တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည), မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ, ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ, ရှမ်းတိုင်းရင်းများဒီမိုကရက်တစ်ပါတီ, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, အမျိုးသားဒီမိုကရေစီအင်အားစု (NDF), ရွေးကောက်ပွဲ, ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ, နိုင်ငံရေး, နိုင်ငံရေးပါတီများ

နိုင်ငံရေးပါတီကိုယ်စားလှယ်များ ဂျပန်ပါလီမန်ကို လေ့လာရန် ဖိတ်ကြားခံရ


အံ့ဘုန်းမြတ် (၂၃ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေထဲက အနိုင်ရ နိုင်ငံရေးပါတီ (၆) ခုရဲ့ ကိုယ်စားလှယ် အယောက် (၂၀) ကို ဂျပန်နိုင်ငံ ပါလီမန်ကို လေ့လာဖို့ ဖိတ်ကြားထားပါတယ်။

ဂျပန်နိုင်ငံခြားရေးဌာနက အစီစဉ်မှုနဲ့ Japan East Asia Network of Excha- nge for Student And Youths Programme က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီဖိတ်ကြားခံရတဲ့အထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့အပါဝင်  တိုင်းရင်း သားပါတီတွေထဲက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကကရက်တစ်ပါတီတို့ ပါဝင်ပါတယ်။

ဖိတ်ကြားခံထားရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ဒီလေ့လာရေးခရီးစဉ်ရဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

“ပါတီ ငါးခုက နှစ်ယောက်စီပေါ့။ ယူအက်စ်ဒီပီကတော့ ၁၀ ယောက်ပေါ့။ အားလုံးအယောက် ၂၀၊ ၃၅ နှစ်အောက် ပါတီအဖွဲ့ဝင်တွေထဲက ရွေးပေးပါလို့ ပြောတယ်။ နောက်ပိုင်းလည်း အစဉ်အလာ ဖြစ်သွားအောင်၊ ပါလီမန်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ လေ့လာနိုင်အောင် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဖိတ်တာပါ။ ဇူလိုင်လ လယ်လောက်မှာ သွားဖို့ရှိတယ်။ ကျနော်တို့ကတော့ မန္တလေး တယောက်၊ ရန်ကုန်တယောက် ရွေးဖို့တော့ စီစဉ်ထားပါတယ်။ ၃၅ နှစ်အောက်ပဲ။ ရွေးတော့ ရွေးနေပြီ။ လကုန်ရင် သံရုံးကို ပို့ပေးရမယ်။”

ရွေးကောက်ပွဲအပြီး နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေကို လေ့လာရေး ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံက ပထမဆုံး ဖိတ်ကြားခဲ့တာဖြစ်ပြီး ဒီလိုဖိတ်ကြားတာတွေ ရှိလာတဲ့အပေါ်ကိုလည်း ဦးခင်မောင်ဆွေက အခုလို ကြိုဆိုလိုက်ပါတယ်။

    “နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေကို ဖိတ်တယ်။ ဂျပန်နိုင်ငံလို ဖွံ့ဖြိုးပြီး နိုင်ငံတခုက ဖိတ်တယ်ဆိုတာတော့ နိုင်ငံတကာ နိုင်ငံရေးမှာ မြန်မာနိုင်ငံက လူငယ်တွေ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စည်းလုံးခွင့်ရတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေကို ယူခွင့်ရနိုင်တဲ့ အနေအထားတွေ ရတာပေါ့။ နောက်ပြီးတော့ ဒီအနိုင်ရ ပါတီတွေထဲက ရွေးဖိတ်တယ်ဆိုတော့ ဒါလည်း သွားခွင့်ရတဲ့ လမ်းကြောင်းပေါ်ကို တရားဝင်ရတဲ့အတွက် အနာဂတ် လူငယ်များအတွက် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို လေ့လာသိရှိပြီးတော့ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း ပွင့်တယ်လို့ပဲ ယူဆပါတယ်။ ကောင်းတယ်လို့ပဲ ပြောရမှာပေါ့။”

လက်ရှိအခြေအနေမှာတော့ ဂျပန်အစိုးရဟာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေသလို တဖက်မှာလည်း မြန်မာအစိုးရအပေါ် ဝေဖန်မှုတွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် အထောက်အပံ့ အကူအညီတွေလည်း ပေးအပ်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: