စာနယ်ဇင်း, သတင်း, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်, နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်အကြောင်းပါဝင်တဲ့ ဘန်ကောက်ပို့စ်သတင်းစာ အချပ်ပိုကို ပိတ်ပင်


အံ့ဘုန်းမြတ် (၂၀ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

မြန်မာပြည်မှာ ဒီလဆန်း​ပိုင်း​ကစတင်ပြီး​ တရား​ဝင်ဖြန့်​ချိခွင့်​ရရှိလာတဲ့​ နိုင်ငံခြား​ သတင်း​စာတစ်စောင်ဖြစ်တဲ့ ဘန်ကောက်ပို့စ်ပါ SPECTRUM အပတ်စဉ်ထုတ် စာ​စောင်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်အကြောင်းပါဝင်လာတဲ့အတွက် စာပေစိစစ်​ရေး​က ပိတ်ပင်ကန့်သတ်ခဲ့​ပါတယ်။

ဒီလ ၁၉ ရက်​နေ့​ထုတ် ဘန်​ကောက်ပို့စ်သတင်း​စာက SPECTRUM အပတ်စဉ်ထုတ်စာ​စောင်မှာ ​ဖော်ပြပါရှိခဲ့​တဲ့​ သတင်း​စာဆရာ၊​ စာ​ရေး​ဆရာ ဖိလ်သွန်တန် (Phil Thornton) ​ရေး​သား​ထား​တဲ့​ “သမိုင်း​တပတ်ပြန်လည်ခြင်း​” (History Repeating) လို့ အမည်ရတဲ့​ဆောင်း​ပါး​ကို စာ​ပေစိစစ်​ရေး​က ခွင့်​မပြုပဲ အဲ့​ဒီစာ​စောင်ကို ပိတ်ပင်ကန့်သတ်ခဲ့​တာလည်း​ဖြစ်ပါတယ်။

မဖြန့်​ချိခင် စာ​ပေစိစစ်​ရေး​မှာ တနာရီကြာ စစ်​ဆေး​မှုခံယူအပြီး​ ပြင်ပ​ဈေးကွက်မှာ အဲ့​ဒီစာ​စောင်ကို ထည့်​သွင်း​မဖြန့်ချိဖို့ စာပေစိစစ်​ရေး​ တာဝန်ရှိသူ​တွေက ပိတ်ပင်ကန့်သတ်ခဲ့​တာ ဖြစ်ပါတယ်။

ဒီလို ပိတ်ပင်ကန့်သတ်ခဲ့​တာနဲ့ ပတ်သက်ပြီး​ အဲ့​ဒီသတင်း​စာ​တွေကို တရား​ဝင်ဖြန့်ချိခွင့်​ရထား​တဲ့​ Success International Publisher’s Distributor ကုမ္ပဏီပိုင်ရှင် ကိုမျိုး​အောင်က အခုလို​ပြောပါတယ်။

“Spectrum တခုကို သူတို့ခွင့်​မပြုဘူး​။ ဒီမှာမူက​တော့​ သူတို့ခွင့်​မပြုဘူး​ဆို​တော့​ သူတို့အပ်လိုက်ရတာကို။ Spectrum တခုပါပဲ။ ကျန်တဲ့​ ဟာ​တွေ​တော့​ ထုတ်​ပေး​လိုက်ပါတယ်။ ကျ​နော်တို့ နိုင်ငံခြား​သတင်း​စာ စာ​စောင်​တွေ ဘယ်လိုပဲ သွင်းလာ သွင်း​လာ ကျ​နော်တို့က စာ​ပေစိစစ်​ရေး​နဲ့ မှတ်ပုံတင်ဌာနရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ အပြင်မှာ distribute (ဖြန့်ဖြူး​ရောင်း​ချခွင့်​) လုပ်လို့မရဘူး​။”

ဒီဖြုတ်ပယ်ခံလိုက်ရတဲ့ ​ “သမိုင်း​တပတ်ပြန်လည်​ခြင်း​” (History Repeating) အမည်ရတဲ့​ ​ဆောင်း​ပါး​ထဲမှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့ မကြာခင်မှာ စတင်​တော့​မယ့်​ ရန်ကုန်ပြင်ပ ခရီး​စဉ်​တွေနဲ့ ပတ်သက်ပြီး​ ၂၀၀၃ ခုနှစ်ကကြုံတွေ့ခဲ့​ရတဲ့​ ဒီပဲယင်း​ခရီး​စဉ်လို အသက်အန္တရာယ်ကို စိုး​ရိမ်ရဖွယ် ရှိမလား​လို့​မေး​ခွန်း​ထုတ် ​ရေး​သား​တာတာလည်း​ ဖြစ်ပါတယ်။

ဒါ့​အပြင် ဒီပဲယင်း​ အကြမ်း​ဖက်မှု သတင်း​ဓာတ်ပုံ​တွေနဲ့ စာမျက်နှာ ​လေး​မျက်နှာအပြင် ​ဒေါ်​အောင်ဆန်း​စုကြည်ပုံနဲ့တကွ မျက်နှာဖုံး​ ဆောင်း​ပါး​အဖြစ် ​ဖော်ပြပါရှိလာတဲ့​ ဒီ SPECTRUM အပတ်စဉ်ထုတ် စာ​စောင်​တွေကို ပြင်ပဖြန့်ချိခွင့်​ကိုသာ စာပေစိစစ်​ရေး​က ပိတ်ပင်ခဲ့​တာဖြစ်​ပေမယ့်​ အစိုး​ရအဆင့်​မြင့်​လူကြီး​တွေအပါအ၀င် အစိုး​ရရုံး​တွေ၊​ သံရုံး​တွေနဲ့ ကုလသမဂ္ဂအဖွဲ့ အစည်း​ရုံး​တွေကိုတော့ ဖြန့်ချိခွင့်​ရရှိတယ်လို့လည်း​ ကိုမျိုး​အောင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ထိုင်း​နိုင်ငံထုတ် နေ့စဉ် အင်္ဂလိပ်သတင်း​စာ​တွေဖြစ်တဲ့​ ဘန်​ကောက်ပို့စ်နဲ့ ​နေး​ရှင်း​သတင်း​စာ​တွေကို ဒီလဆန်း​ပိုင်း​က​နေ စတင်ပြီး​ တရား​ဝင် ဖြန့်ချိခွင့်​ ​ပေး​ခဲ့​တာဖြစ်ပြီး​ မြန်မာ့​နိုင်ငံ​ရေး​နဲ့ ပတ်သက်ပြီး​ ​ရေး​သား​ဖော်ပြလာတွေကို​တော့​ စာ​ပေစိစစ်​ရေး​က အလား​တူ ဖြုတ်ပယ်ကန့်သက်တာ​တွေ အရင်ကလည်း​ ပြုလုပ်ခဲ့​ဘူး​ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: