သတင်း, သမ္မတ, အစိုးရအဖွဲ့, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်, နိုင်ငံရေးပါတီများ

အစိုးရသစ်၏အပြောင်းအလဲများကို စောင့်ကြည့်နေဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


အံ့ဘုန်းမြတ် ၇ မေ ၂၀၁၁ (ဒီဗွီဘီ)

အစိုးရသစ်အပြောင်းအလဲများကို သတိထားစောင့်ကြည့်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့မနက် ၁၀ နာရီခွဲလောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ဂျာမန် လူ့အခွင့်အရေးမူဝါဒနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကော်မရှင်နာ H.E. Mr. Markus Loning နဲ့ အဖွဲ့ကို နေအိမ်မှာ လက်ခံတွေဆုံစဉ် အစိုးရသစ် အပြောင်းအလဲနဲ့ ပတ်သက်ပြီး သုံးသပ်ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“လက်ရှိအစိုးရက အပြောင်းအလဲဆိုတာက စစ်အစိုးရကနေ အရပ်သားအစိုးရတော့ ဖြစ်တယ်ပေါ့။ ဒါတော့ အပြောင်းအလဲ တခုပေါ့။ သို့သော် တကယ်တန်း မူဝါဒဆိုင်ရာ ပြောင်းလဲမှုတွေကိုတော့ လေ့လာဖို့လိုတယ်။ သိဖို့လိုတယ်။ ဒီအခြေအနေတွေကို ကျနော်တို့ဘက်ကလည်း ဆွေးနွေးပါတယ်။ သူကလည်း ဆွေးနွေးပါတယ်။ အန်တီပြောတဲ့ထဲမှာတော့ အပြောင်းအလဲဆိုတာ တကယ်ရှိ မရှိက အကုန်လေ့လာဖို့လိုတယ်။ အချက်အလက်တွေ အကုန်လေ့လာဖို့လိုတယ်။ ကျနော်တို့ အတွေ့အကြုံအရ အန်အယ်လ်ဒီရဲ့ အတွေ့အကြုံအရလည်း လွတ်လပ်တဲ့တရားစီရင်မှုနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးစီ စာရေးခဲ့ဘူးတယ်။ အကြောင်းပြန်မှု မရခဲ့ပါဘူး။ ဒီဟာတွေအားလုံးကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ကျနော်တို့ အဲဒီလိုဆွေးနွေးလိုက်တယ်။ သတိထားစောင့်ကြည့်ရမှာပေါ့။”

ဂျာမန် လူ့အခွင့်အရေးမူဝါဒနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကော်မရှင်နာကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးရပ်တည်ချက်အပေါ် ထောက်ခံကြောင်းနဲ့ တရားဝင်ပါတီအဖြစ် ရပ်တည်မှု ကိစ္စတွေမှာတော့ စဉ်းစားရမယ့် အချက်ဖြစ်တဲ့အကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ အရေးပေါ် သဘာဝ ဘေးဒုက္ခအန္တရာယ်တွေ ကျရောက်လာခဲ့မယ်ဆိုရင်လည်း အကူအညီပေးဖို့ အသင့်ရှိနေတယ်လို့ ပြောကြားသွားတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ တိုင်းပြည်မှာ အရေးပေါ်ကိစ္စတွေ ပေါ်တဲ့အခါမျိုး သဘာဝဘေးအန္တရာယ် ပေါ်တဲ့အခါမျိုး၊ နောက်တခြား အရေးကြီးတဲ့ အပြောင်းအလဲတွေ အကူအညီတွေဖြစ်ခဲ့ရင် သံရုံးကတဆင့် ဆက်သွယ်ဖို့ လမ်းဖွင့်သွားပါတယ်။”

ဂျာမန်လူ့အခွင့်အရေးမူဝါဒနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကော်မရှင်နာနဲ့ အဖွဲ့ဟာ သူ့ခရီးစဉ်အတွင်း ပြည်ထောင်စု လွှတ်တော်ရဲ့ အလှည့်ကျနာယက ဦးခင်အောင်မြင့်အပါအ၀င် ပါတီပေါင်းစုံက လွှတ်တော် ကော်မတီဝင်တွေနဲ့ ဒီလ ၆ နေ့တုန်းကလည်း တွေ့ဆုံခဲ့ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: