အံ့ဘုန်းမြတ် ၂၄ မေ ၂၀၁၁ (ဒီဗွီဘီ)
ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကာလအတွင်း တရားမဲ့ပြုကျင့်မှုတွေ နဲ့ ပတ်သက်ပြီး နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ကြားနာစစ်ဆေးနေတဲ့နေရာမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ကိုယ် စားလှယ် ၉ ဦးကို ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေက တိုင်ကြားခဲ့တာ တွေကို ကြားနာစစ်ဆေးနေပါတယ်။
ဒီအမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားခံထားရတဲ့ ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီရဲ့ မြေပုံမြို့နယ် မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပါတယ်။
“ကျနော်တို့ ပါတီဝင် ၉ ဦးကို နေပြည်တော်ကော်မရှင်ရုံးမှာ အခု တရား စစ်ဆေးနေပါတယ်။ အဲဒီပုဂ္ဂိုလ်တွေနဲ့ အဲဒီပုဂ္ဂိုလ်တွေက ပြတဲ့အချက်တွေ တဖက် က စွဲချက်တင်ထားတဲ့ လူတွေရဲ့ ကန့်ကွက်လွှာတွေ၊ အချက်အလက်တွေ ကျနော် တို့ တချို့တဝက်သိနေပါပြီ။ တချို့လည်းမသိသေးဘူး။ ကျောက်ဖြူက ဦးတင်နဲ့ ဦး ကျော်လွင်အမှုဆိုရင် လာမယ့်လ ၁၆ ရက်နေ့မှာ ရုံးချိန်း သတ်မှတ်ထားပါတယ်။ အဲနေ့မှာ ထုတ်ပြန်မှာပါ။ တခြားအမှုတွေကျတော့ တပိုင်းတစပဲ ရှိနေသေးတယ်။”
ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလောင်းတွေက ဒီမဲဆန္ဒနယ်မြေတွေက မဲရုံမှူးတွေကို ဒီပါတီရဲ့ မဲအနိုင်ရလိုမှုမှာ ပူးပေါင်းပါဝင်မှု၊ ဒီပါတီရဲ့ ပါတီဝင်တွေက ရွေးကောက်ပွဲကာလမှာ တရားမဲပြုကျင့်မှု ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်အစိုးရ အ ပေါ် ပုတ်ခက်ပြီးမဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တိုင်ကြား ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီစွဲချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးဖေသန်းက …
“ရွာတွေမှာ ကျနော်တို့ပါတီက စည်းရုံးတဲ့အခါမှာ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မ တော်အစိုးရကို ပုတ်ခတ် စော်ကားတယ်။ ဘုန်းကြီးခေါင်းကို ရိုက်ခွဲတဲ့ပါတီ၊ ကျောင်း သားတွေကို ရက်ရက်စက်စက် သတ်တဲ့ပါတီ၊ အဲလိုမျိုး စွပ်စွဲပြီး တိုင်တာလည်း ရှိပါ တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့လည်း ကျနော်တို့က ဖြေရှင်းပါတယ်။ ဘယ်လို လည်းဆိုတော့ ကျနော်တို့မဲဆွယ်တဲ့အခါမှာ ကော်မရှင်က ခွင့်ပြုချက်နဲ့ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘယ်စကားမျိုး ပြောရမယ်ဆိုတာ ကျနော်တို့ စည်း ကမ်းချက်တွေ သတ်မှတ်ထားပါတယ်။ စရဖတို့ သတင်းတပ်ဖွဲ့တို့၊ ရဲတပ်ဖွဲ့တို့ အမြဲ တမ်း အနီးကပ်စောင့်ကြည့်ပြီးတော့ နေတာပါ။ အမြဲတမ်း ရီပို့ ပို့လေ့ပို့ထ ရှိပါတယ်။ အဲလို အခြေအနေကြားမှာ ကျနော်တို့ပါတီက သူတို့ကိုပုတ်ခတ်တဲ့၊ တပ်မ တော်ကို ပုတ်ခတ်တဲ့ စကားမျိုး ပြောဖို့ဆိုတာ မလွယ်ပါဘူး။ တကယ်လို့ ပြောခဲ့ရင်လည်း အဲဒီ အချိန်ထဲက ကျနော်တို့က တရားစွဲခံရတာ၊ တိုင်ကြားခံရတာ ရှိလာ မှာပါ။ ကျနော် တို့ ဘာမှာလည်း ကျူးလွန်တာ မရှိဘူး။ ကျနော်တို့ ကိုယ်စားလှယ် ၉ ယောက် စလုံးကို အဲလိုပဲ စွဲထားတယ်။”
ရခိုင်တိုင်းသားများတိုးတက်ရေးပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လွှတ် တော်ကိုယ်စားလှယ် ၃၅ ဦး အနိုင်ရရှိခဲ့ပြီး အဲ့ဒီ ၉ ဦးကို ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေက တိုင်ကြားထားကြတာလည်း ဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော် မရှင်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့ အမှု ၂၉ မှုရှိနေပြီး အဲ့ဒီထဲ မှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေက အနိုင်ရ ကိုယ်စားလှယ်တွေကို တိုင်ကြားထားတဲ့အမှု အများဆုံးပါဝင်နေပါတယ်။
လက်ရှိအခြေအနေမှာတော့ ဒီအမှုတွေထဲက ၄ ခုကို ကော်မရှင် ဆုံးဖြတ် ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒေသဆိုင်ရာ ရဲစခန်းတွေမှာလည်း ရွေးကောက်ပွဲ ဆိုင်ရာ အဓမ္မပြုကျင်မှုတွေကို ရာနဲ့ချီပြီး ပါတီအသီးသီးက တိုင်ကြားထားကြပေမယ့်လည်း ဒီအမှုတွေကို တစုံတရာ ဆောင်ရွက်ပေးတာမျိုးတော့ မရှိသေးပါဘူး။
Leave a Reply