဲ မိန့်ခွန်းမှာ ထည့်ပြော သွားတာပါ။

ဒုတိယသမ္မတကအစ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအထိ ကောင်းမွန်အောင် ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းကိုလည်း ကတိပြုပြောကြားသွား တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ပြောပြပါတယ်။ Continue reading

နိုင်ငံရေးအလုပ်ရုံဆွေးနွေးပွဲများ နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မလုပ်နိုင်သေးဟုဆို


အံ့ဘုန်းမြတ်  (၂၃ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

အစိုးရသစ်ရဲ့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့က ဦးဆောင်ပြီး မကြာခင်မှာ နိုင်ငံရေးအလုပ်ရုံ ဆွေးနွေးပွဲတွေကို စတင်ပြုလုပ်ဖို့ အစီအစဉ်ရှိနေပေမယ့် တနိုင်ငံလုံးသဘောကို ဆောင်တဲ့ ဆွေးနွေးမှုမျိုးတွေတော့ လက်ရှိအခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့ ဒီအဖွဲ့ရဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားလိုက်ပါတယ်။

ပြည်တွင်းပြည်ပမီဒီယာတွေမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေးအလုပ်ရုံဆွေး နွေးပွဲ တွေကို ပြုလုပ်ဖို့ စီစဉ်မှုတွေရှိနေ တယ်ဆိုတဲ့ သတင်းတွေအပေါ် ပြောကြား လိုက်တာဖြစ်ပါတယ်။ Continue reading

Categories

%d bloggers like this: