ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်း


အံ့ဘုန်းမြတ် ၂၃ မေ ၂၀၁၁ (ဒီဗွီဘီ)

နအဖစစ်ကောင်စီဝင် ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်ပြီး လူမှုရေးအသင်း အဖွဲ့ကနေ နိုင်ငံရေးပါတီအဖြစ် အသွင်းပြောင်း ကာ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ ဖြစ်ကုန်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နေရာတွေအတွက် အစားထိုး ပြင်ဆင်ဖွဲ့စည်းမှုတွေ ပြုလုပ်ထားပါတယ်။ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရရှိထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အရင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ၂၇ ဦးနဲ့ ဖွဲ့စည်းထားရာက ၁၀ ဦးကိုလျှာ့ပြီး (၁၇) ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းထားတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင် တဦးက ပြောပြပါတယ်။

အသစ်ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာတော့ သူရဦးရွှေမန်း (ဒုတိယ ဥက္ကဌ)၊ ဦးဌေးဦး (အထွေထွေအတွင်းရေးမှူး)၊ ဦးသောင်း (အတွင်းရေးမှူး)၊ ဦးတင်ထွတ် (အတွင်းရေးမှူး)၊ ဦးအောင်သောင်း (အတွင်းရေးမှူး)၊ ဦးသိန်းဇော် (အတွင်းရေးမှူး)စတဲ့ ပုဂ္ဂိုလ်တွေ အဓိက ပါဝင်ပါတယ်။ ၀န်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးသာ၊ ဒေါက်တာချမ်းငြိမ်း၊ ဦးမောင်ဦးစတဲ့ပုဂ္ဂိုလ်တွေကတော့ ဗဟိုအလုပ်အမှု ဆောင်ဝင်တွေအဖြစ် ပါဝင်ထားပါတယ်။

သမ္မတအပါအ၀င်၊ ဒုတိယသမ္မတတွေ၊ လွှတ်တော်ဥက္ကဌတွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့တွေဖြစ်သွားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပုဂ္ဂိုလ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေအရ ရွေးချယ်တင်မြောက်၊ ခန့်အပ်တာဝန် ပေးခံရတဲ့နေ့ကစပြီး မိမိတို့ရဲ့ရာထူး သက်တမ်းကာလအတွင်း ပါတီအဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရလို့ ပြဌာန်းထားကြောင့် အခုလို ပြင်ဆင် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလအတွင်း စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ် ၁၁၅၄ နေရာနဲ့ အများဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတခုဖြစ်ပြီး အဲ့ဒီထဲက ၈၈၂ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။ ဒီပါတီဟာ အရင် လူမှုအသင်းအဖွဲ့ရန်ပုံငွေနဲ့ နိုင်ငံပိုင်ငွေကြေးတွေ ကွဲပြားမှုမရှိဘဲ ရွေးကောက်ပွဲကာလအတွင်း အသုံးချခဲ့တယ်လို့ ဝေဖန်ခံနေရတဲ့ ပါတီတခုဖြစ်သလို ဒီဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းလင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Create a free website or blog at WordPress.com.

Up ↑

%d bloggers like this: