ကလေးထောင်မှာ အရှင်ဂမ္ဘီရနဲ့ နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြ


အံ့ဘုန်းမြတ် ၂၈ မေ ၂၀၁၁ (ဒီဗွီဘီ)

ဒီလ ၁၁ နေ့ရက်စွဲနဲ့ သမ္မတအပါဝင် အစိုးရအဖွဲ့ဝင်တွေကို အကျဉ်းသားတွေရဲ့ အခွင့်အရေးတွေကိုပေးဖို့ အချက် ၆ ချက်ပါ တောင်းဆိုချက်တွေကို ပေးပို့တောင်းဆိုပြီးနောက် မလိုက်လျောတာကြောင့် မနေ့က စတင်ပြီး ကလေးထောင်မှာ ထောင်ဒဏ်ကျခံနေ အရှင်ဂမ္ဘီရဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြနေကြပါတယ်။

ထောင်ဝင်စာတွေ့ဖို့ သွားရောက်ခဲ့ပေမယ့် ဆန္ဒပြနေတာကြောင့် တွေ့ခွင့်မရခဲ့ဘူးလို့ အစ်မ မခင်သူဌေးက အခုလို ပြောပြပါတယ်။

“ခဏခဏ ရောက်တယ်။ ရောက်တိုင်း ၀င်မေးတယ်။ ဦးဇင်းတို့ တောင်းထားတဲ့ အချက်တွေ အဆင်ပြေသွားပြီလားဆိုတော့ အခုတော့ မပြေသေးဘူးတဲ့။ တလကို သုံးလေးငါးခါ ရောက်တယ်။ နောက်ဆုံး ထောင်ဝင်စာတွေ့တဲ့ ၂၇ ရက်နေ့ကတော့ ဂိတ်စောင့်တွေနဲ့ စကားပြောနေတဲ့ အချိန်မှာပဲ နယ်မြေခံရဲနဲ့ အက်စ်ဘီတယောက်နဲ့လာတာ၊ ဦးဇင်းတို့ ဆန္ဒပြနေတယ်ဆိုလို့ လာပြီးတော့ သတင်းယူကြတာလို့ ပြောတယ်။ ဦးဇင်းတို့ လုပ်မယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး အတူတူ လုပ်မယ်လို့ ပြောထားတယ်။ တပါးတည်း တော့ မဟုတ်ဘူး။ အဲဒါတော့ သိခဲ့ရတယ်။”

အရှင်ဂမ္ဘီရအပါအ၀င် ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီပု၊ ကိုဌေးအောင် (ခေါ်) ကိုအောင်မြတ်၊ ကိုမြင့်ထွန်းတို့ လေးဦးက အခုလ ၁၁ ရက်နေ့မှာ တောင်းဆိုတဲ့အချက်တွေမှာဆိုရင်တေ့ အစိုးရသစ်ဟာ ဒီမိုကရေစီ အစိုးရလို့ ကြေညာထားတဲ့အတွက် အကျဉ်းထောင်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု၊ အစားအသောက် အသုံးအဆောင်၊ မိသားစုနဲ့ တယ်လီဖုန်း လွတ်လပ်စွာပြောခွင့်၊ စာအုပ် စာတမ်း ဖတ်ရှုခွင့်၊ ရေဒီယိုရုပ်မြင်သံကြား၊ ပြည်တွင်းပြည်ပထုတ်လွှင့်တဲ့ ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများ လွတ်လပ်စွာကြည့်ရှုနားထောင်ခွင့်နဲ့ အကျဉ်းထောင် လက်စွဲပါ အကျဉ်းသားအခွင့်အရေးတွေအားလုံး အပြည့်အ၀ရရှိရေးတွေ ဆောင်ရွက်ပေးဖို့ဆိုတဲ့ အချက်တွေကို တောင်းဆိုထားကြတာလည်း ဖြစ်ပါတယ်။

ဒီတောင်းဆိုချက်တွေကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတတွေ၊ အကျဉ်း ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ကလေး အကျဉ်းထောင် တာဝန်ခံအရာရှိ၊ အာဆီယံ လူ့အခွင့်အရေးကော်မရှင်၊ အာရှလူ့အခွင့်အရေးကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မရှင်တို့ကို ပေးထားပေမယ့် တစုံတရာ လိုက်လျောခြင်း မရှိတဲ့အပေါ် အစာငတ်ခံ ဆန္ဒပြနေကြတာလဲဖြစ်ပါတယ်။

ဒါ့အပြင် အရှင်ဂမ္ဘီရက အကျဉ်းသားသမဂ္ဂကိုပါ စတင်ဖွဲ့စည်းထားပြီး ရိုးရိုးအကျဉ်းသားများသမဂ္ဂအထိပါ ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့လည်း မှာကြားထားပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသင်းအပင်းဖွဲ့စည်းခွင့်တွေ ပါဝင်နေတဲ့အတွက် ဒီအကျဉ်းသားများသမဂ္ဂတွေအပေါ် သမ္မတဦးစိန်သိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်အနေနဲ့ ဘယ်လို သဘောထားမယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Blog at WordPress.com.

Up ↑

%d bloggers like this: