ဒီမိုကရက်တစ်ပါတီ (မြန်မာ), ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, ရွေးကောက်ပွဲ, ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ, နိုင်ငံရေး, နိုင်ငံရေးပါတီများ

ရွေးကောက်ပွဲကော်မရှင်ရဲ့ စီရင်ချက်အပေါ် ဒေါ်ချိုချိုကျော်ငြိမ်း ဝေဖန်


အံ့ဘုန်းမြတ် (၂၀ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ ၇ ရက် ​ရွေး​ကောက်ပွဲရလဒ် အငြင်း​ပွား​ဖွယ်ရာ​တွေနဲ့ပတ်သက်ပြီး​ တိုင်ကြား​ထား​တဲ့​ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က​နေ ပဲခူး​တိုင်း​ဒေသကြီး​၊​ ကြို့ပင်​ကောက်မြို့နယ် မဲဆန္ဒနယ်​မြေက​နေ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​တဲ့​ လွှတ်တော်ကိုယ်စား​လှယ်​လောင်း​ ​ဒေါ်ချိုချို​ကျော်ငြိမ်း​က ဒီက​နေ့မှာ ချမှတ်ခဲ့​တဲ့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ကျင်း​ပ​ရေး​ကော်မရှင်ရဲ့ စီရင်ချက်အ​ပေါ် စိတ်ပျက်မိတယ်လို့ ​ပြောဆိုလိုက်ပါတယ်။

သက်​သေ​တွေ အခိုင်အလုံတင်ပြခဲ့​ပေမယ့်​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်က အသိအမှတ်ပြု လက်မခံဘဲ ကြံ့​ခိုင်​ရေး​ပါတီရဲ့ ပြည်သူ့လွှတ်​တော်ကိုယ်စား​လှယ် ဦး​သန့်ဇင်ကို အနိုင်​ပေး​လိုက်တဲ့​အ​ပေါ် ​ဝေဖန်​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။

“အန်တီတ​ ယောက်တည်း​ပဲ မတရား​ဘူး​ဆိုပြီး​ ကန့်ကွက်တာပါ။ ဒီရဲ့နောက်မှာ အန်တီတို့ အချိန်​တွေ အများ​ကြီး​ပေး​ရတယ်။ ပိုက်ဆံဆိုတာ ​ပြောဖွယ်ရာမရှိဘူး​။ လူ​တွေလည်း​ အရမ်း​ပန်း​ပါတယ်။ အန်တီတို့က​တော့​ မှန်မှန်ကန်ကန်လုပ်​ပေး​လိမ့်​မယ်လို့ ယုံကြည်ခဲ့တယ်။ ​မျှော်လင့်​ခဲ့တယ်။ ဒါ​ပေမယ့်​ ထွက်လာတဲ့​အ​ဖြေက ​တော်​တော်ကို ထူး​ဆန်း​ပါတယ်။ အထူး​သဖြင့်​ တရား​ဥပ​ဒေစိုး​မိုး​ရေးကို မြင်ချင်လို့၊​ တရား​ဥပ​ဒေနဲ့အညီ ​ရွေး​ကောက်ပွဲ ဝင်မယ်ဆိုကတည်း​က တရား​ဥပ​ဒေနဲ့အညီလုပ်ခဲ့တာက ဒီ​နေ့မှာ​တော့​ ရလိုက်တာက အဲ့ဒါရဲ့ အ​ဖြေပါပဲ။ ဥပ​ဒေနဲ့မညီတဲ့​ အ​ကြောင်း​တွေကို တဖက်သတ် လက်ခံခဲ့​တဲ့​အတွက် အန်တီက​တော့​ အံ့​လည်း​အံ့​ဩတယ်။ စိတ်လည်း​မ​ကောင်း​ဘူး​။”

ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်မှာ အမှုအတွက် အာမခံ​ငွေအဖြစ် ကျပ်​ငွေ ၁၀ သိန်း​ တင်ပြ တိုင်ကြား​ခဲ့​တာဖြစ်ပြီး​ အဲ့​ဒီထဲက နစ်နာ​ကြေး​အဖြစ် ကျပ်ငါး​သိန်း​ကို ကြံ့​ခိုင်​ရေး​ပါတီက ကိုယ်စား​လှယ်ကို ​ပေး​အပ်ရဦး​မှာ ဖြစ်ပါတယ်။

ဒါ့​အပြင် တရား​ရုံး​မှာ ထပ်မံပြီး​ ​လျှောက်လွှဲချက် ထက်တင်ဦး​မယ်ဆိုရင်လည်း​ အာမခံ​ငွေ ကျပ် ၁၀ သိန်း​ ထပ်မံတင်ပြရမှာ ဖြစ်တယ်လို့ ​ဒေါ်ချိုချို​ကျော်ငြိမ်း​က ​ပြောပါတယ်။

“စီရင်ချက်​တွေကို ကျမကို ကူး​ခွင့်​ပေး​ပါလို့ ​တောင်း​တော့​ ကူး​ခွင့်​မ​ပေး​နိုင်ဘူး​လို့ပြောတယ်။ တလအတွင်း​ ကူး​ခွင့်​မ​ပေး​ဘူး​။ တကယ်လို့ ကူး​ချင်တယ်ဆိုရင် ​ငွေ ၁၀ သိန်း​တင်ပါတဲ့​။ တခါအမှုဆက်တက်မယ်ဆိုရင် ဒုတိယအဆင့်​တင်မယ်ဆိုရင်​တော့​ ​လော​လောဆယ် ၅ သိန်း​မသွင်း​ရ​သေး​ဘူး​။ တကယ်လို့ အဲလိုဆက်တက်မယ်ဆိုရင် ​နောက်ထပ် ၁၀ သိန်း​ တင်ရဦး​မယ်။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ကိုယ်စား​လှယ်​လောင်း​ ​ဒေါ်ချိုချို​ကျော်ငြိမ်း​ဟာ ပြီး​ခဲ့​တဲ့​ ​ရွေးကောက်ပွဲကာလတုန်းက ပဲခူး​တိုင်း​ဒေသကြီး​၊​ ပြည်သူ့လွှတ်တော်၊​ ကြို့ပင်​ကောက်မြို့နယ်မဲဆန္ဒနယ်​မြေမှာ ကြံ့​ခိုင်​ရေးပါတီက အနိုင်ရ ကိုယ်စား​လှယ် ဦး​သန့်ဇင်၊​ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​ပါတီက ကိုယ်စား​လှယ်​လောင်း​ ဦး​မြင့်​စိုး​တို့နဲ့အတူ ဝင်​ရောက်ယှဉ်ပြိုင်ခဲ့​တာ ဖြစ်ပါတယ်။

လက်ရှိအ​ခြေအ​ နေမှာ​တော့​ ​ရွေး​ကောက်ပွဲ ရလဒ်​တွေနဲ့​ပတ်သက်ပြီး​ ​ကော်မရှင်ကို တိုင်ကြား​ထား​တဲ့​ အမှု​ပေါင်း​ ၂၉ မှု ရှိပြီး​ ဒီမိုကရက်တစ် အင်အား​စု​တွေက တိုင်ကြား​ထား​တဲ့​ အမှု နှစ်မှုသာပါဝင်​နေတာပါ။ အဲဒီထဲက တမှုဖြစ်တဲ့​ ​ဒေါ်ချိုချို​ကျော်ငြိမ်း​အမှုကို ​ရွေး​ကောက်ပွဲ​ကော်မရှင်က အခုလို ဆုံး​ဖြတ်ချက် ချမှတ်ခဲ့​တာဖြစ်ပါတယ်။

ဒီအမှု​တွေထဲက ​ကော်မရှင်က ခုချိန်ထိ ၁၁ မှုကို ဆုံး​ဖြတ်ချက်ချထား​ပေး​ပြီး​ ဖြစ်ပြီး​ အဲ့​ဒီထဲက ၁ဝ မှုဟာ ကြံ့​ခိုင်​ရေး​ပါတီက တိုင်ကြား​ခဲ့​တဲ့​ အမှု​တွေချည်း​ဖြစ်ပြီး​ ဒီမိုကရက်ပါတီ ကိုယ်စား​လှယ်​တွေပဲ အနိုင်ရရှိထား​ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: