စာနယ်ဇင်း, ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, အစိုးရအဖွဲ့, နိုင်ငံရေး

ပဋိပက္ခတိုက်ပွဲသတင်းများ စာပေစိစစ်ရေး ထိန်းချုပ်ထား


အံ့ဘုန်းမြတ် (၁၇ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

တိုင်း​ရင်း​သား​ဒေသ​တွေမှာ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခတိုက်ပွဲ​တွေနဲ့ပတ်သက်ပြီး​ ပြည်တွင်း​သတင်း​ဂျာနယ်​တွေမှာ ​ဖော်ပြခွင့်ကို စာ​ပေစိစစ်​ရေး​က ထိန်း​ချုပ်ကန့်သတ်ထား​တယ်လို့ ရန်ကုန် စာနယ်ဇင်း​လောကသား​တွေက ဆိုပါတယ်။

ရွေး​ကောက်ပွဲ ​နေကစတင်ပြီး​ ကရင်ပြည်နယ်၊​ ရှမ်း​ပြည်နယ်နဲ့ ကချင်ပြည်နယ်​တွေက လက်နက်ကိုင် အင်အား​စု​တွေနဲ့ မြန်မာ့​တပ်မ​တော်အကြား​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေနဲ့ ပတ်သက်ပြီး​ ​ဖော်ပြခွင့်​တွေကို စာ​ပေစိစစ်​ရေး​က ထိန်း​ချုပ်ကန့်​သတ်ထား​တာဖြစ်ပြီး​ အစိုး​ရအာ​ဘော်ထုတ် သတင်း​စာ​တွေမှာ​တောင် ဖြစ်စဉ်တွေကို ​ဖော်ပြခြင်း​ မရှိတာလည်း​ ဖြစ်ပါတယ်။

အခု​နောက်ဆုံးဖြစ်ပွား​နေတဲ့​ ကချင်ပြည်နယ်အတွင်း​က ​ကေအိုင်​အေ (​ခေါ်) ကချင်လွတ်လပ်​ရေး​တပ်မ​တော်နဲ့ မြန်မာ့​တပ်မတော်တို့အကြား​ ပဋိပက္ခ​တွေ​ကြောင့်​ ဖြစ်ပွား​လာရတဲ့​ တိုက်ပွဲ​တွေနဲ့ ဒုက္ခသည်​တွေအ​ရေး​နဲ့ ပတ်သက်ပြီး​ စာ​ပေစိစစ်ရေး​ကို တင်ပြထား​​ပေမယ့်​လည်း​ ခွင့်​ပြုနိုင်ဖို့ အ​ခြေအ​နေမရှိဘူး​လို့ သတင်း​ဂျာနယ် အယ်ဒီတာတဦး​က ဆိုပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဂျာနယ်အများ​စုက​တော့​ ​ရေး​သား​ဖော်ပြခွင့်​ ရမှာမဟုတ်တဲ့​အတွက် မတင်ပြကြတာ များတယ်လို့လည်း​ သူက ဆိုပါတယ်။

“တင်ကြည့်​တယ် အဲဒီဥစ္စာ ရ​တော့​မှသာ တခြား​ကိုယ့်​ဒေသတွင်း​ကဟာ ဘာညာ လုပ်လို့ရမယ်။ ​ဒေသတွင်း​က​တော့​ မလွယ်လှဘူး​ ဘာမှကို အ​ရေး​မခံတာ​လေ။ အား​လုံး​က​တော့​ လက်​ရှောင်ထား​ကြတယ်။ ဒါက ​ရေး​လို့ရတဲ့​ဟာ မဟုတ်​လောက်ဘူး​ ဆိုပြီး​တော့​မှ အား​လုံး​က​တော့​ အဲဒီလို လုပ်ကြတယ်။ တချို့လောက်ပဲ သိရ​အောင် လုပ်​နေတာလို့ ထင်တယ်​လေ။”

ဒါ့​အပြင် ပဋိပက္ခ​တွေဖြစ်ပွား​နေတဲ့ ​ဒေသရဲ့ ​ရွေး​ကောက်တင်​မြှောက်ခံ လွှတ်​တော်ကိုယ်စား​လှယ်​တွေက​နေ ​ဒေသတွင်း​ ငြိမ်း​ချမ်း​ရေး​အတွက် အစိုး​ရက လုပ်​ဆောင်ဖို့ အ​ရေး​ကြီး​ကြောင်း​တင်ပြ ​ပြောဆိုချက်​တွေကို ​ဖော်ပြနိုင်ဖို့ သတင်းဂျာနယ်အချို့ ကြိုး​စား​ခဲ့​ကြ​ပေမယ့်​လည်း​ စာ​ပေစိစစ်​ရေး​က ဖြုတ်ပယ်ခဲ့​တယ်လို့ အခြား​အယ်ဒီတာအချို့က ဆိုပါတယ်။ ဒီကိစ္စကိုလည်း​ အယ်ဒီတာကပဲ အခုလို​ပြောပါတယ်။

“​ရေး​လို့ မရတာက အရင်ကတည်း​က ​ရေး​လို့ မရတာ​လေ။ အခု ​ရေး​ခွင့်​ နည်း​နည်း​ပါး​ပါး​ ရလာ​တော့​ ​ရေး​လို့ ရတဲ့​အထဲမှာ အဲဒါ ပါသလား​ မပါသလား​တော့​ စူစမ်း​ကြည့်​တာ​ပေါ့​နော်။ ကျ​နော်တို့ စူး​စမ်း​ကြည့်​တာပဲ တကယ်က ​ရေး​လို့ ရတဲ့​အထဲမှာ မပါဘူး​ သူက။ ဘာဖြစ်လို့လဲဆို​တော့​ လွှတ်​တော်အမတ်​တွေကိုလည်း​ ကျ​နော်တို့ ​မေး​တဲ့​ ​မေး​ခွန်း​ထဲမှာ ပါတယ်။ ခင်ဗျား​တို့ ဒီကိစ္စလွှတ်​တော်မှာ ​ဆွေး​နွေး​လို့ ရသလား​ ဆို​တော့​ သူတို့က​ပြောတယ် ​ဆွေး​နွေး​လို့ မရဘူး​တဲ့​ ဒါ​တွေက။ လွှတ်​တော်အမတ်​တွေ ​ဆွေး​နွေး​ရမယ့်​ ​ဘောင်ထဲမှာကို မပါတာ။ ဖွဲ့စည်း​ပုံအ​ခြေခံဥပ​ဒေထဲမှာကို မပါတာ အဲဒါ​တွေက။”

ဒီတိုက်ပွဲသတင်းတွေကို ပြည်တွင်း ​သတင်း​မီဒီယာ​တွေမှာ ​ဖော်ပြခွင့်​ မရရှိတာ​ကြောင့်​ ပြည်ပအသံလွှင့်​ဌာန​တွေနဲ့ မီဒီယာ​တွေကိုပဲ ပြည်သူ​တွေ အဓိထား​ပြီး​ ​စောင့်​ကြည့်​နေရတယ်လို့​လည်း​ အခြား​ ဝါရင့်​အယ်ဒီတာအချို့​ကဆိုပါတယ်။

လက်ရှိအ​ခြေအ​နေမှာ​တော့​ ကချင်ပြည်နယ်တွင်း​ မြန်မာ့​တပ်မ​တော်နဲ့ ကချင်လွတ်လပ်​ရေး​တပ်မ​တော်တို့အကြား​ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး​ တရုတ်နဲ့ အ​မေရိကန်နိုင်ငံတို့က စစ်ဆင်​ရေး​တွေ ရပ်ဆိုင်း​ဖို့နဲ့ အမျိုး​သား​ ရင်ကြား​စေ့​ရေး​အတွက် ​တွေ့ဆုံ​ဆွေး​နွေး​ အ​ဖြေရှာသင့်​တယ်လို့ ​ပြောကြား​ ထား​ပါတယ်။

ဒါ့​အပြင် ပြီး​ခဲ့​သည့်​ ရက်ပိုင်း​တွေက ကချင်ပြည်နယ်၊​ မိုး​မောက်​ဒေသမှာ ဖြစ်ပွား​ခဲ့​တိုက်ပွဲ​တွေ​ကြောင့်​ ဒုက္ခသည် ၁ ​သောင်း​ကျော်​လောက် တရုတ်နိုင်ငံမှာ ခိုလှုံ​နေကြရပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: