ဒီမိုကရက်တစ်ပါတီ (မြန်မာ), သတင်း, အမျိုးသားဒီမိုကရေစီအင်အားစု (NDF), နိုင်ငံရေး, နိုင်ငံရေးပါတီများ

အီးယူအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ


အံ့ဘုန်းမြတ် (၂၁ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

မနေ့က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အီးယူဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် (Catherine Ashton) ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ရောဘတ် ကူးပါး (Robert Cooper) နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) တို့ဟာ ဒီကနေ့ ညနေပိုင်းမှာ ရွေးကောက်ပွဲဝင် ဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့နဲ့ အတူ ကရင်လူမှုရေးအဖွဲ့ အစည်းတခု ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ ညနေ ၄ နာရီခွဲ ကနေ ၅ နာရီခွဲအထိ ရန်ကုန်မြို့၊ ကန်တော်ကြီးစောင်းရှိ ချက်ရီယမ် (Chatrium Hotel) ဟိုတယ်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံတဲ့နေရာမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုတို့အပါအ၀င် ကရင်လူမှုရေးအဖွဲ့အစည်း တခုဖြစ်တဲ့ Karan Development Network က စောအယ်လ်အမ်စောဦးနဲ့ ဒေါက်တာမိုးမင်းထွန်းတို့ တက်ရောက်ခဲ့ကြပါတယ်။

တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပေမယ့်လည်း အကြောင်းကြောင်းတွေကြောင့် လာရောက်တာ မတွေ့ခဲ့ဘူးလို့ ပါဝင်တွေ့ဆုံခဲ့တဲ့ ဒေါ်သန်းသန်းနုက ပြောပါတယ်။

အီးယူ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီခေါင်းတွေ အပြန်အလှန် ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကိုလည်း ဒေါ်သန်းသန်းနုက “အဓိကကတော့ ကျမတို့က အခု အစိုးရအဖွဲ့သစ် ဖွဲ့ပြီးတဲ့ နောက်ပိုင်းပေါ့နော် အခြေအနေပေါ့။ အခြေအနေဘယ်လို ရှိသလဲ၊ နောက် ကျမတို့ ပါတီတွေရဲ့ ရပ်တည်ချက်က ဘယ်လိုရှိသလဲ အဲဒါတွေ သူတို့ မေးတာပါ။ ပြီးတော့ နောက်တခုက သူတို့ကတော့ ကျမတို့ အခုဒီလို ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာတို့၊ အခု ဒီ ၁၁ ပါတီပေါ့နော် မိတ်ဆွေများပါတီအဖြစ်နဲ့ ဖွဲ့စည်းပြီးတော့ ရပ်တည်နိုင်တာ၊ အဲဒီအတွက်တွေကိုလည်း သူတို့ သိပ်ပြီးတော့ ကျေနပ်အားရ တယ်ဆိုတဲ့အကြောင်း ပြောပါတယ်။”

ဒါ့အပြင် အီးယူကိုယ်စားလှယ်တွေနဲ့ လတ်တလောဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားဒေသတွေက ပဋိပက္ခတွေကိုလည်း ထည့်သွင်း ဆွေးနွေးဖြစ်ခဲ့ပြီး ဒါတွေနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တွေဘက်က ဒီအပေါ်ကို စိုးရိမ်မိတဲ့အကြောင်း၊ မဖြစ်သင့်တဲ့အကြောင်း မှတ်ချက်ပေး ပြောကြားခဲ့တယ်လို့လည်း ဒေါ်သန်းသန်းနုက ပြောပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်း အီးယူ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ် အတွင်းမှာတော့ သူတို့ဟာ  မြန်မာအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်း ဒီလ ၂၁ ရက် နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: