စာနယ်ဇင်း, စာပေ, ယဉ်ကျေးမှု, သတင်း, အစိုးရအဖွဲ့, အနုပညာ, ၀န်ကြီးဌာနများ, နိုင်ငံရေး

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ပြင်ဆင်ဖွဲ့စည်း


အံ့ဘုန်းမြတ် ၂၉ မေ ၂၀၁၁ (ဒီဗွီဘီ)

ဒီလဆန်းပိုင်းက အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ချီမြှင့်ရေးနဲအဖွဲ့မှာ ဒေါက်တာတိုးလှ၊ ဒေါက်တာခင်မောင်ညွန့်၊ ဆရာမကြီး ပါမောက္ခဒေါ်ပို၊ ဒေါက်တာမျိုးသန့်တင်၊ စာရေးဆရာမ မစန္ဒာတို့နဲ့အတူ သတင်း စာဆရာ ဆရာမောင်ဝံသစတဲ့ ပညာရပ်နဲ့ စာပေလောကက ထင်ရှားသူ ၃၀ ကျော် ပါဝင်ခွင့်ရလာတယ်လို့ ဒီထဲမှာ ပါဝင်လာတဲ့ ၀ါရင့်သတင်းစာဆရာတဦးဖြစ်တဲ့ ဆရာမောင်ဝံသ က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားစုပေစုတွေကို ၁၉၆၂ က စတင် ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်မှာ တပါတီအာရှင်စနစ်ကို အထောက်အကူဖြစ်မယ့် စာပေတွေကို ဆုရွေးချယ်ရေးအဖွဲ့တွေက ရွေးချယ်ချီးမြှင့်ခဲ့ သလို နောက်ပိုင်း န၀တနဲ့ နအဖစစ်အစိုးရလက်ထပ်တွေမှာလဲ အဲ့ဒီဆုရွေးချယ်ရေးမူဝါဒတွေကိုပဲ ဆက်လက်ကျင့်သုံး ခဲ့ရာက အမျိုးသားစာပေဆုရဲ့ သြဇာဟာလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့ရပါတယ်။ ဒီအစိုးရတွေရဲ့လက်ထက်တွေမှာ ပြန့်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့က ပုဂ္ဂိုလ်တွေ အဓိက ပါဝင်ခဲ့ပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ဆုရွေးချယ်စိစစ်ရေးအဖွဲ့မှာ ထင်ပေါ်ကျော်ကြားတဲ့ တတ်သိပညာရှင်တွေ ပါဝင်ခွင့်ရလာတဲ့အပေါ်ကိုလည်း ဆရာမောင်ဝံသက

“ကျနော်တို့ကလည်း တတ်နိုင်သလောက်ပေါ့၊ သူတို့ကလည်း ပြောပါတယ် စိစစ်တဲ့အခါမှာ ပိုပြီးပြည့်စုံအောင်ပေါ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဆိုပြီးတော့ ထည့်တာပေါ့နော်။ အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့မှာ တာဝန်ကျတဲ့အခါမှာ သေချာ မှန်မှန်ကန်ကန်ပေါ့ တကယ်ကို ထိုက်တန်တဲ့ စာမူတွေပေါ်လာအောင် ကျနော်တို့ ရွေးမှာပဲလေ။ အဲလိုတော့ စိတ်ကူးပါတယ်။”

နှစ်တိုင်းလိုလိုမှာ အမျိုးသားစာပေဆုတွေကို ဒီဇင်ဘာလအတွင်း ရွေးချယ် ချီးမြှင့်လေ့ ရှိပါတယ်။ အရင်က ဆုရွေးချယ်ရေးမူဝါဒနဲ့ ပတ်သက်ပြီး ပြန့်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ၀င်ရောက်စွက်ဖက်မှုတွေ ရှိခဲ့ပေမယ့် စနစ်သစ်နဲ့ ပြောင်းလဲအုပ်ချုပ်လာတဲ့ အစိုးရသစ်ရဲ့ ၀န်ကြီးပြန်ဖြစ်လာတဲ့ ဦးကျော်ဆန်းအနေနဲ့ ဒီဆုရွေးချယ်ရေးအဖွဲ့ရဲ့ ရွေးချယ်ရေးမူဝါဒတွေအပေါ် ဘယ်လို သဘောထားမယ်ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ အစိုးရသစ်ရဲ့ ၀န်ကြီးဌာနတွေထဲမှာ ပြုပြင်ပြောင်းလဲမှု အားအနည်းဆုံး ၀န်ကြီးဌာနတွေရဲ့ ၀န်ကြီးအဖြစ် စာပေအနုပညာနဲ့ ယဉ်ကျေးမှုအသိုင်းအ၀ိုင်းက အထင်ကရပုဂ္ဂိုလ်တွေက ဝေဖန်နေပါတယ်။

About ahuntphonemyat

Journalist.

Discussion

One thought on “အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ပြင်ဆင်ဖွဲ့စည်း

  1. လကာင်္ရည်ကျော် ထပ်မရရင် ပြီးတာပဲဗျာ။ မီးကုန်ယမ်းကုန် နိုင်ငံကိုအကျိုးပြုတဲ့ အကြောင်း၊ ရုပ်ချောတဲ့ အကြောင်း၊ စိတ်ထားမြင့်မြတ်တဲ့ အကြောင်း၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ အကြောင်း။ လက်တွေ့ မှာ ဆရာဝန်တွေဟာ တိုင်းပြည်အတွက် အလုပ်လုပ်ချင်စိတ်နည်းနေတယ်။ တိုင်းပြည်အတွက် အလုပ်လုပ်ချင်စိတ်များလာအောင် ၊ တိုင်းပြည်ကိုပိုချစ်လာအောင် တိုင်းပြည်ဘက်ကဘယ်လိုမက်လုံးပေးသင့်သလဲ ဆိုတာမျိုးတွေရေးရမယ့်အချိန်၊ သူ အဆင်ပြေတိုင်း လွှတ်အမွှန်းတင်ပြီးရေးနေတာ တော်တော်အမြင်ကပ်နေမိပါကြောင်း။

    Posted by အညာဆေးကျောင်းသား | May 30, 2011, 3:24 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: