စာနယ်ဇင်း, သတင်း, အစိုးရအဖွဲ့, နိုင်ငံရေး

ရန်ကုန်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲ ဖိတ်ခေါ်ပြီးမှဖျက်


အံ့ဘုန်းမြတ် ၁၄ ဇွန် ၂ဝ၁၁ (ဒီဗွီဘီ)

ဒီကနေ့ ပြုလုပ်ဖို့ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ဖိတ်ခေါ်ပြီးကာမှ ပြန်ဖျက်သိမ်းလိုက်တယ်လို့ ရန်ကုန်အခြေစိုက် သတင်းသမားအချို့က ပြောပါတယ်။ ဒီကနေ့ ညနေပိုင်း တိုင်းဒေသကြီးအစိုးရရုံးစိုက်ရာ ပြည်လမ်းမမှာရှိတဲ့ လွှတ်တော်ရုံးမှာ ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲကို တာဝန်ယူဆင့်ခေါ်ခဲ့တဲ့ စာပေစိစစ်ရေးက မကျင်းပနိုင်တော့ကြောင်း ညနေပိုင်းမှာ ဂျာနယ်တိုက်တွေကို ပြန်လည် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

သတင်းသမားအများစုကတော့ တင်ပြထားတဲ့ မေးခွန်းတွေထဲမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ဖြေကြားဖို့ အခက်အခဲရှိစေမယ့် မေးခွန်းတွေ ပါနေတာကြောင့် ရွှေ့ဆိုင်းလိုက်တာဖြစ်နိုင်တယ်လို့ ရန်ကုန်က သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောပါတယ်။

“ကြည့်ရတာတော့ ဒီအပတ်ကို Publish လုပ်ပြီးမှ သူတို့စီကို ဒီအပတ်မှာ ထမေးမှာ၊ မေးမှာဆိုတော့ စကားတွေက ပြင်းတာတွေပါတယ်။ သူတို့ဘက်ကပြောမယ်ဆိုရင် ကိုယ့်စီမှာ တင်ပြစရာတွေ ပြောစရာတွေက အများကြီးပဲလေ။ အဲဒါမျိုးတွေကျရင် သူတို့မှာ ဖြေစရာမရှိဘူး။ အဲဒါမျိုးတွေ တော်တော်များများပါသွားလို့ပဲ ရွှေ့လိုက်လားပေါ့။ ဒီနေ့တော့ ပျက်သွားတယ်။ နေပြည်တော်မှာလည်း တော်တော်များများ ရောက်နေကြတာကို။ ဒီနေ့ နေပြည်တော်မှာ  e-government workshop ရှိတော့ အဲဒီကို တော်တော်များများသွားကြတယ်ထင်တယ်။ ပြန်လုပ်မယ်လို့လည်း ပြောနေတာပဲ။ ဟိုမှာက ဒီနေ့ရယ် မနက်ဖြန်ရယ်ဆိုတော့ လူတော်တော်များများပါသွားလို့ ဒီနေ့ဟာကို ရွှေ့လိုက်လား မသိဘူး။”

ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက် သတင်းယူမယ့် ဂျာနယ်တွေက သတင်းထောက်တွေ၊ အယ်ဒီတာတွေဟာ ဒီလ ၁၃ ရက်နေ့က နောက်ဆုံးထားပြီး စာပေစိစစ်ရေးကို ဓာတ်ပုံနှစ်ပုံ၊ မှတ်ပုံတင်အမှတ်၊ ကင်မရာအမျိုးအစား၊ ဟန်းဖုန်းအမျိုးအစား၊ အသံဖမ်းစက် အမျိုးအစားတွေကအစ အစိုးရအဖွဲ့ကို မေးမြန်းမယ့် မေးခွန်းတွေကိုပါ ဂျာနယ်အယ်ဒီတာချုပ်တွေရဲ့ ခွင့်ပြုချက်လက်မှတ်နဲ့ ပေးပို့တင်ပြထားခဲ့ကြရတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သတင်းစာရှင်းလင်းပွဲတွေကို ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေက တကြိမ်၊ မေလ ၁၇ ရက်နေ့မှာ တကြိမ် ကျင်းပခဲ့ပြီး ဒီသတင်းစာရှင်းလင်းပွဲရဲ့ ရုပ်သံမှတ်တမ်းကို ဒီဗွီဘီက ထုတ်လွှင့်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းစာရှင်းလင်းပွဲတွေကို ရပ်နားခဲ့အပြီး အခုလို ကန့်သက်ချက်တွေနဲ့ ပြန်လည်ပြုလုပ် လာတာလည်း ဖြစ်ပါတယ်။ ဒီလိုသတင်းစာရှင်းလင်းပွဲကို ကန့်သက်ချက်တွေပြုလုပ်လာတာကြောင့် သတင်းသမားတွေအနေနဲ့ အခက်တွေ့စေတဲ့အပြင် အစိုးရအဖွဲ့က လုပ်ဆောင်နေတဲ့ အချက်တွေကိုသာ အဓိကထား ပြောကြားလေ့ရှိ တာကြောင့် မီဒီယာတွေကို ခေါ်ယူအသုံးချသလို ဖြစ်နေတယ်လို့လည်း ဝေဖန်ပြောဆိုနေကြပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: